ခင်မြဇင်
ပုံပန်းသွင်ပြင်
| ခင်မြဇင် | |
| ဖိုင်:KhinMyaZin.gif | |
| ' | |
| မွေးသက္ကရာဇ် | ၂၊ ၅၊ ၁၉၅၆ |
| အမည်ရင်း | ဒေါ်ဌေးဌေးမြင့် |
| မိဘအမည် | ဦးမြခင် + ဒေါ်လှသောင်း |
| မွေးဖွားရာဒေသ | ဆင်ဖြူကျွန်းမြို့၊ စလင်းမြို့နယ်၊ မကွေးတိုင်း |
| နိုင်ငံသား | မြန်မာနိုင်ငံ |
| လူမျိုး | ဗမာ |
| ကိုးကွယ်သည့်ဘာသာ | ဗုဒ္ဓ |
| ပညာအရည်အချင်း | တက္ကသိုလ်ကထိက |
| အလုပ်အကိုင် | စာရေးဆရာ |
| ကြင်ဖော် | |
| သားသမီး | |
| ထင်ပေါ်ကျော်ကြားမှု | စာရေးဆရာ |
| ထင်ရှားသည့်လက်ရာများ | |
| ရရှိခဲ့သည့်ဘွဲ့တံဆိပ်များ | အမျိုးသားစာပေဆု |
| ကွယ်လွန်ရက် | {{{ကွယ်လွန်ရက်}}} |
| ကွယ်လွန်ရာဒေသ | {{{ကွယ်လွန်ရာဒေသ}}} |
| လက်မှတ် | [[Image:|100px]] |
| ကွန်ယက် | |
ကိုယ်ရေးအကျဉ်း
[ပြင်ဆင်ရန်]အမည်ရင်း ဌေးဌေးမြင့်။ ဆင်ဖြူကျွန်းတွင် ဦးမြခင်၊ အမိ ဒေါ်လှသောင်းတို့မှ မွေးဖွားသည်။ ၁၉၇၄-၇၅ ခုနှစ်တွင် စီးပွားရေးတက္ကသိုလ် နှစ်လည်မဂ္ဂဇင်း၌ 'တနပ်စာ' ဝတ္ထုတို၊ ၁၉၇၈ ဇွန်လထုတ် မိုးဝေ စာပေ မဂ္ဂဇင်း၌ 'အမေ ဆရာမ' ဝတ္ထုတိုများ ရေးသားခဲ့သည်။ ဝတ္ထုတို စာရေးဆရာမ အဖြစ် ပို၍ ထင်ရှားသည်။ အခြား စာရေးဆရာမများနှင့် တွဲလျက် ဝတ္ထုတို၊ ဝတ္ထုလတ် စာအုပ်များ ထုတ်ဝေခဲ့သည်။ လုံးချင်း နှစ်အုပ် ထွက်ခဲ့ပြီး ဖြစ်သည်။ တက္ကသိုလ် အနုပညာ အသင်း ပန်းချီခန်းမကို အခြေခံသည် ကံ့ကော်ရွာ ပန်းချီ အုပ်စုဝင် ဖြစ်ပြီး အချို့ပွဲများတွင် ပါဝင်ပြသခဲ့သည်။ ဝန်ထမ်းအဖြစ် ၂၄ နှစ် လုပ်ကိုင်ခဲ့ပြီးနောက် ယခုအခါ အလုပ်မှ နုတ်ထွက်ကာ အိမ်ရှင်မ ဘဝတွင် နေထိုင်ပြီး စာရေးခြင်း၊ ပန်းချီဆွဲခြင်းများ လုပ်ကိုင်လျက် ရှိသည်။