မိုးမောက်မြို့

ဝီကီပီးဒီးယား မှ
မိုးမောက်မြို့
မိုးမောက်မြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မိုးမောက်မြို့
မိုးမောက်မြို့
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 24°15′0″N 97°21′0″E / 24.25000°N 97.35000°E / 24.25000; 97.35000ကိုဩဒိနိတ်: 24°15′0″N 97°21′0″E / 24.25000°N 97.35000°E / 24.25000; 97.35000
နိုင်ငံ မြန်မာ
ပြည်နယ်ကချင်ပြည်နယ်
ခရိုင်ဗန်းမော်ခရိုင်
မြို့နယ်မိုးမောက်မြို့နယ်
လူဦးရေ (၂၀၁၄)၁၀,၇၄၁[၁]
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

မိုးမောက်မြို့ သည် မြန်မာနိုင်ငံကချင်ပြည်နယ်ဗန်းမော်ခရိုင်ရှိ မြို့တစ်မြို့ ဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

၁၇၆၅ ခုနှစ်၊ ဆင်ဖြူရှင်မင်း လက်ထက်၌ ဗန်းမော်မြို့ဝန်က တရုတ်ကုန်သည်များအား ဗန်းမော်သို့ တိုက်ရိုက်ဝင်ခွင့်မပြုဘဲ ယခု မိုးမောက်တည်ရာ သစ်အယ်ပင်စခန်း (ရှမ်းဘာသာဖြင့် ပန်ကော်စခန်း ) တွင် တစ်ထောက်နား၍ သတင်းပို့စေခြင်းကြောင့် သတင်းပို့ရွာဟူ၍ ဖြစ်လာကာ ရှမ်းဘာသာဖြင့် မန့်မောက် ဟု တွင်သည်။ အင်္ဂလိပ်များအား တွန်းလှန်တိုက်ခိုက်ရင်း ရွှေဘိုဒေသမှ ဗမာများ ရောက်လာရာမှ မိုးမောက် ဟု ခေါ်ဝေါ်လာသည်။ [၂]

ယခင်က ဗန်းမော်မြို့နယ်ဝင် ဖြစ်ခဲ့ပြီး စိန်လုံကျေးရွာကို ၁၉၀၃ ခုနှစ်တွင် မြို့အဖြစ် သတ်မှတ်၍ ၁၉၄၇ ခုနှစ်၊ ဇွန်လ ၂၄ ရက်အထိ တောင်တန်းဝန်ထောက် (၅) ဦးက တာဝန်ထမ်းဆောင်သွားသည်။ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်တွင် တော်လှန်ရေးကောင်စီ ပေါ်ပေါက်လာရာ နယ်မြေမအေးချမ်းခြင်း၊ လူဦးရေ နည်းခြင်း၊ စီးပွားရေး အချက်အချာမကျခြင်းတို့ကြောင့် စိန်လုံ တောင်တန်းဝန်ထောက်ရုံးအား မိုးကောင်းသို့ ၁၉၆၅ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် ပြောင်းရွေ့စေသည်။

ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ ၁၉၇၂ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်ထုတ် အမိန့်ကြော်ငြာစာအမှတ် (၉၅၃) အရ မိုးမောက်အား မိုးမောက်၊ စိန်လုံ၊ မြို့သစ်နှင့် ဒေါ့ဖုန်းယန်မြို့နယ်ခွဲများဖြင့် ဖွဲ့စည်းပေးလိုက်ရာ မိုးမောက်မြို့ဟူ၍ ဖြစ်လာသည်။

ထင်ရှား သူများ[ပြင်ဆင်ရန်]

ပင်လုံညီလာခံ ကိုယ်စားလှယ် ဒူဝါဇော်လောန် (ပန်ဟုတ်ရွာ ဇာတိ)၊ ပင်လုံညီလာခံ တက်ရောက်သူ ဆရာကြီး ဦးမရန်လ (စိန်လုံရွာ ဇာတိ)၊ ပင်လုံညီလာခံတွင် လက်မှတ်ထိုးသူ ဒူဝါဇော်လ (လော့ဒန်ရွာ ဇာတိ) တို့က မိုးမောက်မြို့နယ်ကိုယ်စားပြု ပါဝင်ခဲ့သည်။

ဗိုလ်မှူးချုပ် လဇွန်တန်ဂျီး၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဗဟိုကော်မတီဝင် ဦးလဇွန်ထန်၊ စစ်တက္ကသိုလ် ကျောင်းအုပ်ဟောင်း အငြိမ်းစား ဗိုလ်မှူးကြီး လဖိုင်ခွန်နော်၊ ကချင်ပြည်နယ် ဒေသပါတီကော်မတီဥက္ကဋ္ဌ ဗိုလ်မှူးချုပ် အယ်လ်ကွန်ဖန်၊ ကချင်ပြည်နယ် ဒေသပါတီကော်မတီ အတွင်းရေးမှူး ဦးလအုန်းယော်၊ ကချင်ပြည်နယ် ဝန်ကြီးဟောင်း ဒူဝါလဝမ်လီ၊ ဗိုလ်ကြီး လဗျလ၊ အငြိမ်းစား သန်းခေါင်စာရင်း မင်းကြီး ဦးရှမ်းလွမ်း၊ ဆရာကြီး ဦးကရိန်တန် တို့မှာ ထင်ရှားသော မိုးမောက်သားများ ဖြစ်ကြသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၀။
  2. ၂.၀ ၂.၁ ခင်သိန်း၊ ဒေါ်၊ ပါမောက္ခ။ ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်အမည်များလေ့လာချက်။ ၁၉၈၁ ဇန်နဝါရီ။

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]