ရန်ကုန်တိုင်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ရန်ကုန်တိုင်း
Flag of Yangon Division.svg
မြို့တော် ရန်ကုန်မြို့
ဧရိယာ ၁၀,၁၇၀ km²
လူဦးရေ ၅,၄၂၀,၀၀၀
လူမျိုးများ ဗမာတရုတ်ကုလားကရင်ရှမ်းဂေါ်ရခါး
ဘာသာတရားများ ဗုဒ္ဓခရစ်ယာန်အစ္စလာမ်ဟိန္ဒူ
MyanmarYangon.png

ယခုအခါ ရန်ကုန်တိုင်းဒေသကြီး ဟု ပြောင်းလဲခေါ်ဝေါ်သည်။ ဝန်ကြီးချုပ်မှာ ယခင် တိုင်းမှူးဟောင်းနှင့် ဗိုလ်ချုပ်ဟောင်း ဦးမြင့်ဆွေ ဖြစ်သည်။

မာတိကာ

[ပြင်​ဆင်​ရန်​] တည်နေရာနှင့် အကျယ်အဝန်း

ရန်ကုန်တိုင်းသည် တိုင်းနှင့်ပြည်နယ် ၁၄ ခုတို့တွင် အကျဉ်းဆုံးဖြစ်ပြီး လူနေအထူထပ်ဆုံးလည်းဖြစ်သည်။ မြန်မာနိုင်ငံ၏ တောင်ပိုင်းတွင်တည်ရှိတည်ရှိပြီး ပဲခူးတိုင်း ဧရာဝတီတိုင်းနှင့် မုတ္တပင်လယ်ကွေ့တို့ဖြင့် ဝန်းရံထားသည်။ မြောက်လတ္တီကျူဒ် ၁၆ဒီဂရီ ၂၀မိနစ် မှ ၁၇ဓီဂရီ ၅၀မိနစ်အတွင်း၊ အရှေ့လောင်ဂျီကျူဒ် ၃၅ဒီဂရီ ၄၅မိနစ် မှ ၉၆ဒီဂရီ ၄၆မိနစ်အတွင်း တည်ရှိသည်။ ဘင်္ဂလားပင်လယ်အော်အတွင်းရှိ ကိုကိုးကျွန်းအပါအဝင် စုစုပေါင်း ဧရိယာ ၃၉၂၇.၁၅စတုရန်းမိုင် ကျယ်ဝန်းသည်။

[ပြင်​ဆင်​ရန်​] ရာသီဥတု

ပင်လယ်နှင့်နီးသောဒေသဖြစ်၍၊ မိုးများပြီးစွတ်စိုသော ရာသီဥတုရှိသည်။ ပျှမ်းမျှ အားဖြင့် အပူဆုံးအချိန် ဖြစ်သည့် ဧပြီလတွင် ၉၅ဒီဂရီဖာရင်ဟိုက် ရှိသည်။ နေ့ခင်းဘက်အပူချိန်မှာ ၁၀ဝဒီဂရီမှ ၁၀၄ဒီဂရီဖာရင်ဟိုက်ထိ ရှိတတ်သည်။ အအေးဆုံးဖြစ်သည့် ဒီဇင်ဘာလတွင် အပူချိန်မှာ ၇၇ဒီဂရီဖာရင်ဟိုက်ရှိပြီး ညဘက်အပူချိန်မှာ ၆၀ဒီဂရီဖာရင်ဟိုက်ထိ ကျဆင်းတတ်သည်။ ပျှမ်းမျှမိုးရေချိန်မှာ ၁၀၃လက်မထိရှိသည်။ မိုးကာလမှာ မေလမှ အောက်တိုဘာလထိ ရှည်လျားပြီး ဂျူလိုင်နှင့် ဩဂုတ်လများမှာ မိုးအများဆုံးရွာသွန်းလေ့ရှိသည့်လများဖြစ်သည်။

[ပြင်​ဆင်​ရန်​] မြို့တော်

ရန်ကုန်တိုင်း၏ မြို့တော်မှာ ရန်ကုန်မြို့ဖြစ်သည်။

ရန်ကုန်တိုင်း

[ပြင်​ဆင်​ရန်​] ခရိုင်ရုံးစိုက်ရာမြို့များ

[ပြင်​ဆင်​ရန်​] ပါဝင်သောမြို့နယ်များ

[ပြင်​ဆင်​ရန်​] စိတ်ဝင်စားဖွယ်နေရာများ

[ပြင်​ဆင်​ရန်​] စာပေ၊ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့

[ပြင်​ဆင်​ရန်​] ဒေသထွက်ကုန်များ

[ပြင်​ဆင်​ရန်​] ကိုးကား

  1. D.P.S. MYANMAR GUIDE MAP. 2000.
  • မြန်မာပြည်ဖွား ဂေါ်ရခါး၊ ရေး-မေမြို့ချစ်ဆွေ၊၂၀၀၀ခုနစ်ထုတ်




ကိုယ်ပိုင် ကိရိယာများ

အမျိုးမျိုးအပြားပြား
ဆောင်ရွက်ချက်များ
Navigation
လက်စွဲ ကိရိယာများ
တခြား ဘာသာဖြင့်