၂၀၀၉ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
![]() | |||
ကျင်းပရာမြို့ | ဗီယင်ကျန်းမြို့၊ လာအိုနိုင်ငံ | ||
---|---|---|---|
ဆောင်ပုဒ် | Generosity Amity Healthy Lifestyle | ||
ပါဝင်သော နိုင်ငံများ | ၁၁ | ||
ပါဝင်ဆင်နွဲသော အားကစားသမားများ | ၃၁၀၀ | ||
ကစားပွဲအမျိုးအစား | ၃၇၂(၂၅မျိုး) | ||
ဖွင့်ပွဲအခမ်းအနား | ၉ ဒီဇင်ဘာ | ||
ပိတ်ပွဲအခမ်းအနား | ၁၈ ဒီဇင်ဘာ | ||
တရားဝင်ဖွင့်လှစ်ပေးခဲ့သူ | ချူမူလီဆိုင်ဆို (သမ္မတ) | ||
Athlete's Oath | Mayuly Phanouvong | ||
Judge's Oath | Somphone Manikham | ||
Torch Lighter | Phoxay Aphailath | ||
အဓိကအားကစားကွင်း | လာအိုအမျိုးသားအားကစားကွင်း | ||
ဝက်ဘ်ဆိုဒ် | 2009 Southeast Asian Games | ||
|
၂၀၀၉ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသည် လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ ကျင်းပသော ၂၅ ကြိမ်မြောက် ဆီးဂိမ်းပွဲ ဖြစ်သည်။ လာအိုနိုင်ငံသည် ပထမဆုံးအကြိမ်အဖြစ် လက်ခံကျင်းပခြင်း ဖြစ်သည်။ ၁၉၆၅ အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပွဲတော်ကို လက်ခံကျင်းပရန် ရည်ရွယ်ခဲ့သော်လည်း ငွေကြေးအခြေအနေကြောင့် မလေးရှားအား ပေးခဲ့ရသည်။
ဆီးဂိမ်းပွဲ၏ နှစ် ၅၀ ပြည့်ဖြစ်ပြီး ဒီဇင်ဘာ ၉ ရက်မှ ၁၈ ရက်နေ့ထိ တရားဝင်ကျင်းပခဲ့သည်။ ဒီဇင်ဘာ ၂ ရက်နေ့မှ စတင်ကာပြိုင်ပွဲအချို့ ကစားခဲ့သည်။ အားကစားသမားပေါင်း ၃၁၀၀ ပါဝင်ခဲ့သည်။ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ တို့မှ ပထမ၊ ဒုတိယနှင့် တတိယရရှိကာ အိမ်ရှင်လာအိုမှ သတ္တမ ရရှိခဲ့သည်။
မာတိကာ
လက်ခံကျင်းပခြင်း[ပြင်ဆင်ရန်]
ကျင်းပရာမြို့များ[ပြင်ဆင်ရန်]
၂၀၀၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် လာအိုနိုင်ငံ၏ မြို့တော် ဗီယင်ကျင်းအား ၂၀၀၉ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ ကျင်းပရာမြို့အဖြစ် ရွေးချယ်ခဲ့သည်။
ပြင်ဆင်မှုများ[ပြင်ဆင်ရန်]
လာအိုဆီးဂိမ်းကော်မတီအား သမ္မတ၏ ဦးဆောင်မှုဖြင့် ဖွဲ့စည်းခဲ့သည်။
ကွင်းများ[ပြင်ဆင်ရန်]
ကွင်းအသစ်အများစုနှင့် ကွင်းဟောင်းအချို့ကို အသုံးပြုခဲ့သည်။ အမျိုးသားအားကစားကွင်းသစ်မှာ ပရိသတ် ၂၅၀၀၀ ဆံ့ပြီး အဓိကပွဲများ ကျင်းပခဲ့သည်။ လာအိုအမျိုးသားတက္ကသိုလ်တွင် အားကစားသမားများကို ထားကာ အားကစားရွာအဖြစ် အသုံးပြုထားသည်။
စုစုပေါင်းနေရာ ၂၇ ခု အသုံးပြုခဲ့သည်။
မြို့ | အားကစားကွင်း | ကစားနည်းများ |
ဗီယင်ကျန်းမြို့ | New National Sport Complex | |
New Laos National Stadium![]() |
ဖွင့်ပွဲ၊ ပိတ်ပွဲ၊ ပြေးခုန်ပစ်နှင့် ဘောလုံး (အမျိုးသား) | |
Aquatics stadium | Aquatics (Swimming, Diving, Water polo), Finswimming | |
Archery range | Archery | |
Gymnasium 1 | Badminton | |
Beech Volleyball Stadium | Volleyball (Beech) | |
Gymnasium 2 | Volleyball (Indoor) | |
Shooting range | Shooting | |
Tennis court | Tennis | |
National University of Laos | ||
University Stadium | Football (Women) | |
Olympasia Gymnasium | Boxing | |
Convention hall | Table tennis | |
Booyong Gymnasium | Taekwondo, Wrestling | |
Petanque court | Petanque | |
Lao international Trade Exhibition and Convention Center | ||
Hall 1 | Sepak takraw | |
Hall 2 | Wushu | |
Hall 3 | Pencak silat | |
Beung Kha Nong Sports Centre | ||
Lao-Thai Gymnasium | Muay | |
Gymnasium 1 | Shuttlecock | |
Others | ||
---|---|---|
That Luang, Lan Xang Avenue, Samsenethai, Thadeua km10, T4, Kaysone Road | Cycling (Individual time trial) | |
Done Noune Tri Square, Ban Keun, return (Men: Thalath Market, Women: Pakkhanhoung) | Cycling (Mass start) | |
Dane Song | Cycling (Mountain bike: Downhill) | |
Tad Sone | Cycling (Mountain bike: Cross country) | |
Don Chan Palace Hotel | Billiards and snooker | |
Chao Anouvong Stadium | Football (Men and Women) | |
Chao Anouvong Gymnasium | Judo, Karate | |
SEA Games Golf Course | Golf | |
Pornsawan School | Weightlifting |
အထိမ်းအမှတ်များ[ပြင်ဆင်ရန်]
လိုဂို[ပြင်ဆင်ရန်]
လိုဂိုမှာ မဲခေါင်မြစ်ကမ်းဘေးရှိ လာအိုနိုင်ငံ အထိမ်းအမှတ်ဖြစ်သော ဖသတ်လောင် ဖြစ်သည်။ ၎င်းအောက်ရှိ လိုင်း ၃ လိုင်းမှာ မဲခေါင်မြစ် ဖြစ်သည်။ အပေါ်ပိုင်းတွင် ဆီးဂိမ်းလိုဂို ပါရှိသည်။
လာဘ်ကောင်[ပြင်ဆင်ရန်]
လာဘ်ကောင်မှာ လာအိုရိုးရာဝတ်စုံ ဝတ်ဆင်ထားသော ဆင်နှစ်ကောင် ဖြစ်သည်။ အထီးမှာ ချန်ပ၊ အမမှာ ချန်ပီး ဖြစ်သည်။ ဆင် ၂ ကောင်မှာ အိမ်ရှင်လာအိုကို ကိုယ်စားပြုသည်။ (လာအိုရှေးနိုင်ငံဖြစ်သော "လန်ဆင်း"၏ အဓိပ္ပာယ်မှာ ဆင်များစွာ၏နိုင်ငံဟု ရသည်)
သီချင်း[ပြင်ဆင်ရန်]
သီချင်း ၃၃ ပုဒ်ရှိသည်။
ပွဲများနှင့်အားကစား[ပြင်ဆင်ရန်]
ဖွင့်ပွဲအခမ်းအနား[ပြင်ဆင်ရန်]
၉ ဒီဇင်ဘာ ၂၀၀၉ ဒေသစံတော်ချိန် ၆ နာရီ ၁၀ မိနစ်တွင် လာအိုအမျိုးသားအားကစားကွင်းအသစ်တွင် ကျင်းပခဲ့သည်။ သမ္မတနှင့် ဧည့်သည်တော်များ ကြွရောက်လာမှုနှင့်အတူ အမှတ်စဉ်ရေတွက်မှုနှင့် စတင်ခဲ့သည်။ လာအိုရဲတပ်ဖွဲ့ ဘင်ခရာတပ်ဖွဲ့၊ နိုင်ငံတော်အလံကိုင်တပ်ဖွဲ့များနှင့်အတူ ပြိုင်ပွဲဝင်နိုင်ငံများမှ အားကစားသမားများ ဝင်ရောက်လာသည်။ လာအိုဒုတိယဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားပြီး သမ္မတမှ ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက်တွင် မီးရှုးတိုင် ထွန်းညှိကာ ဖျော်ဖြေရေးအစီအစဉ်များဖြင့် အခမ်းအနားပြီးဆုံးခဲ့သည်။
ပိတ်ပွဲအခမ်းအနား[ပြင်ဆင်ရန်]
၁၈ ဒီဇင်ဘာ ၂၀၀၉ ဒေသစံတော်ချိန် ၆ နာရီ ၁၀ မိနစ်တွင် လာအိုအမျိုးသားအားကစားကွင်းအသစ်တွင် ကျင်းပခဲ့သည်။ ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များ ကြွရောက်လာမှုနှင့်အတူ အမှတ်စဉ်ရေတွက်မှုနှင့် စတင်ခဲ့သည်။ ပွဲအပြီးတွင် ၂၀၁၁ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ လက်ခံကျင်းပမည့် အင်ဒိုနီးရှားနိုင်ငံအား အလံလွှဲပြောင်းပေးခဲ့သည်။
ပါဝင်ရာနိုင်ငံများ[ပြင်ဆင်ရန်]
Brunei
Cambodia
Indonesia
Laos
Malaysia
မြန်မာနိုင်ငံ
Philippines
Singapore
Thailand
East Timor
Vietnam
ကိုးကား[ပြင်ဆင်ရန်]
|