နေပြည်တော်တိုင်းစစ်ဌာနချုပ်
နေပြည်တော်တိုင်းစစ်ဌာနချုပ် | |
---|---|
နပတ | |
နေပြည်တော်တိုင်းစစ်ဌာနချုပ်တံဆိပ် | |
နိုင်ငံ | မြန်မာ |
တပ်မတော် အမျိုးအစား | တပ်မတော် (ကြည်း) |
တပ် အမျိုးအစား | တိုင်းစစ်ဌာနချုပ် |
အခန်းကဏ္ဍ | နယ်မြေဒေသ ကာကွယ်ရေး၊ လုံခြုံရေး၊ စစ်ဆင်ရေး၊ နယ်မြေအတွင်းရှိ တပ်အားလုံး၏ ဦး/ရေး/ထောက်ဆိုင်ရာကိစ္စရပ်များ စီမံပေးခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း |
အမည်ပြောင် | ဂျိုကာအပြာ |
အုပ်ချုပ်သူများ | |
တိုင်းမှူး | ဗိုလ်ချုပ်စိုးမင်း |
ဒုတိယတိုင်းမှူး | ဗိုလ်မှူးချုပ်ကျော်စိုးဦး |
အဆောင်အယောင်များ | |
အလံတော် |
နေပြည်တော်တိုင်းစစ်ဌာနချုပ် (အတိုကောက် နပတ) သည် ပျဉ်းမနားမြို့အခြေစိုက် တပ်မတော်တိုင်းစစ်ဌာနချုပ်တစ်ခုဖြစ်သည်။ အဓိက တာဝန်မှာ နေပြည်တော် ပြည်ထောင်စုနယ်မြေနှင့် ၎င်းနှင့်ထိစပ်နေသော နေရာဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား အဓိကတာဝန်ယူဆောင်ရွက်ရသည်။ ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ ၎င်း၏လက်အောက်ခံတပ်များနှင့် အခြားလက်ရုံး/ဝန်ထမ်းတပ်များ၏ စစ်ဦးစီး/ စစ်ရေး/ စစ်ထောက်ပိုင်းဆိုင်ရာ လုပ်ငန်းများကိုပါ ဖြေရှင်းဆောင်ရွက်ပေးခြင်းနှင့် အထက်ဌာနများမှ အမိန့်နှင့် ညွှန်ကြားချက်များအား ထပ်ဆင့် ညွှန်ကြားပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကိုပါ ဆောင်ရွက်ရသည်။ လက်ရှိ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်ချုပ်စိုးမင်း (ကြည်း-၂၉၄၃၀) (စတသ-၃၉) ဖြစ်သည်။[၁]
သမိုင်း
[ပြင်ဆင်ရန်]၁၉၆၁ ခုနှစ် မတိုင်မီတွင် မြန်မာနိုင်ငံ၌ တောင်ပိုင်းတိုင်း နှင့် မြောက်ပိုင်းတိုင်းဟူ၍ တိုင်းစစ်ဌာနချုပ် နှစ်ခုသာရှိခဲ့ရာမှ ၁၉၆၁ ခုနှစ် အောက်တိုဘာလတွင် အနောက်မြောက်၊ အလယ်ပိုင်း၊ အရှေ့တောင်၊ အနောက်တောင်၊ အရှေ့ပိုင်းဟူ၍ (၅)ခုအထိ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် မန္တလေးအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်အား ခွဲခြားကာ မုံရွာမြို့သို့ ပြောင်း၍ အခြေစိုက်သည်။ တောင်ငူအခြေစိုက် အလယ်ပိုင်းတိုင်းအား မန္တလေးသို့ ပြောင်း၍ အခြေစိုက်သည်။ တောင်ငူတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ဟူ၍ အသစ်ဖွဲ့စည်းခဲ့သည်။၂၀၀၆ ခုနှစ်၌ မြို့တော်ကို ရန်ကုန်မှ နေပြည်တော်သို့ ပြောင်းရွှေ့ပြီးနောက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပျဉ်းမနားဒေသအား နေပြည်တော်တိုင်းစစ်ဌာနချုပ်ဟူ၍ ခွဲထုတ်ခဲ့သည်။[၂][၃][၄]
ဖွဲ့စည်းပုံ
[ပြင်ဆင်ရန်]ဤအပိုင်းကို တိုးချဲ့ရေးသားရန် လိုအပ်သည်။ |
နေပြည်တော်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်တွင် စစ်ဗျူဟာမှူး(၃)ဦး ဦးစီးသည့် စစ်ဗျူဟာအဖွဲ့ (၃)ဖွဲ့နှင့် ၎င်း စဗဟများ ကွပ်ကဲအောက်ရှိ ခြေလျင်/ ခြေမြန်တပ်ရင်း (၁၀)ရင်းရှိသည်။
အမှတ်(၁)စစ်ဗျူဟာအဖွဲ့
[ပြင်ဆင်ရန်]အမှတ်(၁)စစ်ဗျူဟာအဖွဲ့ အား အမှတ်(၁)စစ်ဗျူဟာမှူးမှ ဦးစီးပြီး ၎င်း၏ လက်အောက်တွင် ခြေလျင်/ ခြေမြန်တပ်ရင်း (၄)ရင်းရှိသည်။
- ခလရ/ ခမရ (၄)ရင်း
အမှတ်(၂)စစ်ဗျူဟာအဖွဲ့
[ပြင်ဆင်ရန်]အမှတ်(၂)စစ်ဗျူဟာအဖွဲ့ အား အမှတ်(၂)စစ်ဗျူဟာမှူးမှ ဦးစီးပြီး ၎င်း၏ လက်အောက်တွင် ခြေလျင်/ ခြေမြန်တပ်ရင်း (၃)ရင်းရှိသည်။
- ခလရ/ ခမရ (၃)ရင်း
အမှတ်(၃)စစ်ဗျူဟာအဖွဲ့
[ပြင်ဆင်ရန်]အမှတ်(၃)စစ်ဗျူဟာအဖွဲ့ အား အမှတ်(၃)စစ်ဗျူဟာမှူးမှ ဦးစီးပြီး ၎င်း၏ လက်အောက်တွင် ခြေလျင်/ ခြေမြန်တပ်ရင်း (၃)ရင်းရှိသည်။
- ခလရ/ ခမရ (၃)ရင်း
တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်
[ပြင်ဆင်ရန်]နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်ခဲ့သူများ
[ပြင်ဆင်ရန်]- ဗိုလ်ချုပ် ဝေလွင် (ကြည်း - ၁၃၉၃၂) (စတသ - ၁၈)
- ဗိုလ်ချုပ် မောင်မောင်အေး (ယခု ဗိုလ်ချုပ်ကြီး-ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်းရေလေ)) [၅] (ကြည်း - ၁၈၁၃၈) (စတသ - ၂၅)
- ဗိုလ်ချုပ် မိုးမြင့်ထွန်း [၆] (ကြည်း - ၂၁၃၉၅) (စတသ - ၃၀)
- ဗိုလ်ချုပ် မြင့်မော် (ကြည်း - ၁၉၅၅၉) (စတသ - ၂၆) (ယခု ဒုတိယဗိုလ်ချုပ်ကြီး-ငြိမ်း)
- ဗိုလ်ချုပ် သောင်းထိုက်ရွှေ [၇] (ကြည်း - ၂၃၁၈၅) (စတသ - ၃၃)
- ဗိုလ်ချုပ် ဇော်မျိုးတင်[၈] (ကြည်း - ၂၂၅၈၂) (စတသ - ၃၂)
- ဗိုလ်ချုပ် ဇော်ဟိန်း [၉] (ကြည်း - ၂၈၀၈၉) (စတသ - ၃၈) (လက်ရှိ - ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး)
- ဗိုလ်မှူးချုပ် ဝေလင်း (ယခင် အမှတ်(၆)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး) [၁၀] (ကြည်း - ၂၉၃၆၉) (စတသ - ၃၉)
- ဗိုလ်ချုပ် စောသန်းလှိုင် [၁၁] [၁၂] (ကြည်း - ၂၇၀၆၅) (စတသ - ၃၇)
- ဗိုလ်ချုပ် စိုးမင်း [၁၃] [၁၄] (ကြည်း - ၂၉၄၃၀) (စတသ - ၃၉) (ယခင် ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး) (ယခင် အမှတ် ၁၁ ခြေမြန်တပ်မဌာနချုပ်မှူး)
ကိုးကား
[ပြင်ဆင်ရန်]- ↑ "၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားကြမည့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်"။
- ↑ "ဗိုလ်ချုပ်မှူးကြီးစောမောင်ကို နဝတဥက္ကဋ္ဌရာထူးကနေ ဖယ်ရှားခဲ့စဉ်က"။
- ↑ ကိုဝင်း(အမရပူရ)။ အကွဲအပြဲနှင့် မသဲမကွဲမြန်မာပြည်။
- ↑ မြဝင်း။ တပ်မတော်ခေါင်းဆောင်များသမိုင်းအကျဉ်း (၁၉၄၁-၁၉၉၈)။
- ↑ ဒုတိယ ဗိုလ်ချုပ်ကြီး မောင်မောင်အေး ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဖြစ်လာ။ The Irrawaddy (၄ ဖေဖော်ဝါရီ ၂၀၂၁)။ ၁၈ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ အငယ်ဆုံးတိုင်းမှူး စစ်ဦးစီးအရာရှိချုပ်ဖြစ်လာ။ BBC Burmese (၉ ဇန်နဝါရီ ၂၀၁၇)။ ၁၈ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ "နေပြည်တော် စစ်တိုင်းမှူး အပြောင်းအလဲ ဖြစ်"၊ The Irrawaddy၊ ၁၇ ဇန်နဝါရီ ၂၀၂၁။ ၁၈ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ "ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အာဏာကစားပွဲ"။
- ↑ နေပြည်တော်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်း လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲ နှင့်ဆုပေးပွဲပြုလုပ်။ MWD Webportal (၃၁ ဇူလိုင် ၂၀၂၂)။ ၁၈ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ KNU နယ်မြေကို ကိုင်တွယ်တဲ့ ကစထမှူး အလဲခံရ။ BBC Burmese (၃၁မတ်၂၀၂၃)။ ၁ဧပြီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ နေပြည်တော်စစ်ဆင်ရေးအထူးအဖွဲ့မှူး အပါအဝင်တိုင်းမှူးတွေ အပြောင်းအလဲဖြစ်။ BBC Burmese (၂၆ ဩဂုတ် ၂၀၂၃)။ ၁၈ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ နေပြည်တော်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများအတွက် ဒုတိယအကြိမ် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲကျင်းပ။ CINCDS Myanmar (၂ ဒီဇင်ဘာ ၂၀၂၃)။ ၁၈ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ နေပြည်တော်တိုင်းစစ်ဌာနချုပ်နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားမည့် ကျောင်းသားကျောင်းသူများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာ ထောက်ပံ့ပေးအပ်။ MOI Myanmar (၃၁ မေ ၂၀၂၄)။ ၁ ဇွန် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ နေပြည်တော်တိုင်းမှူးအပါအဝင် ဗိုလ်ချုပ် ၅ ဦး ဖယ်ရှားခံရ။ BBC Burmese (၂၈ မေ ၂၀၂၄)။ ၂၉ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။