မာတိကာသို့ ခုန်သွားရန်

မချမ်းဘောမြို့

ဝီကီပီးဒီးယား မှ
မချမ်းဘောမြို့
မချမ်းဘောမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မချမ်းဘောမြို့
မချမ်းဘောမြို့
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 27°16′0″N 97°36′0″E / 27.26667°N 97.60000°E / 27.26667; 97.60000ကိုဩဒိနိတ်: 27°16′0″N 97°36′0″E / 27.26667°N 97.60000°E / 27.26667; 97.60000
နိုင်ငံ မြန်မာ
ပြည်နယ်ကချင်ပြည်နယ်
ခရိုင်ပူတာအိုခရိုင်
မြို့နယ်မချမ်းဘောမြို့နယ်
လူဦးရေ (၂၀၁၄)၂,၃၁၅[၁]
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

မချမ်းဘောမြို့သည် မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ပါဝင်ပြီး မချမ်းဘောမြို့နယ်၏ မြို့နယ်ရုံးစိုက်မြို့ ဖြစ်သည်။ မချမ်းဘောမြို့သည် ကချင်ဘာသာ "မကျန်ဘော့" (Ma Chyang Baw) မှ ဆင်းသက်လာခြင်းဖြစ်သည်။ မကျန်ချောင်းနှင့် မလိခမြစ်တို့ ပေါင်းဆုံရာနေရာဖြစ်သည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

မချမ်းဘောကို ၁၉၂၈ ခုနှစ်တွင် ရွာငယ်တစ်ရွာအဖြစ် ကချင်စော်ဘွား ဆွမ်ဒူဂမ် မှ စတင်တည်ထောင်ခဲ့သည်။

ဒူရိန်ဒေသ ရှာဂရိမ်Shagrim ga ရွာ မှ ရှေးဦး ကချင်တို့ သီးသန့်ပြောင်းရွှေ့နေထိုင်ရန် ရွာက်ိုတည်ခဲ့ခြင်းဖြစ်သည်။

ကိုလိုနီခေတ် အချိန် အင်္ဂလိပ်အုပ်ချုပ်ရေးရုံးက(shagrim)ရွာမှနောင်ခိုင်ကိုရွှေ့ပြောင်းဖို့ဖြစ်လာချိန်ဒူဝါကြီးကိုပါလိုက်ပြောင်းနေဖို့ခရိုင်အုပ်နဲ့အင်္ဂလိပ်ရုံးလူကြီးများစည်းရုံးတာနဲ့ မြို့သစ်တည်ဖို့ဖြစ်လာပါတယ်။

အင်္ဂလိပ်ရုံးနောင်ခိုင်ကိုရွှေ့ပြီးနောက်ဒူရိန်ဒေသတစ်ခွင်လုံး၏တောင်ချုပ်ရာထူးပေးအခွန်အခများကောက်ခံသော ဒူဝါဆွမ်ဒူဂမ် မှ မချမ်းဘောမြို့လေးကို တည်ဆောက်ခဲ့သည့် ဟုသိရသည်။

မချမ်းဘော့ကိုပထမစတည်စဉ်အခါကခရိယာန်မိသားစုတွေပဲသီးသန့်နေကြသောရွာမို့ဘုရားသခင်ရွာ(Karai kasang gahtawng)လို့အမည်ပေးခဲ့ကြတယ်။

ထိုနောက် ဒူဝါကြီး ဆွမ်ဒူဂမ် မှ မိကာဒူရိန်နယ်ရှိဒူရိန်ဒူဝါးများကိုစည်းရုံးပြီးအင်္ဂလိပ်စာအစိုးရ ကို မချမ်းဘော၌ စာသင်ကျောင်း ဖွင့်ပေးဖို့ ခရိုင်အုပ်လဖိုင်ယော်အကူအညီနဲ့စာရေးတောင်းဆိုခဲ့ကြသည်။

သည်နောက်ပူတာအိုဒေသရဲ့ပထမဆုံးသောစာသင်ကျောင်းကို(karai kasang gahtawng) မချမ်းဘောမြို့ငယ်လေးမှာ ဖွင့်ခွင့်ရခဲ့သည်။

ဘုရားသခင်ရွာ ဟု အမည်တွင်ရာကနေစာသင်ကျောင်းရှိလာ၍ကျောင်းကုန်းရွာ(Jawng kawng mare)ဟုအမည်ပြောင်းခေါ်ကြပြန်သည်။ထို့နောက်တွင်(မကျန်ဘော့)ဗမာများအသံမပီ၍မချမ်းဘော့ဟုလွတ်လပ်ရေးကာလတွင်မှားရေးကာ ယနေ့မချမ်းဘော့ဖြစ်သွားရပါသည်။

ထိုအချိန်ကာလတွင်ဒူရိန်ပြည်(Duleng mung)ဒူရိန်များသာသီးသန့်နေထိုင်ရာဒေသသည်နောင်မွန်းအလွန်ဆန်းလွတ်ချက်(shan lup hkyet)အထိဖြစ်သည်။

ထိုဒေသအထက်ပိုင်းသည်နှုန်ရဝမ်းပြည်၊လက်ရှိပူတာအိုမြေပြန့်ဒေသသည်ခမ်းတီးရှမ်းပြည်ဟုအသီးသီးစည်းနယ်ခြားသီးသန့်နေကြသောကာလဖြစ်သည်။

၁၉၆၀ ပြည့်နှစ်တွင် အရှေ့ပူတာအိုနယ်ခြားဒေသ အုပ်ချုပ်ရေးခရိုင်အား မချမ်းဘောတွင် ဖွင့်လှစ်အခြေစိုက်ခဲ့ရာ မချန်းဘောမြို့နယ်ဟု ပေါ်ပေါက်ခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် နယ်ခြားအုပ်ချုပ်ရေးကို ဖျက်သိမ်းလိုက်သဖြင့် မြို့ပိုင်ရုံးစိုက်ရာမြို့အဖြစ် သတ်မတ်ခံခဲ့ရသည်။ [၂]

ကိုးကား

[ပြင်ဆင်ရန်]
  1. ↑ သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၀။
  2. ↑ တင်နိုင်တိုး (ဖေဖော်ဝါရီ ၂၀၁၂)။ မြန်မာမြို့အဘိဓာန် (ပထမအကြိမ် ed.)။ ဇေတဝန်စာအုပ်တိုက်၊ ရန်ကုန်။