သဘာဝ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
၁၉၈၂ ခုတွင် Galunggung မီးတောင်၌ မီးတောင်ပေါက်ကွဲစဉ် မိုးကြိုး ပစ်ချပုံ
သြစတေးလျ တွင် ဟိုပတှငျ ရတေံကှနျ သည် လူအများ စိတ်ဝင်စားရာ သဘာဝ မြင်ကွင်း ဖြစ်သည်။

သဘာဝ (nature) ဟူသည်မှာ အဓိပ္ပါယ် ကျယ်ပြန့်လှသော စကားလုံး ယင်းစကားလုံးအနက်တွင် သဘာဝ လောက၊ သဘာဝ စကြဝဠာ၊ ရုပ်ပိုင်းဆိုင်ရာ လောကနှင့် ရုပ်ပိုင်းဆိုင်ရာ စကွာဝဠာတို့ ပါဝင်နေသည်။ သဘာဝသည် ယေဘုယျအားဖြင့် ရုပ်စကြဝဠာ၏ လောကဓမ္မ (Phenomena) နှင့် သက်ရှိသဘာဝတို့ကို ရည်ညွန်းသည်။ သဘာဝ ဆိုသည်မှာ ရုပ်လောက တွင်ဖြစ်ပျက်နေမှုကို ရည်ညွှန်းပြီး ယေဘုယျအားဖြင့် အသက်ရှိခြင်း နှင့်ဆိုင်သည်။ လူတို့ဖန်တီးသော အရာများ လူတို့ရှိ ပေါင်းဖွဲ့ခြင်းများကို သဘာဝ ဟု အသုံးအနှုန်းတွင် မပါဝင်ပေ။ လူ့သဘာဝ တွင်ကားပါဝင်နိုင်သည်။ သဘာဝ သည် သဘာဝလွန် ဖြစ်ရပ်များနှင့် ခြားနားသည်။ ပမာနအားဖြင့် အဏုမြုမှုန် (subatomic) မှ မဟာစကြဝဠာ(Cosmos)ထိ ပါဝင်သည်။