ခေါင်လန်ဖူးမြို့

ဝီကီပီးဒီးယား မှ
ခေါင်လန်ဖူးမြို့
မြို့
ခေါင်လန်ဖူးမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ခေါင်လန်ဖူးမြို့
ခေါင်လန်ဖူးမြို့
ခေါင်လန်ဖူးမြို့ တည်နေရာ
ကိုဩဒိနိတ်: 27°4′0″N 98°21′0″E / 27.06667°N 98.35000°E / 27.06667; 98.35000
နိုင်ငံ မြန်မာ
ပြည်နယ်ကချင်ပြည်နယ်
ခရိုင်ပူတာအိုခရိုင်
မြို့နယ်ခေါင်လန်ဖူးမြို့နယ်
လူဦးရေ (၂၀၁၄)
 • စုစုပေါင်း၁၁,၆၅၅[၁]
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ခေါင်လန်ဖူးမြို့ သည် မြန်မာနိုင်ငံအရှေ့မြောက်ပိုင်း၊ ကချင်ပြည်နယ်ပူတာအိုခရိုင်တွင် တည်ရှိသည့် မြို့တစ်မြို့ဖြစ်သည်။ ခေါင်လန်ဖူးမြို့နယ်၏ မြို့နယ်ရုံးစိုက်ရာမြို့ ဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ခေါင်လန် ဆိုသည်မှာ ရဝမ်ဘာသာဖြင့် ချိုင့်ဝှမ်း ဟု အဓိပ္ပာယ်ရသည်။ ထို့ကြောင့် ခေါင်လန်ဖူးကို တောင်ကုန်းများအကြားမှ ချိုင့်ဝှမ်းနေရာဟု ဆိုနိုင်သည်။ [၂]

ယခင်က ခေါ်ဘူဒဲ မြို့နယ်တွင် ပါဝင်ပြီး နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ အုပ်ချုပ်စဉ် ၁၉၉၅ ခုနှစ်၊ ဧပြီလ (၁၁) ရက်နေ့ ပူတာအိုခရိုင် ခရီးစဉ်၌ အစိုးရရုံးများကို ခေါင်လန်ဖူးသို့ ရွေ့ပြောင်းရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက လမ်းညွှန်ခဲ့သည်။ ဒီဇင်ဘာလ (၂၀) ရက်တွင် စတင်ဆောင်ရွက်ရာ ၁၉၉၆ ခုနှစ်၊ မတ်လ (၃၁) ရက်တွင် အပြီးသတ်နိုင်ခဲ့သည်။

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၀။
  2. ခင်သိန်း၊ ဒေါ်၊ ပါမောက္ခ။ ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်အမည်များလေ့လာချက်။ ၁၉၈၁ ဇန်နဝါရီ။