ပန်းဘဲတန်းမြို့နယ်

ဝီကီပီးဒီးယား မှ
ပန်းဘဲတန်းမြို့နယ်
ကျောက်တံတားခရိုင်အတွင်း တည်နေရာ
ကျောက်တံတားခရိုင်အတွင်း တည်နေရာ
ရန်ကုန်မြို့အတွင်း တည်​နေရာ
ရန်ကုန်မြို့အတွင်း တည်​နေရာ
ပန်းဘဲတန်းမြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ပန်းဘဲတန်းမြို့နယ်
ပန်းဘဲတန်းမြို့နယ်
ပန်းဘဲတန်းမြို့နယ် တည်နေရာ၊ မြန်မာ။
ကိုဩဒိနိတ်: 16°46′49″N 96°9′20″E / 16.78028°N 96.15556°E / 16.78028; 96.15556ကိုဩဒိနိတ်: 16°46′49″N 96°9′20″E / 16.78028°N 96.15556°E / 16.78028; 96.15556
Country မြန်မာ
တိုင်း​ဒေသကြီး ရန်ကုန်
ခရိုင်ကျောက်တံတား
စာပို့သင်္ကေတ၁၁၁၄၃

ပန်းဘဲတန်းမြို့နယ်သည် ရန်ကုန်မြို့လယ်၏အလယ်ပိုင်းတွင် တည်ရှိသည်။ ရန်ကုန်မြို့၏အကြီးဆုံးဈေးများဖြစ်သောဗိုလ်ချုပ်အောင်ဆန်းဈေးနှင့် သိမ်ကြီးဈေးတို့သည် ပန်းဘဲတန်းမြို့နယ်တွင် တည်ရှိသည်။ ရပ်ကွက်ပေါင်း (၁၁)ခုရှိသည်။ ပန်းဘဲတန်းမြို့နယ်၏အရှေ့ဘက်တွင် ကျောက်တံတားမြို့နယ်၊ တောင်ဘက်တွင် ဆိပ်ကမ်းမြို့နယ်နှင့် ရန်ကုန်မြစ်၊ အနောက်ဘက်တွင် လသာမြို့နယ်နှင့် မြောက်ဘက်တွင် ဒဂုံမြို့နယ်တို့ တည်ရှိသည်။ ပန်းဘဲတန်းမြို့နယ်တွင် မူလတန်းကျောင်း (၃)ကျောင်း၊ အလယ်တန်းကျောင်း (၂)ကျောင်းနှင့် အထက်တန်းကျောင်း (၃)ကျောင်းတို့ တည်ရှိသည်။

ထင်ရှားသော အဆောက်အဦးများ[ပြင်ဆင်ရန်]

ပန်းဘဲတန်းမြို့နယ်သည် ဗြိတိသျှလက်ထက်ထဲက မူလပထမ မြို့စီမံကိန်းတွင် ပါဝင်ခဲ့သောကြောင့် ကိုလိုနီခေတ် အဆောက်အအုံများစွာ တည်ရှိသည်။ အောက်ဖော်ပြပါအဆောက်အဦးများကို ရန်ကုန်မြို့ရှိ ရှေးဟောင်းအမွေအနှစ်အဖြစ် ထိန်းသိမ်းထားသည်။

အမည် အမျိုးအစား လိပ်စာ မှတ်ချက်
အ.ထ.က(၂)ပန်းဘဲတန်း ကျောင်း ၁၂၄-၁၄၂၊ (ရွှေတိဂုံဘုရားလမ်း)
ဗိုလ်ချုပ်အောင်ဆန်းဈေး ဈေး ဗိုလ်ချုပ်အောင်ဆန်းလမ်း
ဂုလမ်အာလစ် မာစ်ဂျစ်ဝါဖ် ဗလီ ဗလီ ၆၂-၆၄၊ လမ်းမတော်လမ်း
ယခင် အိန္ဒိယအသက်အာမခံလုပ်ငန်း အဆောက်အအုံ ရုံး ၆၅၄၊ ကုန်သည်လမ်းနှင့် ရွှေဘုံသာလမ်းထောင့်
နအူဆာရီပူရီ ဗလီ ဗလီ ၂၈၁၊ ရွှေဘုံသာလမ်း
ဆာတီဆန်နီဂျမာ ဗလီ ဗလီ ၁၄၉၊ ရွှေဘုံသာလမ်း

ကိုးကား[ပြင်ဆင်ရန်]

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]