ဆင်ဘိုမြို့

ဝီကီပီးဒီးယား မှ
ဆင်ဘိုမြို့
မြန်မာနိုင်ငံရှိ မြို့များ
ဆင်ဘိုမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဆင်ဘိုမြို့
ဆင်ဘိုမြို့
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ
ကိုဩဒိနိတ်: 25°22′N 97°23′E / 25.367°N 97.383°E / 25.367; 97.383
နိုင်ငံအမည် မြန်မာ
ပြည်နယ် ကချင်
ခရိုင်မြစ်ကြီးနား
မြို့နယ်မြစ်ကြီးနား
လတ္တီကျု(၂၅)ဒီဂရီ၊ (၂၂)မိနစ်
လောင်ဂျီကျု(၉၇)ဒီဂရီ၊ (၂၃)မိနစ်
လူဦးရေ (၂၀၁၄)
 • စုစုပေါင်း၁၀,၆၅၅[၁]
အချိန်ဇုန်မြန်မာ စံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်)

ဆင်ဘိုမြို့သည် ကချင်ပြည်နယ်မြစ်ကြီးနားခရိုင်မြစ်ကြီးနားမြို့နယ်တွင် ပါဝင်သည့် မြို့တစ်မြို့ ဖြစ်သည်။ ဧရာဝတီမြစ် ပထမမြစ်ကျဉ်း၏ မြစ်ညာဘက် ၁၄ မိုင်ခန့်တွင် တည်ရှိသည်။ ယခင်က ကျေးရွာကလေးဖြစ်သော်လည်း ၂၀၀၂တွင် မြို့အဖြစ် သတ်မှတ်ခံခဲ့ရသည်။

လမ်းပန်းဆက်သွယ်ရေး[ပြင်ဆင်ရန်]

ရေလမ်းဖြင့် မြစ်ကြီးနားသို့ မော်တော်များ၊ ဗန်းမော်သို့ စက်လှေများ၊ ရှပ်ပြေးယာဉ်များဖြင့် သွားလာနိုင်သည်။ ယခုအခါ အနောက်ဘက်တွင် မန္တလေး-မြစ်ကြီးနားမီးရထားလမ်း၊ ကားလမ်းပေါ်ရှိ ဟိုပင်သို့လည်းကောင်း၊ အရှေ့ဘက်တွင် ကေအိုင်အေထိန်းချုပ်သည့်နယ်စပ်မြို့ဖြစ်သည့် လိုင်ဇာမြို့သို့လည်းကောင်း မော်တော်ကားလမ်း ဖောက်လုပ်ထားပြီးဖြစ်သည်။

လူဦးရေနှင့်လူမျိုးများ[ပြင်ဆင်ရန်]

အများစုမှာ လယ်ယာလုပ်ငန်း လုပ်ကိုင်ကြသည်။ ရှမ်းလူမျိုးများ အများဆုံးနေထိုင်ကြသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၄၉။