ထားဝယ် လေဆိပ်

ဝီကီပီးဒီးယား မှ
(ထားဝယ်လေဆိပ် မှ ပြန်ညွှန်းထားသည်)
ထားဝယ်လေဆိပ်
  • IATA: TVY
  • ICAO: VYDW
    TVY သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
    TVY
    TVY
    ထားဝယ်လေဆိပ် တည်နေရာ
အချက်အလက်များ
အမျိုးအစားအများပြည်သူနှင့်ဆိုင်ရာ လေဆိပ်
စီမံကွပ်ကဲသူအစိုးရ
ဝန်ဆောင်မှု ဧရိယာထားဝယ်မြို့တနင်္သာရီတိုင်းဒေသကြီး
ပင်လယ်မျက်နှာပြင် အထက်၈၄ ပေ / ၂၆ မီတာ
ကိုဩဒိနိတ်14°06′13″N 098°12′13″E / 14.10361°N 98.20361°E / 14.10361; 98.20361
ပြေးလမ်း
ဦးတည်ရာအရပ် အလျား မျက်နှာပြင်
မီတာ ပေ
၁၆/၃၄ ၂,၁၃၅ ၇,၀၀၅ ကွန်ကရစ်
ရင်းမြစ်: [၁]

ထားဝယ်လေဆိပ် သည် မြန်မာနိုင်ငံအောက်ပိုင်း တနင်္သာရီတိုင်းဒေသကြီးထားဝယ်မြို့တွင် တည်ရှိသည်။ လေဆိပ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၈၄ ပေ (၂၆ မီတာ)တွင် တည်ရှိသည်။ လေယာဉ်ပြေးလမ်းမျက်နှာပြင်မှာ ကွန်ကရစ်အမျိုးအစားဖြစ်ကာ ၂၁၃၅ မီတာရှည်ပြီး ၃၀ မီတာအကျယ်ရှိသည်။[၁]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

မူလလေယာဉ်ပြေးလမ်း (၄၅၀၀× ၅၀) ပေ သည် ဒုတိယကမ္ဘာစစ်အတွင်း စတင်အသုံးပြုခဲ့သော စစ်သုံးလေယာဉ်ကွင်းဖြစ်ပြီး ၁၉၈၇ ခုနှစ်တွင် လေယာဉ်ပြေးလမ်းကို (၄၅၀၀× ၅၀) ပေမှ (၅၁၀၀× ၅၀) ပေအထိ တိုးချဲ့တည်ဆောက်ခဲ့သည်။ ၁၉၉၅-၁၉၉၆ ခုနှစ်တွင် (၅၁၀၀× ၇၅) ပေအထိ တိုးချဲ့ဆောင်ရွက်ခဲ့သည်။[၂]

၂၀၀၄ ခုနှစ်မှ စတင်၍ (၅၁၀၀× ၅၀) ပေအား စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးမှ (၁၂၀၀၀× ၁၀၀) ပေ အဝင်လမ်း (၂၂၀× ၁၀၀) ပေနှင့် လေယာဉ်ရပ်နားနေရာ (၆၀၀× ၃၀၀) ပေ အထူ (၂၆) လက်မ ကွန်ကရိခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ၂၀၀၈-၂၀၀၉ ခုနှစ်တွင် လုပ်ငန်းများ ပြီးစီး၍ စတင်အသုံးပြုခဲ့သည်။[၂]

လေကြောင်းလိုင်းများနှင့် ပျံသန်းမှုများ[ပြင်ဆင်ရန်]

လေကြောင်းလိုင်း မြို့အမည်
အဲပုဂံ ကော့သောင်းမြိတ်ရန်ကုန်
မြန်မာအမျိုးသား လေကြောင်းလိုင်း မော်လမြိုင်ရန်ကုန်
အေးပတ်စ် လေကြောင်းလိုင်း ရန်ကုန်

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ Airport information for VYDW Archived 4 March 2016 at the Wayback Machine. from DAFIF (effective October 2006)
  2. ၂.၀ ၂.၁ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန။ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ (၈ စက်တင်ဘာ ၂၀၁၆)။ ၁၀ မတ် ၂၀၁၈ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]