အမျိုးသားအားကစားပွဲတော် (မြန်မာနိုင်ငံ)

ဝီကီပီးဒီးယား မှ
အမျိုးသားအားကစားပွဲတော်
National Sports Festival

ပထမအကြိမ်၁၉၉၂ အမျိုးသားအားကစားပွဲတော်
Occur everyအတိအကျမရှိ
နောက်ဆုံးတစ်ခေါက်
ကျင်းပခဲ့သည့် ပြိုင်ပွဲ
၂၀၁၅ အမျိုးသားအားကစားပွဲတော်
ဦးဆောင်ကျင်းပသူမြန်မာနိုင်ငံ အိုလံပစ်ကော်မတီ

အမျိုးသားအားကစားပွဲတော်သည် မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများမှ အားကစားအသင်းများ၊ တိုင်းနှင့် ပြည်နယ်များမှ အားကစားအသင်းများ ပါဝင်ယှဉ်ပြိုင်ကြသည့် အမျိုးသားအဆင့် အားကစားပွဲတော်ဖြစ်သည်။၁၉၉၂၊ ၁၉၉၄၊ ၁၉၉၇နှင့် ၂၀၁၅ခုနှစ်များတွင် ကျင်းပနိုင်ခဲ့သည်။ အမျိုးသားအားကစားပွဲတော်နှင့်အတူ အမျိုးသားအဆင့် ကျောင်းသားအားကစားပွဲတော်များကိုလည်း ကျင်းပခဲ့သည်။[၁]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ပထမဆုံးသော အမျိုးသားအားကစားပွဲတော်ကို ၁၉၉၂ခုနှစ်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။ မူလက ၂နှစ်လျှင်တစ်ကြိမ် ကျင်းပရန် ရည်ရွယ်ခဲ့သော်လည်း အခက်အခဲများကြောင့် မကျင်းပနိုင်ခဲ့ပေ။၁၉၉၇ခုနှစ် နဝတအစိုးရလက်ထက်တွင် တတိယအကြိမ်ကျင်းပခဲ့ပြီး ၂၀၁၅ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက်တွင်မှ ပြန်လည်ကျင်းပနိုင်ခဲ့သည်။ သို့သော် ထိုနောက်ပိုင်းတွင် ပြန်လည်ကျင်းပနိုင်ခြင်းမရှိသေးပေ။

၁၉၉၂၊ ၁၉၉၄ နှင့် ၁၉၉၇ ပွဲ​တော်များတွင် ချီးမြှင့်ခဲ့​သော ဆုတံဆိပ်များ

ရည်ရွယ်ချက်များ[ပြင်ဆင်ရန်]

  • မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းစေရမည်ဟူသော ရည်ရွယ်ချက်ကို အမျိုးသားရေးလှုပ်ရှားမှုဖြင့် ဆောင်ရွက်နိုင်ရန်၊
  • အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်းဖြစ်သည်ဟု ခံယူတတ်လာစေရန်၊
  • အားကစားဆောင်ရွက်ရာတွင် မျိုးချစ်စိတ်ဓာတ်၊ ဇာတိသွေးဇာတိမာန် ရှင်သန်လာစေရေးအတွက် ဦးတည်လာစေရန်၊
  • ထက်မြက်ထူးချွန်သော အားကစားသမားမျိုးဆက်သစ်များ ပေါ်ထွက်လာပြီး ကမ္ဘာ့အဆင့်အထိ တက်လှမ်းလာစေရန်၊
  • မြန်မာ့အားကစားအဆင့်အတန်း မြင့်မားစေရေးအတွက် တစ်နိုင်ငံလုံးမှ ပါဝင်လှုပ်ရှားပြီး တက်ကြွစွာ အားပေးချီးမြှောက်မှုများ ပြုလုပ်လာစေရန်၊
  • ခေတ်မီတိုးတက်သော အားကစားနည်းစနစ်သစ်များဖြင့် လေ့ကျင့်ပျိုးထောင်ထားသော အားကစားထူးချွန်သူများ ပေါ်ထွန်းရေးအတွက် တက်ကြွစွာ ပါဝင်ဆောင်ရွက်လာစေရန်၊
  • အနယ်နယ်အရပ်ရပ်တွင် ပျံ့နှံ့နေသည့် ထူးချွန်သောအားကစားသမားအချင်းချင်း ပိုမိုရင်းနှီးမှုရရှိကာ ပြည်ထောင်စုစိတ်ဓာတ် ပြင်းထန်လာစေရန်၊

ပွဲတော်များ[ပြင်ဆင်ရန်]

ကျင်းပရာမြို့များ
အမျိုးသားအားကစားပွဲတော်များ
ပွဲတော် ခုနှစ် ကျင်းပသည့်မြို့ ဖွင့်လှစ်ပေးသူ ရက်စွဲ အားကစားနည်းပေါင်း ယှဉ်ပြိုင်သည့်အသင်းပေါင်း အားကစားသမားပေါင်း ပထမရသည့်အသင်း ဒုတိယရသည့်အသင်း ကိုးကား
I ၁၉၉၂ ရန်ကုန်မြို့ ဒုတိယဗိုလ်ချုပ်ကြီး အောင်ရဲကျော်
ယဉ်ကျေးမှုဝန်ကြီး
၃ - ၁၄ မေ ၂၂
  • ၂၀ (ဝန်ကြီးဌာန)
  • ၃၈ (ပြည်နယ်/တိုင်း+တပ်မတော်(ရေ၊လေ၊တိုင်းစစ်ဌာနချုပ်၊ခြေမြန်တပ်မ၊ရဲ)+တက္ကသိုလ်/ကောလိပ်)
  • ၁၄ (အခြေခံပညာကျောင်းအဆင့်)
၁၀၀၅၄ စက်မှု (၁) [၂]
II ၁၉၉၄ ရန်ကုန်မြို့ ဗိုလ်ချုပ် ခင်ညွန့်
အတွင်းရေးမှူး (၁)
၂၅ ဇန်နဝါရီ - ၆ ဖေဖော်ဝါရီ ၂၄
  • ၂၆ (ဝန်ကြီးဌာန)
  • ၁၄ (ပြည်နယ်/တိုင်း)
၈၇၀၄ [၃]
III ၁၉၉၇ ရန်ကုန်မြို့
IV ၂၀၁၅ နေပြည်တော်မြို့ ဦးဉာဏ်ထွန်း
ဒုတိယသမ္မတ
၁၃ -၂၈ ဖေဖော်ဝါရီ ၂၇ ၁၅ (ပြည်နယ်/တိုင်းဒေသကြီး/ပြည်ထောင်စုနယ်မြေ) ၄၃၆၁ ရန်ကုန်တိုင်းဒေသကြီး မန္တလေးတိုင်းဒေသကြီး [၄]

ကိုးကား[ပြင်ဆင်ရန်]

  1. Sports Fest Attracts nearly 4500 Athletes။ 21 September 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 September 2021 တွင် ပြန်စစ်ပြီး။
  2. စွယ်စုံကျမ်းနှစ်ချုပ်၊ ၁၉၉၃
  3. စွယ်စုံကျမ်းနှစ်ချုပ်၊ ၁၉၉၅
  4. အမျိုးသားအားကစားပွဲတော် ရန်ကုန်တိုင်းဦးဆောင်။ 21 September 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 September 2021 တွင် ပြန်စစ်ပြီး။