စိုးမြတ်နန္ဒာ
ပုံပန်းသွင်ပြင်
ဤ ဆောင်းပါးသည် မည်သည့် ကျမ်းညွှန်း (သို့) အကိုးအကား ကိုမှ ရည်ညွှန်းထားခြင်းမရှိပေ။ |
စိုးမြတ်နန္ဒာ (၁၅ ဒီဇင်ဘာ ၁၉၇၉ မွေးဖွား) သည် မြန်မာ အမျိုးသမီး သရုပ်ဆောင် ဖြစ်သည်။
ငယ်ဘဝ
[ပြင်ဆင်ရန်]၁၉၇၉ ခု၊ ဒီဇင်ဘာ ၁၅ ရက်တွင် ဗိုလ်မှူး စိုးမြင့်၊ ဒေါ်ကြည်ကြည်ခင်တို့မှ မွေးသည်။ မွေးချင်း ၄ ယောက်အနက် တတိယမြောက် ဖြစ်သည်။ ညီအစ်မများဖြစ်သည့် စိုးမြတ်သူဇာ၊ စိုးမြတ်ကလျာ တို့သည်လည်းကောင်း၊ ညီမဝမ်းကွဲများဖြစ်သည့် စိုးပြည့်သဇင်၊ စန္ဒီမြင့်လွင် တို့သည်လည်းကောင်း အနုပညာသည်များ ဖြစ်သည်။ ငယ်အမည်မှာ ဒါဒါ ဖြစ်သည်။
အထက်တန်းကို အထက (၂) ဗဟန်း တွင် တက်သည်။
အနုပညာ လှုပ်ရှားမှု
[ပြင်ဆင်ရန်]ကျော်ဟိန်း၊ နေဆန်း ပါဝင်သော ကံကောင်းလို့ ဗီဒီယိုတွင် ပါဝင်ကာ အနုပညာနယ်သို့ ရောက်လာသည်။ ချစ်လိုက်တော့ ဝမ်းတူးသရီး မှာ ပထမဆုံး ရုံတင်ဇာတ်ကား ဖြစ်သည်။
ပါဝင်သော ဇာတ်ကားများ
[ပြင်ဆင်ရန်]ခေါင်းစဉ် | ရုံတင်နှစ် | ဒါရိုက်တာ | ဇာတ်ကောင်နေရာ | မှတ်ချက် |
---|---|---|---|---|
ချစ်လိုက်တော့ ဝမ်းတူးသရီး | ၁၉၉၇ | |||
နှောင်ထုံးဖွဲ့ မေတ္တာ | ၁၉၉၉ | |||
အချစ်ဖြတ်သန်းရာ ဒေသ | ၂၀၀၁ | |||
ပုံလာလာ ပြောတိုင်းယုံ | ၂၀၀၁ | |||
ရင်ထဲမှာ ဘာညာဘာညာ | ၂၀၀၁ | |||
ဆေးပေါင်းခတဲ့ ည | ၂၀၀၁ | |||
အချစ်ကို မွေးဖွားခြင်း | ၂၀၀၁ | အမျိုးသမီး ဇာတ်ပို့ဆု | ||
ပုဏ္ဏားဘကွန်း | ၂၀၀၂ | |||
ဒဏ်ရာများနဲ့ အချစ် | ၂၀၀၂ | |||
ရွှေမှုန်ကြဲတဲ့ မိုးကောင်းကင် | ၂၀၀၂ | |||
စပျစ်ချိုနှင့် ချယ်ရီဝိုင် | ၂၀၀၂ | စံမမှီ | ||
ငှက်ကလေးရဲ့ ဒဏ္ဍာရီ | ၂၀၀၃ | |||
ညွှန်းစာဖွဲ့လို့ မမှီ | ၂၀၀၃ | |||
ပေါက်ပေါက်မြောက်မြောက် | ၂၀၀၄ | |||
စတိုင် | ၂၀၀၄ | |||
အပြောင်းအလဲ | ၂၀၀၄ | |||
ပန်းဒဏ္ဍာရီ | ၂၀၀၄ | |||
ချစ်ခြင်းငယ် ပြိုင် | ၂၀၀၄ | အမျိုးသမီး ဇာတ်ပို့ဆု | ||
လျှို့ဝှက်သော နှင်း | ၂၀၀၄ | |||
သုံးသုံးလီ ချစ် | ၂၀၀၅ | |||
ကျန်စစ်မင်း | ၂၀၀၅ | မိဖုရား သမ္ဗူလ | ||
ပျော်လိုက်ရအောင် | ၂၀၀၅ | |||
ဆဋ္ဌဂံ | ၂၀၀၅ | |||
မျှော်လင့်ခြင်းများစွာ | ၂၀၀၅ | |||
ရွှေမိုးသည်း | ၂၀၀၅ | |||
အမည်မဖော်လိုသူ အချစ် | ၂၀၀၈ | |||
လာထား အာဘွား | ၂၀၁၁ | |||
ချစ်တယ်ပြောမှ လွှတ်မယ် | ၂၀၁၂ | |||
ဥ | ၂၀၁၂ | |||
သေးသေးလေးပဲလား ကြီးကြီးလား | ၂၀၁၃ | |||
ရုံးပတီသီးလေးများ | ၂၀၁၆ |
မိသားစုဘဝ
[ပြင်ဆင်ရန်]အဆိုတော် ဖြိုးကြီးနှင့် လက်ထပ်ရာ သားတစ်ယောက်ရသည်။