စိန်ရတုနှစ်တံဆိပ်
တပ်မတော်စိန်ရတုနှစ်တံဆိပ် | |
---|---|
![]() တပ်မတော်စိန်ရတုနှစ်တံဆိပ်၏ တာဝန်ချိန်တပ်ဆင်ရသော ဖဲကြိုးနမူနာ | |
တည်ထောင်ခဲ့ | ၅.၃.၂၀၂၀ |
နိုင်ငံ | ![]() |
စိန်ရတုနှစ်တံဆိပ် သည် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၇ ရက်နေ့တွင်ကျရောက်သော (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် တပ်မတော်တွင် စစ်မှုထမ်းသက်(၂၅)နှစ်နှင့်အထက် ထမ်းဆောင်ခဲ့သော စစ်မှုထမ်းများအား ချီးမြှင့်သည့် တံဆိပ် ဖြစ်သည်။ နိုင်ငံတော်သမ္မတရုံး၏ ၂၀၂၀ ပြည့်နှစ် မတ်လ ၅ ရက်နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၄၂/၂၀၂၀ ဖြင့်ထုတ်ပြန်ခဲ့သည့် တပ်မတော်စိန်ရတုနှစ်တံဆိပ်ချီးမြှင့် အပ်နှင်းခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်ပါ အရည်အချင်းသတ်မှတ်ချက်များနှင့်ကိုက်ညီသူ အရာရှိ (၁၂၄၉)ဦး၊ စစ်သည် (၄၂၁၆၇)ဦး၊ စုစုပေါင်း (၄၃၄၁၆) ဦးအားနိုင်ငံတော်သမ္မတရုံး၏ ၂၀၂၀ ပြည့်နှစ် မတ်လ ၂၇ ရက်နေ့စွဲပါ အမိန့် ကြော်ငြာစာအမှတ်၊ ၅၁/၂၀၂၀ ဖြင့် တပ်မတော်စိန်ရတုနှစ်တံဆိပ်အား ချီးမြှင့်ခဲ့သည်။[၁]
ကိုးကား[ပြင်ဆင်ရန်]
- ↑ (၇၅)နှစ်မြောက်စိန်ရတုတပ်မတော်နေ့အား ဂုဏ်ပြုသော အားဖြင့် တပ်မတော်စိန်ရတုနှစ်တံဆိပ် ချီးမြှင့် အပ်နှင်း။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး (၂၇ မတ် ၂၀၂၀)။ ၁၉ ဧပြီ ၂၀၂၀ တွင် ပြန်စစ်ပြီး။