ထားဝယ် လေဆိပ်
| ထားဝယ်လေဆိပ် | |||||||||||
|---|---|---|---|---|---|---|---|---|---|---|---|
| အချက်အလက်များ | |||||||||||
| အမျိုးအစား | အများပြည်သူနှင့်ဆိုင်ရာ လေဆိပ် | ||||||||||
| စီမံကွပ်ကဲသူ | အစိုးရ | ||||||||||
| ဝန်ဆောင်မှု ဧရိယာ | ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး | ||||||||||
| ပင်လယ်မျက်နှာပြင် အထက် | ၈၄ ပေ / ၂၆ မီတာ | ||||||||||
| ကိုဩဒိနိတ် | 14°06′13″N 098°12′13″E / 14.10361°N 98.20361°E | ||||||||||
| ပြေးလမ်း | |||||||||||
| |||||||||||
ရင်းမြစ်: [၁] | |||||||||||
ထားဝယ်လေဆိပ် သည် မြန်မာနိုင်ငံအောက်ပိုင်း တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် တည်ရှိသည်။ လေဆိပ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၈၄ ပေ (၂၆ မီတာ)တွင် တည်ရှိသည်။ လေယာဉ်ပြေးလမ်းမျက်နှာပြင်မှာ ကွန်ကရစ်အမျိုးအစားဖြစ်ကာ ၂၁၃၅ မီတာရှည်ပြီး ၃၀ မီတာအကျယ်ရှိသည်။[၁]
သမိုင်းကြောင်း
[ပြင်ဆင်ရန်]မူလလေယာဉ်ပြေးလမ်း (၄၅၀၀× ၅၀) ပေ သည် ဒုတိယကမ္ဘာစစ်အတွင်း စတင်အသုံးပြုခဲ့သော စစ်သုံးလေယာဉ်ကွင်းဖြစ်ပြီး ၁၉၈၇ ခုနှစ်တွင် လေယာဉ်ပြေးလမ်းကို (၄၅၀၀× ၅၀) ပေမှ (၅၁၀၀× ၅၀) ပေအထိ တိုးချဲ့တည်ဆောက်ခဲ့သည်။ ၁၉၉၅-၁၉၉၆ ခုနှစ်တွင် (၅၁၀၀× ၇၅) ပေအထိ တိုးချဲ့ဆောင်ရွက်ခဲ့သည်။[၂]
၂၀၀၄ ခုနှစ်မှ စတင်၍ (၅၁၀၀× ၅၀) ပေအား စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးမှ (၁၂၀၀၀× ၁၀၀) ပေ အဝင်လမ်း (၂၂၀× ၁၀၀) ပေနှင့် လေယာဉ်ရပ်နားနေရာ (၆၀၀× ၃၀၀) ပေ အထူ (၂၆) လက်မ ကွန်ကရိခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ၂၀၀၈-၂၀၀၉ ခုနှစ်တွင် လုပ်ငန်းများ ပြီးစီး၍ စတင်အသုံးပြုခဲ့သည်။[၂]
လေကြောင်းလိုင်းများနှင့် ပျံသန်းမှုများ
[ပြင်ဆင်ရန်]| လေကြောင်းလိုင်း | မြို့အမည် |
|---|---|
| အဲပုဂံ | ကော့သောင်း၊ မြိတ်၊ ရန်ကုန် |
| မြန်မာအမျိုးသား လေကြောင်းလိုင်း | မော်လမြိုင်၊ ရန်ကုန် |
| အေးပတ်စ် လေကြောင်းလိုင်း | ရန်ကုန် |
ကိုးကား
[ပြင်ဆင်ရန်]- 1 2 Airport information for VYDW 4 March 2016 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . from DAFIF (effective October 2006)
- 1 2 လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန။ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ (၈ စက်တင်ဘာ ၂၀၁၆)။ ၁၀ မတ် ၂၀၁၈ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]