စီဘီဘဏ်

ဝီကီပီးဒီးယား မှ
(သမဝါယမဘဏ်လီမိတက် မှ ပြန်ညွှန်းထားသည်)
CB BANK
CB BANK PCL
အမျိုးအစားအများနှင့်သက်ဆိုင်သော
လုပ်ငန်းဘဏ်
တည်ထောင်သည့်နှစ်၂၁ ဩဂုတ် ၁၉၉၂
ဌာနချုပ်ရန်ကုန် မြန်မာ
အရေးပါ ပုဂ္ဂိုလ်များဦးခင်မောင်အေး (ဥက္ကဋ္ဌ)
ထုတ်ကုန်ပစ္စည်းငွေကြေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများ
အလုပ်သမားဦးရေ၉၀၀၀ (2019) [၁] (2019)
ဝက်ဘ်ဆိုက်cbbank.com.mm
ဆောင်ပုဒ်Let's Win-Win Together!

စီဘီဘဏ် (အင်္ဂလိပ်: CB Bank PCL; ယခင်အမည် သမဝါယမဘဏ်လီမိတက်) သည် ၁၉၉၂ ခုနှစ်၊ ဩဂုတ်လ (၂၁) ရက်နေ့တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ခဲ့သည်။ ဘဏ်ရုံးချုပ်သည် အမှတ် (၄၆)၊ Union Financial Center Tower (UFC)၊ မဟာဗန္ဓုလလမ်းနှင့် သိမ်ဖြူ လမ်းထောင့်၊ ဗိုလ်တထောင်မြို့နယ်ရန်ကုန်မြို့တွင် တည်ရှိသည်။ CB Bank ကို ဦးခင်မောင်အေး (Chairman) နှင့် ဦးကျော်လင်း [၂] (Executive Vice President & CEO) တို့က ဦးဆောင်လုပ်ကိုင်လျက်ရှိပြီး ယခုအခါတွင် ဘဏ်ခွဲပေါင်း ၂၅၀ ကျော်ကို[၃] ဖွင့်လှစ်ထားရှိပြီး မြန်မာနိုင်ငံထိုင်းနိုင်ငံတွင် ATM, CRM [၄] နှင့် ခရက်ဒစ် ကဒ် များကို စတင် အသုံးပြုသည့်ဘဏ်လည်း ဖြစ်သည်။[၅]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

မြန်မာနိုင်ငံ ငွေရေးကြေးရေး ဥပဒေနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေအရ Co-operative Bank PCL ကို ၁၉၉၂ ခုနှစ်၊ ဩဂုတ်လ (၂၁)ရက်နေ့တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ခွင့်ပြုချက်ဖြင့် စတင်တည်တောင် ဖွင့်လှစ်ခဲ့သည်။ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ (၁၀-၅-၂၀၀၄) ရက်နေ့တွင် လုပ်ငန်း စတင် ဆောင်ရွက်ခွင့်လက်မှတ် ( Certificate of Commerce of Business )ကိုလည်းကောင်း၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ(၂၅-၅-၂၀၀၄)ရက်နေ့တွင် ကူးသန်းရောင်းဝယ်ရေး ဘဏ်လုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ကိုလည်းကောင်း ထုတ်ပေးခဲ့ရာ ဘဏ်သုံးဘဏ် ပေါင်းစည်း၍ သမဝါယမဘဏ် လီမိတက်အဖြစ် (၁၅-၆-၂၀၀၄)နေ့မှ စတင်၍ ဆောင်ရွက်ခဲ့သည်။ အရောင်အသွေး မခွဲခြားဘဲ ပူးပေါင်းပါဝင်ခြင်းနှင့် အရောင်အသွေး မတူသူများကို တသားတည်းဖြစ်အောင် စည်းလုံးခြင်း အထိမ်းအမှတ်အဖြစ် သက်တန့်ရောင် (၇)ရောင်မှ ထင်ရှားသည့် အရောင်(၄)မျိုးဖြစ်သော အနီအဝါအစိမ်းအပြာ ပါရှိသည့် သက်တံပုံကို ရယူထားခြင်းဖြစ်သည်။[၆]

ဝန်ဆောင်မှုများ[ပြင်ဆင်ရန်]

  • စာရင်းရှင် အပ်ငွေ – CURRENT ACCOUNT
  • ငွေစုဘဏ် အပ်ငွေ – SAVINGS DEPOSIT ACCOUNT
  • စာရင်းသေ အပ်ငွေ – FIXED DEPOSIT ACCOUNT
  • ပြည်တွင်း ငွေလွှဲလုပ်ငန်း
  • အရစ်ကျ အငှားဝယ် စနစ်
  • ချေးငွေ
  • အင်တာနက်မှ အခွန်အခများ ပေးဆောင်ခြင်း
  • Online တွင် အရောင်းအဝယ်လုပ်ကြခြင်း
  • Tele-Banking ဝန်ဆောင်မှု
  • e-Banking System (Mobile Banking & Internet Banking)
  • SME banking
  • Credit Card/Debit Card ဝန်ဆောင်မှု
  • မိုဘိုင်းဘဏ်စနစ်
  • မိုဘိုင်းငွေပေးချေမှုစနစ် (CB Pay)

နိုင်ငံတကာအသိအမှတ်ပြုဆုတံဆိပ်များ[ပြင်ဆင်ရန်]

၂၀၁၃ ခုနှစ်

  • First Travel Prepaid Card in Myanmar : The Industry Leadership Award 2013
  • The industry Leadership Award for First Travel Prepaid Card in Myanmar October- 2013

၂၀၁၄ ခုနှစ်

  • BEST CORPORATE BANK IN MYANMAR 2014
  • Global Banking & Finance Review : Best Corporate Banking Services Myanmar Award 2014
  • Global Banking & Finance Review : Best Customer Service Bank Myanmar Award 2014
  • Retail Banker : Product Excellence in Debit Cards Highly Commended ,Asia Trailblazer Award 2014
  • Award in Recognition of the Transformational Use of Information Technology
  • First Bank in Myanmar : to be issued a licence by MASTERCARD WORLDWIDE
  • BEST MERCHANT ACQUIRING : CARDS & ELECTRONIC PAYMENTS INTERNATIONAL ASIA TRAILBLAZER AWARDS 2014
  • BEST INITIATIVE IN MOBILE PAYMENTS : CARDS & ELECTRONIC PAYMENTS INTERNATIONAL ASIA TRAILBLAZER AWARDS 2014


ကိုးကား[ပြင်ဆင်ရန်]

  1. "CB Bank Our People"၊ CB Bank၊ 15 September 2019။ 15 September 2019 တွင် ပြန်စစ်ပြီး 
  2. ‌ေအောင် (၁၂ စက်တင်ဘာ ၂၀၁၇)။ CB Bank to expand banking services by going digitalမြန်မာတိုင်း(မ်)။ 24 June 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၄ ဇွန် ၂၀၁၉ တွင် ပြန်စစ်ပြီး။
  3. Branches Location။ ၁၂ ဇန်နဝါရီ ၂၀၂၁ တွင် ပြန်စစ်ပြီး။
  4. CRM (၁၅ ဇန်နဝါရီ ၂၀၂၁)။
  5. Robert Smith (၂၈ မေ ၂၀၁၃)။ In A Single ATM, The Story Of A Nation's Economy။ ၂၄ ဇွန် ၂၀၁၉ တွင် ပြန်စစ်ပြီး။
  6. C B Bank - About Us။ Cbbankmm.com။ 6 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2015-04-04 တွင် ပြန်စစ်ပြီး။