မာတိကာသို့ ခုန်သွားရန်

စိုးတင့်နိုင်

ဝီကီပီးဒီးယား မှ

စိုးတင့်နိုင်
ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃ ဇန်နဝါရီ ၂၀၂၆
ရွေးချယ်ခံရကြောင်း အမည်စာရင်း ကြေညာခံရသည့်နေ့
ယခင်လူဦးမြင့်ဦး (NLD)
အထွေထွေရွေးကောက်ပွဲ၊၂၀၁၅
မဲဆန္ဒနယ်မကွေးမြို့နယ်
အနိုင်ရမဲ အရေအတွက်၆၃၇၂၆ မဲ
(၄၆ ဒသမ ၁၈ ရာခိုင်နှုန်း)
ဒုတိယဝန်ကြီး
ပြည်ထဲရေးဝန်ကြီးဌာန
တာဝန်သက်တမ်း
၁၁ မေ ၂၀၂၁  ၂ ဖေဖော်ဝါရီ ၂၀၂၃
ယခင်လူကိုယ်တိုင်
ဆက်ခံသူဗိုလ်ချုပ် တိုးရီ
ဒုတိယဝန်ကြီး
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန
တာဝန်သက်တမ်း
၂ ဖေဖော်ဝါရီ ၂၀၂၁  ၁၁ မေ ၂၀၂၁
ယခင်လူဦးတင်မြင့်
ဆက်ခံသူဗိုလ်ချုပ် ခွန်သန့်ဇော်ထူး
ဒုတိယဝန်ကြီး
ပြည်ထဲရေးဝန်ကြီးဌာန
တာဝန်သက်တမ်း
၂၅ မတ် ၂၀၂၀  ၂ ဖေဖော်ဝါရီ ၂၀၂၁
ယခင်လူဗိုလ်ချုပ် ​အောင်သူ
ဆက်ခံသူဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်
တိုင်းမှူး
အနောက်မြောက်တိုင်းစစ်ဌာနချုပ်
တာဝန်သက်တမ်း
မေ ၂၀၁၉  ၂၅ မတ် ၂၀၂၀
ယခင်လူဗိုလ်ချုပ် ဖုန်းမြတ်
ဆက်ခံသူဗိုလ်ချုပ် မိုးမျိုးအောင် []
တိုင်းမှူး
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်
တာဝန်သက်တမ်း
နိုဝင်ဘာ ၂၀၁၇  မေ ၂၀၁၉
ယခင်လူဗိုလ်ချုပ် မောင်မောင်စိုး
ဆက်ခံသူဗိုလ်ချုပ် ဖုန်းမြတ်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၆၄
မကွေးမြို့
နိုင်ငံသားမြန်မာ
နိုင်ငံရေးပါတီပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
ဆုတံဆိပ်များဇေယျကျော်ထင်ဘွဲ့
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ မြန်မာ
တပ်/တပ်ဖွဲ့ခွဲ တပ်မတော် (ကြည်း)
အမှုထမ်းကာလ၁၉၈၅ - ၂၀၂၅
ရာထူးဒုတိယဗိုလ်ချုပ်ကြီး
တပ်ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)
ကိုယ်ပိုင်အမှတ်ကြည်း ၂၀၈၁၈

ဦးစိုးတင့်နိုင် (၁၉၆၄ ဖွား) သည် မကွေးမြို့နယ်ကိုယ်စားပြု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်သည်။

ယင်းမတိုင်မီက တပ်မတော်စစ်ဆေးရေးနှင့်စာရင်းစစ်ချုပ် နှင့် အမ်းမြို့ နှင့် မုံရွာမြို့ အခြေစိုက်သည့် တိုင်းစစ်ဌာနချုပ်များတွင် စစ်တိုင်းမှူးတာဝန် ထမ်းဆောင်ခဲ့သည်။ ထို့ပြင် ဦးဝင်းမြင့်အစိုးရအဖွဲ့ နှင့် စစ်ကောင်စီတို့တွင်လည်း ပြည်ထဲရေးဒုဝန်ကြီး အဖြစ် တာဝန်ထမ်းခဲ့သူ ဖြစ်သည်။

ငယ်ဘဝနှင့်ပညာရေး

[ပြင်ဆင်ရန်]

မကွေးမြို့သည် ၎င်း၏ မွေးရပ်ဇာတိဖြစ်သည်။ ငယ်စဥ်ဘဝ ပညာရေးကို မကွေးမြို့တွင်ပင် ဖြတ်သန်းသင်ကြားခဲ့သည်။မကွေး အထက(၂) မှ ဆယ်တန်းအောင်သည်။မကွေးဒီဂရီကောလိပ် တွင် တက္ကသိုလ်ပညာဆည်းပူးပြီး ဘွဲ့ရခဲ့သည်။

ဘွဲ့ရပြီးနောက် မကွေး လဝကရုံးတွင် တစ်နှစ်ခန့် ဝင်ရောက်အလုပ်လုပ်ကိုင်ခဲ့သည်။

စစ်မှုထမ်းဘဝ

[ပြင်ဆင်ရန်]

သူသည် တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း၊ (ဗထူး) အမှတ်စဉ် ၇၅ ကျောင်းဆင်းတစ်ဦး ဖြစ်သည်။ ပြန်တမ်းဝင်အမှတ် ကြည်း ၂၀၈၁၈ ဖြင့် စစ်မှုထမ်းသည်။၎င်း၏မိခင်တပ်ရင်းမှာ ခလရ(၆)ဖြစ်သည်။

ရာထူးအဆင့်ဆင့်တိုးပြီးနောက် ဗိုလ်မှူးကြီးအဆင့် ဖြင့် မိုင်းဆတ် တွင် နည်းဗျူဟာမှူး၊မိုင်းတုံတွင် အခြေချစစ်ဗျူဟာမှူး တာဝန်များ ထမ်းဆောင်ခဲ့သည်။

ဦးစိုးတင့်နိုင် သည် ဗိုလ်မှူးချုပ်အဆင့်ဖြင့် တောင်ကုတ် တွင် တပ်မမှူး၊ထို့အပြင် တိုက်ခိုက်ရေးကျောင်း(ဘုရင့်နောင်) ကျောင်းအုပ်ကြီး နှင့် တပ်မတော်(ကြည်း)၏ စစ်အကူလက်ရုံးဝန်ထမ်းတပ်ဖွဲ့ တစ်ခုဖြစ်သည့် ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ဖွဲ့ (ထောက်ပံ့ပို့ဆောင်ရေးတပ်) ၏ အကြီးအကဲ အဖြစ် ထမ်းဆောင်ခဲ့သည်။

၂၀၁၇ ခုနှစ် နိုဝင်ဘာလအရောက်တွင် စစ်တွေမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဖြစ်လာသည်။[]၂၀၁၉ ခုနှစ် မေလ တွင် ၎င်းတာဝန်ယူသည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနေရာ နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဖုန်းမြတ် တို့အား နေရာချင်း ချိန်းရာ သူသည် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး အသစ် ဖြစ်လာခဲ့သည်။[]ထိုတာဝန်ကို ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၅ ရက်နေ့အထိ ထမ်းဆောင်သည်။

၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၅ ရက်နေ့တွင် ဦးဝင်းမြင့်အစိုးရအဖွဲ့က ၎င်ကိုး ပြည်ထဲရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး အဖြစ် တာဝန်ပေးသည်။[]

၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းပြီးသည့် နောက်တွင်လည်း အာဏာသိမ်းစစ်အစိုးရအဖွဲ့ ထဲ ထိုတာဝန်နှင့် ဆက်ရှိနေခဲ့သည်။ သူသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့မှ [] ၂၀၂၁ ခုနှစ် မေလ ၁၁ရက် နေ့အထိ [] ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ၏ ဒုတိယဝန်ကြီးအဖြစ် ခေတ္တတာဝန်ယူခဲ့သေးသည်။

၂၀၂၁ ခုနှစ်၊ မေလ ၁၁ ရက်နေ့တွင် ယခင်ရာထူး ဖြစ်သည့် ပြည်ထဲရေး ဒုဝန်ကြီးအဖြစ် ပြန်လည်ထမ်းဆောင်ခဲ့သည်။[] ၂၀၂၃ ခုနှစ် ဖေဖော်ဝါ ရီ ၂ ရက်နေ့တွင် ထိုရာထူးတာဝန်မှ အနားယူခဲ့ပြီး၊ စစ်ဘက်မူလတာဝန်များကို ထမ်းဆောင်ရသည်။[]

သူသည် ကာကွယ်ဦးစီးချုပ်ရုံး(ကြည်း)တွင်  ဒုတိယဗိုလ်ချုပ်ကြီး ရာထူးဖြင့် [] တပ်မတော်စစ်ဆေးရေးနှင့်စာရင်းစစ်ချုပ်(ကြည်း၊ရေ၊လေ) ရာထူးတာဝန်ကို အပ်နှင်းခံရသည်။

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင် သူသည် စစ်ဖက်ရာထူးတာဝန်များမှ အငြိမ်းစားယူခဲ့သည်။[၁၀]

နိုင်ငံရေးဖြတ်သန်းမှု

[ပြင်ဆင်ရန်]

သူသည် အထွေထွေရွေးကောက်ပွဲ၊၂၀၂၅-၂၀၂၆ အပိုင်း(၁)၌ မကွေးမြို့နယ်ကိုယ်စားပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်ခဲ့သည်။

မဲပေးသူ ၁၃၇,၉၈၆ ဦးတွင် ၆၃,၇၂၆ (၄၆.၁၈%) မဲ ဖြင့် ရွေးကောက်ပွဲ အနိုင်ရပြီးနောက်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၎င်းအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၃ ရက်တွင် ကြေညာခဲ့သည်။[၁၁]

ရရှိသောဘွဲ့

[ပြင်ဆင်ရန်]

သူ့ကို သမ္မတဦးဝင်းမြင့် က ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့ တွင် တပ်မတော်စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့တစ်ခုဖြစ်သည့် ဇေယျကျော်ထင်ဘွဲ့ အပ်နှင်းသည်။[၁၂]

ကိုးကား

[ပြင်ဆင်ရန်]
  1. နေပြည်တော် စစ်တိုင်းမှူး အပြောင်းအလဲ ဖြစ် The Irrawaddy (၁၇ ဇန်နဝါရီ ၂၀၂၁)။ ၁၁ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  2. ရခိုင်အခြေစိုက် အနောက်ပိုင်းတိုင်း တိုင်းမှူး အစားထိုးခန့် BBC Burmese (၁၃ နိုဝင်ဘာ ၂၀၁၇)။ 30 April 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၄ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  3. တပ်မတော် စစ်တိုင်းမှူး ၂ ဦးကို အပြောင်းအလဲပြုလုပ် The Irrawaddy (၂၈ မေ ၂၀၁၉)။ 30 January 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၄ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  4. ဗိုလ်ချုပ် စိုးတင့်နိုင်ကို ပြည်ထဲရေးဒုဝန်ကြီးအဖြစ်ခန့်အပ် DVB (၂၆ မတ် ၂၀၂၀)။ ၁၁ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  5. ဒုတိယဝန်ကြီး ပြောင်းရွှေ့တာဝန်ပေးခြင်း MOI Myanmar (၂ ဖေဖော်ဝါရီ ၂၀၂၁)။ ၁၁ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  6. ဒုတိယဝန်ကြီး ပြောင်းလဲတာဝန်ပေး MOI Myanmar (၁၁ မေ ၂၀၂၁)။ ၁၁ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  7. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၁၂၄ / ၂၀၂၁ ၁၃၈၃ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၅ ရက် (၂၀၂၁ ခုနှစ်၊ မေလ ၁၁ ရက်) ဒုတိယဝန်ကြီး ပြောင်းလဲတာဝန်ပေးခြင်း | DSINFO 2026-03-06 တွင် ပြန်စစ်ပြီး။
  8. ပြည်ထဲရေးဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်အား စစ်ဘက်မူလတာဝန်များ ပြန်လည်ထမ်းဆောင်စေကာစိုက်/မွေး/ဆည်ဝန်ကြီးဌာနတွင် ဒုတိယဝန်ကြီးတစ်ဦးခန့်အပ်ပြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တစ်ဦးနှင့် ဒုတိယဝန်ကြီးတစ်ဦးကို ဝန်ကြီးဌာနပြောင်းရွှေ့ Eleven Media Group (၃ ဖေဖော်ဝါရီ ၂၀၂၃)။ ၁၁ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  9. ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ MWD Webportal (၂၄ ဧပြီ ၂၀၂၅)။ ၂၅ ဧပြီ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  10. ဒုတိယဗိုလ်ချုပ်ကြီး ၆ ဦးနဲ့ ဗိုလ်ချုပ် ၁၀ ဦးကို အနားပေး BBC (၁၃ စက်တင်ဘာ ၂၀၂၅)။ ၂၄ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  11. ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၁) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးချင်း ဆန္ဒမဲရရှိမှုအခြေအနေ MOI Myanmar (၃ ဇန်နဝါရီ ၂၀၂၆)။ ၄ ဇန်နဝါရီ ၂၀၂၆ တွင် ပြန်စစ်ပြီး။
  12. ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာအမှတ် ၂ / ၂၀၂၁ ၁၃၈၂ ခုနှစ် ၊ နတ်တော်လပြည့်ကျော် ၆ ရက် ( ၂၀၂၁ ခုနှစ် ၊ ဇန်နဝါရီလ ၄ ရက် ) MYANMAR NATIONAL PORTAL (၄ ဇန်နဝါရီ ၂၀၂၁)။ ၁၁ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။