မာတိကာသို့ ခုန်သွားရန်

ပဲခူးရိုးမတောင်

ဝီကီပီးဒီးယား မှ
ပဲခူးရိုးမ
ပုပ္ပားတောင်
အမြင့်ဆုံးအမှတ်
တောင်ထွတ်ပုပ္ပားတောင်
အမြင့်၁,၅၁၈ m (၄,၉၈၀ ft)
ကိုဩဒိနိတ်20°55′27″N 95°15′02″E / 20.92417°N 95.25056°E / 20.92417; 95.25056
အတိုင်းအတာများ
အလျား၄၇၅ km (၂၉၅ mi) N/S
အကျယ်၆၀ km (၃၇ mi) E/W
ပထဝီဝင်
ပဲခူးရိုးမတောင် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ပဲခူးရိုးမတောင်
မြန်မာနိုင်ငံတွင်း တည်နေရာ
နိုင်ငံမြန်မာနိုင်ငံ
တောင်တန်း ကိုဩဒိနိတ်20°55.3′N 95°14.9′E / 20.9217°N 95.2483°E / 20.9217; 95.2483ကိုဩဒိနိတ်: 20°55.3′N 95°14.9′E / 20.9217°N 95.2483°E / 20.9217; 95.2483

ပဲခူးရိုးမတောင်တန်း သည် မြန်မာနိုင်ငံအလယ်ပိုင်း၊ မြောက်လတ္တီတွဒ် ၁၇ ဒီဂရီမှ ၂ဝ ဒီဂရီအတွင်း မြောက်မှ တောင်သို့ ဧရာဝတီမြစ်နှင့် စစ်တောင်းမြစ်အကြားတွင် တည်ရှိသော တောင်တန်းဖြစ်သည်။[][] ပဲခူးရိုးမတောင်တန်းသည် မြောက်ဘက်စွန်း ပုပ္ပားတောင်မှ တောင်ဘက် သိင်္ဂုတ္တရကုန်းတော် အထိ ရှည်လျားသည်။ ယင်းတောင်တန်းသည် ဧရာဝတီမြစ်နှင့် စစ်တောင်းမြစ်အကြား ရေဝေကုန်းတန်းကြီးဖြစ်ပြီး ပဲခူးမြစ်နှင့် စစ်တောင်းမြစ်တို့သည် ပဲခူးရိုးမတွင် မြစ်ဖျားခံသော မြစ်နှစ်စင်း ဖြစ်သည်။[]

ပထဝီဝင် အနေအထား

[ပြင်ဆင်ရန်]

တောင်ဘက်စွန်းသည် ရန်ကုန်မြို့ မြောက်ဘက်နားတွင် ပြတ်သွားပြီးနောက် ရန်ကုန်မြို့တွင်း၌ တောင်ပူစာလေးများအဖြစ် ဖြာဆင်းလာသည်။ ရွှေတိဂုံဘုရား တည်ရာ သိင်္ဂုတ္တရကုန်းတော်သည် ပဲခူးရိုးမတောင်၏ အဆွယ်တောင်ပူစာ ဖြစ်သည်။ ပဲခူးရိုးမတောင်သည် မြောက်မှ တောင်သို့ မိုင် ၂ဝဝ ကျော် ရှည်လျားပြီး အမြင့်မှာ ပေ ၂ဝဝဝ ထက် ပိုမမြင့်ချေ။ သို့ရာတွင် စောက်၍ ကျောက်ထူထပ် ပေါများသည်။ အရှေ့ဘက်နှင့် အနောက်ဘက်တို့သို့ တောင်စွယ်များ ဖြာဆင်းသွားကြသည်။ ပဲခူးရိုးမတောင်၏ အရှေ့ဘက်တွင် ရမည်းသင်း၊ တောင်ငူနှင့် ပဲခူးခရိုင်များ ရှိပြီး၊ အနောက်ဘက်တွင် မကွေး၊ သရက်၊ ပြည်နှင့် သာယာဝတီခရိုင်များ ရှိကြသည်။ အရှေ့ဘက် တောင်စောင်းမှ စစ်တောင်းမြစ်၏ မြစ်လက်တက်များနှင့် ပဲခူးမြစ်တို့ မြစ်ဖျားခံ စီးဆင်းသည်။ အနောက်ဘက် တောင်စောင်းမှမူ ပင်းချောင်းယင်းချောင်းနှင့် နဝင်းချောင်း တို့သည် ဧရာဝတီမြစ်တွင်းသို့ စီးဝင်ကြပြီး၊ တောင်ဘက်၌မူ မြစ်မခမြစ် (သို့မဟုတ်) လှိုင်မြစ်အတွင်းသို့ စီးဝင်သော ချောင်းပေါင်းများစွာသည် ယင်းတောင်၏ တောင်ဘက်ဖျား တောင်တန်းများတွင် မြစ်ဖျားခံကြသည်။[]

သမိုင်း

[ပြင်ဆင်ရန်]

ဘူမိဗေဒဆိုင်ရာ လေ့လာတွေ့ရှိချက်များအရ ပဲခူးရိုးမသည် မိုင်အိုဆင်း (Miocene) နှင့် ပလိုင်အိုဆင်း (Pliocene) ကာလများ (လွန်ခဲ့သော နှစ်ပေါင်း သန်း ၂၀ မှ ၅ သန်းခန့်) အတွင်း အိန္ဒိယကျောက်လွှာ (Indian Plate) နှင့် ယူရေးရှား ကျောက်လွှာ (Eurasian Plate) တို့ တိုက်မိတွန်းထိုးမှုကြောင့် ပေါ်ထွက်လာခဲ့သော သက်နု တွန့်ခေါက်တောင်တန်းများ ဖြစ်သည်။[] မြောက်ဘက်တွင် အနည်ကျကျောက်များမှ မီးတောင်ဟောင်း ပုပ္ပါးတောင်အထိ ဆက်စပ်နေပြီး၊ တောင်ဘက်တွင် ရန်ကုန်မြို့ သိင်္ဂုတ္တရကုန်းတော် အထိ မြေနိမ့်တောင်ပူစာအဖြစ် ပြတ်ဆင်းသွားသည်။[]

ပဲခူးရိုးမ တောင်တန်းကြီးအတွင်း သမိုင်းအစဉ်အလာအရ ကရင် နှင့် ချင်း လူမျိုးစုများ ရွာတည်ထောင်၍ နေထိုင်ခဲ့ကြသည်။ တောင်တန်းဒေသ၏ ခက်ခဲသော ပထဝီဝင်ကြောင့် လူဦးရေ ပါးလျပြီး ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးရေး ကို အဓိက လုပ်ကိုင်ခဲ့ကြသည်။[]

ပဲခူးရိုးမသည် ပုဂံ၊ အင်းဝ၊ တောင်ငူနှင့် ကုန်းဘောင် မင်းဆက်များ လက်ထက်တွင် မြန်မာနိုင်ငံ အလယ်ပိုင်း ဧရာဝတီမြစ်ဝှမ်းနှင့် အောက်ပိုင်း စစ်တောင်း/ဟံသာဝတီ မြစ်ဝှမ်းတို့အကြား သဘာဝ စစ်မက်ကာကွယ်ရေး အတားအဆီးအဖြစ် တည်ရှိခဲ့သည်။ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တော်လှန်ရေးနှင့် ဗြိတိသျှ တပ်များ ပြန်လည်ဝင်ရောက်ရာတွင် ပဲခူးရိုးမသည် ဗျူဟာမြောက် စစ်ရေးစခန်းတစ်ခု ဖြစ်ခဲ့သည်။၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တို့သည် ပဲခူးရိုးမ တောင်တန်းကြီးအား ဌာနချုပ်နှင့် တောခိုအခြေခံစခန်းအဖြစ် ရာစုနှစ်ဝက်နီးပါး သုံးစွဲခဲ့ကြသည်။ ၁၉၇၀-၁၉၇၅ ကာလများအရောက် မြန်မာ့တပ်မတော်၏ "ဖြတ်လေးဖြတ်" စစ်ဆင်ရေးများဖြင့် တိုက်ခိုက်ခဲ့ပြီးနောက်မှသာ ပဲခူးရိုးမအတွင်း စစ်ရေးလှုပ်ရှားမှုများ ငြိမ်သက်သွားခဲ့သည်။[]

သစ်တောနှင့် စီးပွားရေး

[ပြင်ဆင်ရန်]

ပဲခူးရိုးမတောင်၏ တောင်ဘက်ပိုင်းတွင် မြောက်ဘက်ပိုင်းထက် မိုးများသဖြင့် အမြဲစိမ်းလန်းသော သစ်တောများ ပေါက်ရောက်ပြီး၊ မြောက်ဘက်ပိုင်းတွင် နွေအခါ အရွက်ကြွေသော မုတ်သုန်သစ်တောများ ဖုံးလွှမ်းနေသည်။ ပဲခူးရိုးမတောင်သည် နေရာတိုင်း၌လိုပင် အဖိုးတန် သစ်တောများဖြင့် ဖုံးလွှမ်းလျက်ရှိကာ မြန်မာနိုင်ငံထွက် အဖိုးတန် ကျွန်းသစ် အများဆုံး ပေါက်ရောက်ရာ ဒေသဖြစ်သည်။ အရှေ့ဘက် တောင်စောင်းမှ သစ်များကို စစ်တောင်းမြစ်၏ လက်တက်များဖြင့် ထိုမြစ်ထဲသို့ မျှောချ၍ ပဲခူး-စစ်တောင်း တူးမြောင်းမှတစ်ဆင့် ရန်ကုန်မြို့သို့ တင်ပို့ကြသည်။ အနောက်ဘက် တောင်စောင်းမှ သစ်များကို မြစ်မခမြစ်၊ လှိုင်မြစ်များအတွင်းသို့ စီးဝင်သော ချောင်းများမှတစ်ဆင့် လှိုင်မြစ်အတိုင်း မျှောချကာ ရန်ကုန်မြို့သို့ တင်ပို့ကြသည်။[]

လူနေထိုင်မှုနှင့် လမ်းပန်းဆက်သွယ်ရေး

[ပြင်ဆင်ရန်]

ပဲခူးရိုးမ တောင်တန်းဒေသတွင် အများအားဖြင့် ကရင်လူမျိုးများ ရွာတည်ထောင်၍ နေထိုင်ကြသော်လည်း လူဦးရေ လွန်စွာ ပါးလျသည်။ ယင်းတို့သည် ရွာ၏ ပတ်ဝန်းကျင်၌ သစ်တောများကို ရှင်းလင်း ခုတ်ထွင်၍ တောင်ယာများတွင် အိမ်သုံးအတွက် ကောက်ပဲသီးနှံများ စိုက်ပျိုး နေထိုင်ကြသည်။ ပြည်၊ မကွေး၊ တောင်ငူနှင့် သရက်ခရိုင် အစပ်ဘက်ရှိ ပဲခူးရိုးမ တောင်တန်းဒေသတွင်မူ ချင်းရွာငယ်များ ရှိကြသည်။ ယင်းတို့သည် ရခိုင်ရိုးမတောင်ကို ကျော်လွန်၍ ဧရာဝတီမြစ် အရှေ့ဘက်သို့ မည်သည့်အချိန်ကစ၍ ပြောင်းရွှေ့ နေထိုင်ခဲ့ကြသည်ကိုမူ အတိအကျ မသိရချေ။ ပဲခူးရိုးမ တောင်တန်းကို ပျဉ်းမနားမှ တောင်တွင်းကြီးသို့ သွားသော မီးရထားလမ်းက ဖြတ်သန်း ဖောက်လုပ်ထားသည်။ ထို့ပြင် တောင်ငူမြို့မှ ပြည်မြို့သို့ ပဲခူးရိုးမကို ဖြတ်၍ ဆက်သွယ်ထားသော မော်တော်ကားလမ်းများလည်း ရှိသည်။[]

တောင်ထွတ်

[ပြင်ဆင်ရန်]
  1. ပုပ္ပါးတောင်မကြီး ၄၅၀၀ ပေ၊ ကျောက်ပန်တောင်းမြို့နယ်

ထင်ရှားသောတောင်ထွတ်များ

[ပြင်ဆင်ရန်]
  1. ဆင်နှာမောင်းတောင် ၂၆၉၃ပေ၊ ကြို့ပင်ကောက်မြို့နယ်
  2. ကန့်ဘလူတောင် ၂၆၃၃ပေ၊ သာယာဝတီမြို့နယ်
  3. ရွှေနပေတောင် ၂၆၃၁ပေ၊ နတ်တလင်းမြို့နယ်
  4. စောဖြူတောင် ၂၁၄၉ပေ၊ နတ်တလင်းမြို့နယ်
  5. တခလောက်တောင် ၂၀၃၄ပေ၊ ကြို့ပင်ကောက်မြို့နယ်
  6. ဝိဇ္ဇာတောင် ၁၇၇၁ပေ၊ နတ်တလင်းမြို့နယ်

ကိုးကား

[ပြင်ဆင်ရန်]
  1. Seekins, Donald M. (2006). Historical Dictionary of Burma (Myanmar). Lanham, Maryland: Scarecrow Press, p. 357. ISBN 0-8108-5476-7.
  2. Seekins, Donald M. (2006). Historical Dictionary of Burma (Myanmar). Lanham, Maryland: Scarecrow Press, p. 191. ISBN 0-8108-5476-7.
  3. 1 2 3 4 မြန်မာ့စွယ်စုံကျမ်း၊ အတွဲ (၆)၊ စာပေဗိမာန်၊ ရန်ကုန်။
  4. Bertrand, G., & Rangin, C. (2003). "Tectonics of the western margin of the Shan plateau (central Myanmar)". Journal of Asian Earth Sciences, 21(10), pp. 1139–1157.
  5. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named "Seekins".
  6. Marshall, Harry Ignatius. (1922). The Karen People of Burma: A Study in Anthropology and Ethnology. Ohio State University, pp. 12–25.
  7. Lintner, Bertil. (1990). The Rise and Fall of the Communist Party of Burma (CPB). Southeast Asia Program Publications, Cornell University, pp. 45–68.