လွယ်ဂျယ်မြို့

ဝီကီပီးဒီးယား မှ
လွယ်ဂျယ်မြို့
လွယ်ဂျယ်မြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
လွယ်ဂျယ်မြို့
လွယ်ဂျယ်မြို့
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 24°12′0″N 97°43′0″E / 24.20000°N 97.71667°E / 24.20000; 97.71667ကိုဩဒိနိတ်: 24°12′0″N 97°43′0″E / 24.20000°N 97.71667°E / 24.20000; 97.71667
နိုင်ငံ မြန်မာ
ပြည်နယ်ကချင်ပြည်နယ်
ခရိုင်ဗန်းမော်ခရိုင်
မြို့နယ်မိုးမောက်မြို့နယ်
လူဦးရေ (၂၀၁၄)၁၀,၀၃၉[၁]
 • ကိုးကွယ်မှုခရစ်ယာန်ဗုဒ္ဓဘာသာ
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

လွယ်ဂျယ်မြို့ သည် မြန်မာနိုင်ငံကချင်ပြည်နယ်ဗန်းမော်ခရိုင်မိုးမောက်မြို့နယ်ရှိ မြို့တစ်မြို့ ဖြစ်ပြီး တရုတ်နိုင်ငံယူနန်ပြည်နယ်၊ လုံးချွန်းကောင်တီနှင့် နယ်နမိတ် ထိစပ်လျက်ရှိသည်။ စစ်အစိုးရလက်ထက် ၂၀၀၂ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သော အိမ်နီးချင်းလေးနိုင်ငံနှင့် ကုန်သွယ်ဂိတ် ၁၀ ခုတွင် တစ်ခုအပါအဝင် ဖြစ်သည်။[၂]

လမ်းပန်းဆက်သွယ်ရေး[ပြင်ဆင်ရန်]

၂၀၀၆ ဒီဇင်ဘာလတွင် ပြီးစီးခဲ့သော တရုတ်အကူအညီဖြင့် ခင်းသော မိုးမောက်မြို့နှင့် ဆက်သွယ်ထားသည့် ၇၆ ကီလိုမီတာရှိ ကျောက်ခင်းလမ်းကြောင့် နယ်စပ်ကုန်သွယ်မှုများ သုံးဆခန့် တိုးတက်လာခဲ့သည်။ ထိုလမ်းကြောင့် ဧရာဝတီမြစ်ကမ်းရှိ ဗန်းမော်မြို့မှ တရုတ်နယ်စပ်သို့ ၁၀ နာရီကြာ ခရီးအား ၃ နာရီအထိ လျော့ချနိုင်ခဲ့သည်။[၃]

စီးပွားရေး[ပြင်ဆင်ရန်]

တရုတ်နိုင်ငံသို့ သစ်သီးများ၊ ပဲ၊ ဆန်နှင့် ကြက်သွန်နီများ တင်သွင်းကာ လျှပ်စစ်ပစ္စည်းများ၊ အထည်အလိပ်များနှင့် စားသောက်ကုန်များကို ပြန်လည် တင်သွင်းသည်။ သို့သော်လည်း ရှမ်းပြည်နယ်မူဆယ်မြို့ ကုန်သွယ်မှုနှင့် စာလျှင် အနည်းငယ်မျှသာ ဖြစ်သည်။[၃]

စစ်အစိုးရနှင့် ဝပြည် သွေးစည်းရေး တပ်မတော်ကချင်ပြည်ဒီမိုကရေစီသစ် တပ်မတော်တို့နှင့် အပစ်အခတ်ရပ်စဲရေးကို ၁၉၈၉ ခုနှစ်တွင် လည်းကောင်း၊ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အို)နှင့် ၁၉၉၄ တွင် လည်းကောင်း လက်မှတ်ရေးထိုးခဲ့ပြီးနောက်တွင် တရုတ်နိုင်ငံသို့ သစ်ကုန်သွယ်မှုများ ရုတ်ခြည်းတိုးတက်လာခဲ့သည်။ အစောပိုင်းတွင် သစ်ထုတ်လုပ်ခွင့်ရရှိထားသော ထိုင်းကုမ္ပဏီများအား စည်းကမ်းချိုးဖောက်ကာ သစ်ပိုမိုထုတ်လုပ်မှုကြောင့် ဂေဟစနစ်များ ဆုံးရှုံးပျက်စီးခဲ့သည့်အတွက် ၁၉၉၃ ခုနှစ်တွင် ယင်းကုမ္ပဏီများအား သစ်ထုတ်လုပ်ခွင့် ရုပ်သိမ်းခဲ့သည်။[၄]

လွယ်ဂျယ်ဒေသတွင် ကျောက်မီးသွေးတွင်းများ ရှိနိုင်သည်ဟုလည်း ဆိုသည်။[၅]

ကိုးကား[ပြင်ဆင်ရန်]

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၄၉။
  2. "Myanmar opens 10 border trade points"၊ Xinhua News Agency, 2002-07-21။ 2009-01-06 တွင် ပြန်စစ်ပြီး 
  3. ၃.၀ ၃.၁ Aye Lei Tun။ Trade triples through BhamoMyanmar Times, August 20–26, 2007။ 15 February 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2009-01-05 တွင် ပြန်စစ်ပြီး။
  4. Navigating the Border: An Analysis of the China-Myanmar Timber TradeForest Trends။ 7 July 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2009-01-07 တွင် ပြန်စစ်ပြီး။
  5. Location of Major Coal Deposits of Myanmar။ Ministry of Energy။ 31 May 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2009-01-05 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]