နှုတ်ခမ်းမွှေးသိုက်

ဝီကီပီးဒီးယား မှ
နှုတ်ခမ်းမွှေးသိုက်
နှုတ်ခမ်းမွှေးသိုက် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
နှုတ်ခမ်းမွှေးသိုက်
နှုတ်ခမ်းမွှေးသိုက်
နှုတ်ခမ်းမွှေးသိုက် တည်နေရာ၊ မြန်မာ။
ကိုဩဒိနိတ်: 17°11′01″N 96°13′13″E / 17.18373°N 96.22040°E / 17.18373; 96.22040
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီး
ခရိုင်ရန်ကုန်မြောက်ပိုင်းခရိုင်
မြို့နယ်လှည်းကူးမြို့နယ်
ကျေးရွာအုပ်စုကလီထော (အနောက်) ရွာ[၁]

နှုတ်ခမ်းမွှေးသိုက် သည် ရန်ကုန်တိုင်းလှည်းကူးမြို့နယ်၊ ကလီထော (အနောက်) ရွာ၏ ကျေးရွာအုပ်စုဝင် ရွာတရွာ ဖြစ်သည်။ လှည်းကူး-ဖေါင်ကြီးကားလမ်း၏ အနောက်ဘက်ခြမ်းတွင် ရှိသည်။

လျှပ်စစ်မီးရမှု[ပြင်ဆင်ရန်]

သပိတ်ကုန်းရွာရှိ ဓာတ်အားလိုင်းမှတဆင့် လျှပ်စစ်မီး ရသည်။ [၂]

သယ်ယူပို့ဆောင်ရေး[ပြင်ဆင်ရန်]

လှည်းကူးဈေးမှ ဖေါင်ကြီးမြို့နယ်၊ မင်းကုန်းရွာတွင် ဂိတ်ဆုံးသည့် လိုင်းကား (၄၅) သည် နှုတ်ခမ်းမွှေးသိုက်မှတ်တိုင်တွင် ရပ်၏။ ထောက်ကြန့်မှ ကားဖြင့် မိနစ် (၂၀) မျှသာ သွားရသည်။ [၃]

လှည်းကူး-ဖေါင်ကြီးကားလမ်း၏ နှုတ်ခမ်းမွှေးသိုက်လမ်းခွဲမှ ထွက်လျှင် ရန်ကုန်-မန္တလေးအမြန်လမ်းမသို့ ပေါက်၏။ ငမိုးရိပ်ချောင်းမှာ ရွာနောက်ဘက်၌ ဝေ့ဝိုက်ကာ တောင်-မြောက် စီးနေသည်။ ချောင်းအနောက်တွင် ကလီထော (အနောက်) ရွာ ရှိ၏။ ထိုငမိုးရိပ်ချောင်းကို ကူးသည့် တံတားအား ၂၀၁၆ ခုတွင် ဆောက်ခဲ့၏။ [၄]

ပညာရေး[ပြင်ဆင်ရန်]

သက်မွေးကျောင်းအဖြစ် စိုက်ပျိုးရေးသင်တန်းကျောင်းကို မြန်မာနိုင်ငံတောင်သူလယ်သမားနှင့်စိုက်ပျိုးရေးအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (AFFM) က ဖွင့်ရန် စီမံထားသည်။ နှုတ်ခမ်းမွှေးသိုက်သူ ဒေါ်ကျင်စန်း လှူသောမြေတွင် ဆောက်ထားခြင်း ဖြစ်၏။ [၅]

ကိုးကား[ပြင်ဆင်ရန်]