မာတိကာသို့ ခုန်သွားရန်

မတင်ဝင်း (ဒေါက်တာ)

ဝီကီပီးဒီးယား မှ
(တင်ဝင်း၊ မ (ဒေါက်တာ) မှ ပြန်ညွှန်းထားသည်)
အလင်္ကာကျော်စွာ စည်သူ
ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်)
မွေးဖွားတင်ဝင်း
၁၉၄၀ (အသက် ၈၄၈၅)
ဆင်ဖြူကျွန်းမြို့မင်းဘူးခရိုင်မကွေးတိုင်း
အလုပ်အကိုင်ပါမောက္ခ(အငြိမ်းစား)
နိုင်ငံသား မြန်မာ
လူမျိုးဗမာ
ပညာရေးပါရဂူ (စာပြနည်းပညာ)
ရရှိသည့်ဆုများ

အမျိုးသားစာပေတစ်သက်တာစာပေဆု

စည်သူဘွဲ့ (၂၀၂၅)
မိဘဦးဘဌေး + ဒေါ်ရင်ရင်

ဒေါက်တာမတင်ဝင်း (၁၉၄၀ မွေးဖွား)သည် မြန်မာအမျိုးသမီး စာရေးဆရာမ ဖြစ်သည်။ရန်ကုန်ပညာရေးတက္ကသိုလ်၊သင်ပြနည်းပညာဌာန ၏ ပါမောက္ခ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပြီး၊၂၀၀၁ ခုနှစ်တွင် ကုန်းဘောင်ကိုဆန်၍ စာအုပ်ဖြင့် အမျိုးသားစာပေဆု(နိုင်ငံရေး) ရရှိခဲ့သည်။

ဒေါက်တာမတင်ဝင်းကို ၁၉၄၀ ခုနှစ်တွင် မင်းဘူးခရိုင်၊ ဆင်ဖြူကျွန်းမြို့တွင် အဖ ဦးဘဌေး၊ အမိ ဒေါ်ရင်ရင်တို့မှမွေးဖွားခဲ့ပြီး အမည်ရင်းမှာ မတင်ဝင်း ပင်ဖြစ်သည်။

ပညာသင်ယူခြင်း

[ပြင်ဆင်ရန်]

ဒေါက်တာမတင်ဝင်းသည် ၁၉၅၆ ခုနှစ်တွင် မကွေးတိုင်း၊ ရေနံချောင်းမြို့ အထက(၁) မှ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် မကွေးဥပစာကောလိပ် မှ ဥပစာတန်း အောင်မြင်သည်။ ၁၉၆၁ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ရရှိခဲ့ပြီး ဆိုဗီယက်ပြည်ထောင်စုသို့ ပညာသင် သွားရောက်ခဲ့သည်။ ထို့နောက် ၁၉၆၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၊ ပညာရေးမဟာဌာနမှ ပညာရေးမဟာဝိဇ္ဇာဘွဲ့ရရှိခဲ့သည်။ ၁၉၇၀ ပြည့်နျစ်တွင် ရန်ကုန်တက္ကသိုလ်၊ ပညာရေးမဟာဌာနမှ စာပြနည်းပညာဖြင့် ပါရဂူဘွဲ့ရရှိခဲ့သည်။

တာဝန်ထမ်းဆောင်ခြင်း

[ပြင်ဆင်ရန်]

ရေနံချောင်းမြို့၊ အထက(၁) တွင် အထက်တန်းပြ ဆရာမ အဖြစ်စတင် တာဝန်ထမ်းဆောင်ခဲ့သည်။ ပါရဂူဘွဲ့ ရရှိပြီးနောက်တွင် ရန်ကုန်ပညာရေးတက္ကသိုလ်၊ သင်ပြနည်းပညာဌာနတွင် ပါမောက္ခ ရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။

စာပေရေးသားခြင်း

[ပြင်ဆင်ရန်]

၁၉၆၈ ခုနှစ်တွင် ပညာတန်ဆောင် မဂ္ဂဇင်းတွင် ပညာရေးဆိုင်ရာ ဆောင်းပါးများ စတင်ရေးသားခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် မြည်းတစ်ကောင်နှင့် မတင်ဝင်း စာအုပ်ထွက်ရှိခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် ရာဇဝင်ထဲမှမိန်းမသား ၊ သမီးကိုပြောဖြစ်သော ပုံပြင်များ စာအုပ်ထွက်ရှိခဲ့သည်။

၁၉၉၆ ခုနှစ်တွင် လွတ်လပ်ပေါ့ပါးသော စိတ်ထားရှိပါစေ စာအုပ်၊ ၁၉၉၇ ခုနှစ် တွင် နိုင်ငံတကာ စစ်မီးလျှံများ၏ သမိုင်းအစ စာအုပ်၊ ၁၉၉၈ ခုနှစ်တွင် ငယ်ငယ်ကကြားဖူးခဲ့သော မိန်းမများအကြောင်း၊ သားနှင့်မိဘ စသောစာအုပ်များထွက်ရှိခဲ့သည်။

၁၉၉၉ ခုနှစ် တွင် စစ်သူကြီးများနှင့် စစ်ဘုရင်များ၊ ဇာတိနှင့်အစဉ်အလာ၊ ဒါလေးကိုဖတ်ကြည့်ပါဦး၊ ဘုံအနှမ်းမှ လူဆန်းများ၊ မေမေပြောတဲ့ ရှေးရှေးစကား၊ မှတ်သားမိသောစကားများ၊ ဝဋ်ဆိုတာလည်တတ်တဲ့သဘောရှိတယ်၊ မင်းကျန်စစ်ကိုချစ်တဲ့သူများ စသော စာအုပ်များ၊၂၀ဝ၀ ပြည့်နှစ် တွင် ကြီးပွားထူးချွန်သူနှင့်အလုပ်၊ ကြယ်စင်ပွင့်လင်းသောစိတ်ထားဖြင့်၊ စကားနှင်းပွင့်များ၊ ပညာလိုလျှင် ပျိုမျစ်တယ်၊ မပျက်စီးအောင် ဒါတွေရှောင်၊ လူငယ်များနှင့်စကားပြောခြင်း၊ လောကကိုဆရာတင်၍၊ အတွေး ပါသောဇာတ်ကြောင်းများ၊ အတွေးမိုးစက်များ၊ အလှရတနာသိုက်ဖွင့်လိုက်စမ်းပါ၊ အောင်မြင်ခြင်း-ပျော်ရွှင်ခြင်း နှင့် မိသားစု၊သမိုင်းစဉ်တွင်နေရာယူခြင်း စသောစာအုပ်များထွက်ရှိခဲ့သည်။

၂၀ဝ၁ ခုနှစ်တွင် ကိုယ်ပဲလူကြီး-ကိုယ်ပဲခလေး၊ ကြည်ညိုဖွယ်ရာမာတာများ၊ ထက်မြက်ထူးချွန်သူတို့၏နုတ်ထွက် စကားများ၊ပုလဲတစ်လုံးရွဲတစ်လုံး၊ ပံ့သကူအတွေးများ၊ ရေကြည်ချမ်းမြ၊ လက်ဆင့်ကမ်းရတနာ၊ သမီးအလိမ္မာ မရုစာ၊ အောင်စိတ်နှင့်လူ စသောစာအုပ်များအပြင်၊ကုန်းဘောင်ကိုဆန်၍ (အမျိုးသားစာပေဆုနိုင်ငံရေး-စာပေဆုရ)၊ထင်ရှားသောကမ္ဘာ့သုခမိန်များ စာအုပ်များ ထွက်ရှိခဲ့သည်။

၂၀ဝ၂ ခုနှစ် တွင် ပုံပြင်ကြိုက်သူ ဝင်စားသူ၊ ပြောစရာမကျန်အောင် အမှန်တွေကို အကုန်ပြောပြမယ်၊ သားလိမ္မာလှ သုဝဏ္ဏ၊ အမေ့ရဲ့ စကားပုံရိပ်များ၊ အလုပ်ဆိုတာ အင်အားပါ၊ အလုပ်နှင့်ဘဝကိုတည်ဆောက်ခြင်း စသော စာအုပ် များထွက်ရှိခဲ့သည်။

၂၀ဝ၃ ခုနှစ် တွင် အာရှနိုင်ငံများကိုဖဲ့ယူ သိမ်းယူခဲ့ကြသော နယ်ချဲ့များ စာအုပ်ထွက်ရှိခဲ့သည်။

ရရှိခဲ့သောဆုတံဆိပ်များ

[ပြင်ဆင်ရန်]

၂၀၀၁ ခုနှစ်တွင် ကုန်းဘောင်ကိုဆန်၍ စာအုပ်ဖြင့် အမျိုးသားစာပေဆု(နိုင်ငံရေး) ရရှိခဲ့သည်။ ထို့နောက် ၂၀၀၃ ခုနှစ်တွင် အာရှနိုင်ငံများကိုဖဲ့ယူသိမ်းယူခဲ့ကြသောနယ်ချဲ့များစာအုပ်ဖြင့် အမျိုးသားစာပေဆု (နိုင်ငံရေးစာပေ) ကိုလည်းကောင်း၊ ၂၀၀၄ ခုနှစ်တွင် မင်းယောက်ျားတို့၏စကားရာဇဝင် စာအုပ်ဖြင့် အမျိုးသားစာပေဆု (စာပဒေသာ) ကိုလည်းကောင်း ရရှိခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် အမျိုးသားစာပေတစ်သက်တာစာပေဆုကို ရရှိခဲ့သည်။[]

ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ

[ပြင်ဆင်ရန်]

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့တွင်ထုတ်ပြန်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ် (၂၁၁/၂၀၂၂)ဖြင့် အလင်္ကာကျော်စွာဘွဲ့ အပ်နှင်းခြင်းခံရသည်။[] ထို့နောက် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ထုတ်ပြန်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာ အမှတ် (၂/၂၀၂၅) ဖြင့် စည်သူဘွဲ့ အပ်နှင်းခြင်းခံရသည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာ့အလင်းသတင်းစာ (၁၈.၁၁.၂၀၂၂) 18 November 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 November 2022 တွင် ပြန်စစ်ပြီး။
  2. အမျိုးသားစာပေတစ်သက်တာဆု
  3. အမိန့်ကြော်ငြာစာအမှတ်(၂၁၁/၂၀၂၂)
  4. အမိန့်ကြော်ငြာစာအမှတ်(၂/၂၀၂၅)