မာတိကာသို့ ခုန်သွားရန်

ဧရာဝတီဘဏ်

ဝီကီပီးဒီးယား မှ
ဧရာဝတီဘဏ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
အမျိုးအစားအများပိုင်ကုမ္ပဏီ (PCL)
လုပ်ငန်းဘဏ်လုပ်ငန်း
တည်ထောင်သည့်နှစ်ဩဂုတ် ၁၀၊ ၂၀၁၀; ၁၅ နှစ် အကြာက (၂၀၁၀-၀၈-10)
တည်ထောင်သူများဦးဇော်ဇော်
ဌာနချုပ်အမှတ်(၁၆၄)၊ မဟာဗန္ဓုလလမ်းမကြီး၊
ကျောက်တံတားမြို့နယ်ရန်ကုန်မြို့
အရေးပါ ပုဂ္ဂိုလ်များ ဦးဇော်ဇော်
(ဥက္ကဋ္ဌ)
ဒေါ်ခင်စောဦး
(အမှုဆောင်ဥက္ကဋ္ဌ)
ဒေါ်သဇင်အောင်
(အမှုဆောင်အရာရှိချုပ်) []
ထုတ်ကုန်ပစ္စည်းငွေစုဘဏ်လုပ်ငန်း၊ ချေးငွေလုပ်ငန်း၊ ကတ်ဝန်ဆောင်မှု၊ ငွေလဲလှယ်ခြင်း၊ Mobile Banking၊ Mobile Wallet
ရင်းနှီးမြှုပ်နှံမှုIncrease ကျပ် ၉.၅ ထရီလီယံ (ဧပြီ ၂၀၂၆)[]
စုစုပေါင်း ရှယ်ယာတန်ဖိုးIncrease ကျပ် ၅၀၀.၃ ဘီလီယံ (ဧပြီ ၂၀၂၆)[]
အလုပ်သမားဦးရေ၆,၅၀၀ ကျော် (ဧပြီ ၂၀၂၆)[]
ဝက်ဘ်ဆိုက်ayabank.com
ဆောင်ပုဒ်စိတ်ချယုံကြည် ဧရာဝတီ

ဧရာဝတီဘဏ် (အင်္ဂလိပ်: Ayeyarwady Bank; အတိုကောက် AYA) သည် မြန်မာနိုင်ငံ၏ ပုဂ္ဂလိကဘဏ်တစ်ခုအဖြစ် စတင်တည်ထောင်ခဲ့ပြီး၊ ၂၀၂၃ ခုနှစ် မတ်လ ၁၀ ရက်နေ့တွင် အများပိုင်ကုမ္ပဏီ (Public Company Limited - PCL) အဖြစ် တရားဝင် ပြောင်းလဲဖွဲ့စည်းခဲ့သည်။[]

၂၀၁၀ ပြည့်နှစ် ဇူလှိုင်လတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ခွင့်ပြုချက်ဖြင့် တည်ထောင်ခဲ့ပြီး၊ ဦးဆောင်တည်ထောင်သူမှာ ဦးဇော်ဇော်ဖြစ်သည်။ ဧရာဝတီဘဏ် ရန်ကုန်ရုံးချုပ်သည် အမှတ်(၁၆၄)၊ မဟာဗန္ဓုလလမ်းမကြီး၊ ကျောက်တံတားမြို့နယ်ရန်ကုန်မြို့တွင် တည်ရှိပြီး၊ နေပြည်တော်ရုံးချုပ်မှာ ၁၁၀-၁၁၂၊ သီရိရတနာအဆင့်မြင့်ဈေး၊ ဒက္ခိဏသီရိမြို့နယ်နေပြည်တော်တွင် တည်ရှိသည်။

ယခုအခါ မြန်မာနိုင်ငံအနှံ့ ဘဏ်ခွဲပေါင်း ၂၆၁ ခု၊ ငွေလဲကောင်တာ ၁၆၂ ခုနှင့် ATM စက်ပေါင်း ၆၂၃ ခု ဖွင့်လှစ်ထားရှိပြီး ဝန်ထမ်းပေါင်း ၆,၅၀၀ ကျော်ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိသည်။[]

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

ဧရာဝတီဘဏ်ကို ၂ ဇူလှိုင် ၂၀၁၀ ခုနှစ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ခွင့်ပြုမိန့် ရရှိခဲ့ပြီး ၁၁ ဩဂုတ်လ ၂၀၁၀ ခုနှစ်တွင် စတင်လည်ပတ်ခဲ့သည်။

မတည်ရင်းနှီးငွေ

[ပြင်ဆင်ရန်]

ခွင့်ပြုပြီး မတည်ရင်းနှီးငွေမှာ မြန်မာကျပ်ငွေ ၇၅ ဘီလီယံဖြစ်ပြီး ၅၅ ကျပ်ဘီလီယံ ထည့်ဝင်ပြီးဖြစ်သည်။

ဝန်ဆောင်မှုများ

[ပြင်ဆင်ရန်]

ဧရာဝတီဘဏ်သည် သုံးစွဲသူများ၏ လိုအပ်ချက်အလိုက် အောက်ပါ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ပံ့ပိုးပေးလျက်ရှိသည်။

  • ငွေစုဘဏ်လုပ်ငန်း: ငွေစုစာရင်း၊ လက်ရှိစာရင်း၊ ပုံသေအပ်ငွေစာရင်း (Fixed Deposit)
  • ချေးငွေလုပ်ငန်း: အိမ်ချေးငွေ၊ ကားချေးငွေ၊ စီးပွားရေးလုပ်ငန်း ချေးငွေ
  • ငွေလွှဲလုပ်ငန်း: ပြည်တွင်း ငွေလွှဲခြင်းနှင့် SWIFT အပါအဝင် နိုင်ငံတကာ ငွေလွှဲဝန်ဆောင်မှုများ
  • Card Management: ဗီဇာကတ် (Visa)၊ မာစတာကတ် (Mastercard) စသည့် ကတ်များ ထုတ်ပေးခြင်းနှင့် စီမံခန့်ခွဲခြင်း
  • အခြား ဝန်ဆောင်မှုများ: လစာပေးခြင်း၊ ငွေကောက်ခံပေးခြင်း၊ ဘဏ်အာမခံ (Bancassurance) နှင့် လုံခြုံမှုသေတ္တာငှားရမ်းခြင်း

ဆုတံဆိပ်များ

[ပြင်ဆင်ရန်]
နှစ် ဆုပေးအပ်သူ ဆုအမည် (မြန်မာ) Award (English)
၂၀၁၃ World Finance မြန်မာနိုင်ငံ၏ အကောင်းဆုံး ပုဂ္ဂလိကဘဏ် Best Private Bank, Myanmar[]
၂၀၁၄ World Finance မြန်မာနိုင်ငံ၏ အကောင်းဆုံး ပုဂ္ဂလိကဘဏ် Best Private Bank, Myanmar[]
၂၀၁၄ World Finance မြန်မာနိုင်ငံ၏ အကောင်းဆုံး လက်လီဘဏ် Best Retail Bank, Myanmar[]
၂၀၁၄ Global Banking & Finance Awards မြန်မာနိုင်ငံ၏ အမြန်ဆုံးတိုးတက်နေသော လက်လီဘဏ် Fastest Growing Retail Bank, Myanmar[]
၂၀၁၄ Global Banking & Finance Awards မြန်မာနိုင်ငံ၏ ဆန်းသစ်တီထွင်မှုအကောင်းဆုံး ဘဏ်ဝန်ဆောင်မှု Most Innovative Banking Services, Myanmar[]
၂၀၁၄ The Myanmar Times တစ်နှစ်တာ အကောင်းဆုံး ဘဏ်ခေါင်းဆောင် Banker of the Year[]
၂၀၁၅ World Finance မြန်မာနိုင်ငံ၏ အကောင်းဆုံး ပုဂ္ဂလိကဘဏ် Best Private Bank, Myanmar[]
၂၀၁၅ World Finance မြန်မာနိုင်ငံ၏ အကောင်းဆုံး ဘဏ်အုပ်စု Best Banking Group, Myanmar[]
၂၀၁၅ World Finance မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့မှု အကောင်းဆုံးဘဏ် Most Sustainable Bank, Myanmar[]
၂၀၁၆ World Finance မြန်မာနိုင်ငံ၏ အကောင်းဆုံး ပုဂ္ဂလိကဘဏ် Best Private Bank, Myanmar[]
၂၀၁၆ World Finance မြန်မာနိုင်ငံ၏ အကောင်းဆုံး ဘဏ်အုပ်စု Best Banking Group, Myanmar[]
၂၀၁၆ World Finance မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့မှု အကောင်းဆုံးဘဏ် Most Sustainable Bank, Myanmar[]
၂၀၁၇ World Finance မြန်မာနိုင်ငံ၏ အကောင်းဆုံး လက်လီဘဏ် Best Retail Bank, Myanmar[]
၂၀၁၇ World Finance မြန်မာနိုင်ငံ၏ အကောင်းဆုံး ကူးသန်းရောင်းဝယ်ရေးဘဏ် Best Commercial Bank, Myanmar[]
၂၀၁၇ CFI.co Awards အရှေ့တောင်အာရှ၏ အကောင်းဆုံး ဒေသဆိုင်ရာ ဘဏ်မိတ်ဖက် Best Regional Banking Partner, Southeast Asia[]
၂၀၁၇ Asiamoney မြန်မာနိုင်ငံ၏ အကောင်းဆုံး CSR ဘဏ် Myanmar's Best Bank for CSR[]
၂၀၁၈ Asiamoney မြန်မာနိုင်ငံ၏ အကောင်းဆုံး ပြည်တွင်းဘဏ် Myanmar's Best Domestic Bank[]
၂၀၁၉ Asiamoney မြန်မာနိုင်ငံ၏ အကောင်းဆုံး SME ဘဏ် Myanmar's Best Bank for SMEs[]
၂၀၁၉ Asiamoney မြန်မာနိုင်ငံ၏ အကောင်းဆုံး CSR ဘဏ် Myanmar's Best Bank for CSR[]
၂၀၁၉ The Business Coalition for Gender Equality (BCGE) ကျား/မ တန်းတူညီမျှရေး EDGE အသိအမှတ်ပြုလက်မှတ် EDGE Certificate for Gender Equality[]
၂၀၂၀ Asiamoney မြန်မာနိုင်ငံ၏ အကောင်းဆုံး SME ဘဏ် Myanmar's Best Bank for SMEs[]
၂၀၂၃ The Business Coalition for Gender Equality (BCGE) ကျား/မ တန်းတူညီမျှရေး GEARS အသိအမှတ်ပြုလက်မှတ် GEARS Certificate for Gender Equality[]
၂၀၂၅ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အလုပ်သမားငွေလွှဲလုပ်ငန်း အကောင်းဆုံးဘဏ် (တတိယဆု) Best Bank Award (Workers' Remittance) – Third Prize[]
၂၀၂၅ မြန်မာနိုင်ငံတော်ဗဟိုဘဏ် MMQR စွမ်းဆောင်ရည်အကောင်းဆုံးဆု (AYA Pay) Best Performance Award (MMQR)[]
၂၀၂၅ မြန်မာနိုင်ငံတော်ဗဟိုဘဏ် စွမ်းဆောင်ရည်အကောင်းဆုံးဆု (AYA Bank CEO) Best Performance Award[]
၂၀၂၅ မြန်မာနိုင်ငံတော်ဗဟိုဘဏ် MMQR ပါဝင်ဆောင်ရွက်မှုအကောင်းဆုံးဆု (AYA Pay) Best Participation Award (MMQR)[]
၂၀၂၅ PCI Security Standards Council PCI DSS v4.0.1 လုံခြုံရေးစံနှုန်း လိုက်နာမှု အသိအမှတ်ပြုလက်မှတ် PCI DSS v4.0.1 Compliance Certification[]

အဓိကဖြစ်ရပ်များ

[ပြင်ဆင်ရန်]
  • ၂၀၂၆ ခုနှစ်၊ ဧပြီ (၉) ရက်နေ့တွင် ဆိုက်ဘာရာဇဝတ်မှု တစ်မျိုးဖြစ်သည့် ဧရာဝတီဘဏ် Visa Prepaid Card မှ transaction များဖြတ်တောက်ခံရမှု သုံးစွဲသူ အများအပြား ခံခဲ့ရသည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. AYA Bank Profile ဧရာဝတီဘဏ်။ နိုဝင်ဘာ ၂၀, ၂၀၂၅ တွင် ပြန်စစ်ပြီး။
  2. AYA Bank Profile AYA Bank။ 2026-06-02 တွင် ပြန်စစ်ပြီး။
  3. AYA Bank Profile AYA Bank။ 2026-06-02 တွင် ပြန်စစ်ပြီး။
  4. AYA Bank Profile AYA Bank။ 2026-06-02 တွင် ပြန်စစ်ပြီး။
  5. Statement by Ayeyarwady Bank on Changing to Public Company Limited ဧရာဝတီဘဏ် (မတ် ၁၀, ၂၀၂၃)။ နိုဝင်ဘာ ၂၀, ၂၀၂၅ တွင် ပြန်စစ်ပြီး။
  6. AYA Bank Profile AYA Bank။ 2026-06-02 တွင် ပြန်စစ်ပြီး။
  7. 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 Awards AYA Bank။ 2 June 2026 တွင် ပြန်စစ်ပြီး။
  8. AYA Bank PCL Achieves PCI DSS v4.0.1 Compliance, Strengthening Digital Security Standards AYA Bank (17 July 2025)။ 2 June 2026 တွင် ပြန်စစ်ပြီး။
  9. ■ AYA Visa Prepaid Card မှ transaction များဖြတ်တောက်ခံရမှုများ ဖြစ်ပွား (in my)။ 2026-04-10 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်

[ပြင်ဆင်ရန်]