လသာမြို့နယ်သည် ရန်ကုန်မြို့လယ်၏အနောက်ပိုင်းတွင် တည်ရှိသည်။ ရပ်ကွက်ပေါင်း (၅)ခုရှိသည်။ လသာမြို့နယ်၏အနောက်ဘက်တွင် လမ်းမတော်မြို့နယ်၊ အရှေ့ဘက်တွင် ပန်းဘဲတန်းမြို့နယ်၊ တောင်ဘက်တွင် ဆိပ်ကမ်းမြို့နယ်နှင့် ရန်ကုန်မြစ်၊ မြောက်ဘက်တွင် ဒဂုံမြို့နယ်တို့ တည်ရှိသည်။ လသာမြို့နယ်တွင် ရပ်ကွက် (၁၀)ခုရှိပြီး မူလတန်းကျောင်း (၃)ကျောင်း၊ အလယ်တန်းကျောင်း (၁)ကျောင်းနှင့် အထက်တန်းကျောင်း (၂)ကျောင်းတို့ တည်ရှိသည်။ လမ်းမတော်မြို့နယ်နှင့် လသာမြို့နယ်တို့သည် ရန်ကုန်မြို့၏ တရုတ်တန်းဖြစ်သည်။
ထင်ရှားသော အဆောက်အဦးများ [ပြင်ဆင်ရန်]
လသာမြို့နယ်တွင် ကိုလိုနီခေတ်အဆောက်အအုံများစွာရှိသည်။ ထိုအဆောက်အဦးများအနက် အများစုကို ရန်ကုန်မြို့ရှိ ရှေးဟောင်းအမွေအနှစ်အဖြစ် ထိန်းသိမ်းထားသည်။
| အမည် |
အမျိုးအစား |
လိပ်စာ |
မှတ်ချက် |
| အ.ထ.က(၁)လသာ |
ကျောင်း |
၂၇၀၊ ရွှေတိဂုံဘုရားလမ်း |
|
| အ.ထ.က(၂)လသာ |
ကျောင်း |
၁၁၂၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း |
(ယခင်) စိန့်ဂျွန်းကွန်ဗင့် အထက်တန်းကျောင်း |
| ဗုဒ္ဓဘာသာမဟာသိမ်တော် |
ဘုန်းကြီးကျောင်း |
၅၅၀၊ မဟာဗန္ဓုလလမ်း |
|
| ချိုလီရာ ဒါဂါ ဗလီ |
ဗလီ |
၂၃၉၊ ၂၉လမ်း |
|
| ချိုလီရာ ဂျာမာ ဗလီ |
ဗလီ |
၁၁၄၊ ဗိုလ်ဆွန်ပက်လမ်းနှင့် မဟာဗန္ဓုလလမ်းထောင့် |
|
| ခိန့်ဟုတ်ဗုဒ္ဓဘာသာဘုရားကျောင်း |
တရုတ်ဗုဒ္ဓဘာသာဘုရားကျောင်း |
၄၂၆-၄၃၂၊ ကမ်းနားလမ်းနှင့် စဉ့်အိုးတန်းလမ်းထောင့် |
|
| ကွမ်ရင်ဗုဒ္ဓဘာသာဘုရားကျောင်း |
တရုတ်ဗုဒ္ဓဘာသာဘုရားကျောင်း |
၆၆၈၊ မဟာဗန္ဓုလလမ်းနှင့် လသာလမ်းထောင့် |
|
| သန့်ရှင်းသော တြိနတိ ကသီဒြယ် ခရစ်ယာန်ဘုရားရှိခိုးကျောင်း |
ခရစ်ယာန်ဘုရားရှိခိုးကျောင်း |
၄၄၆၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း |
|
| ဂျိန်းဘုရားကျောင်း |
ဂျိန်းဘုရားကျောင်း |
၇၆-၇၈၊ ၂၉လမ်း |
|
| ဂျူးဘာသာ ရဟူဒီဘုရားရှိခိုးကျောင်း |
ရဟူဒီဘုရားရှိခိုးကျောင်း |
၈၅၊ ၂၆လမ်း |
|
| လုံစန်းထန်ဘုရားကျောင်း |
တရုတ်ဗုဒ္ဓဘာသာဘုရားကျောင်း |
၅၃-၅၅၊ အနော်ရထာလမ်း |
|
| မဟာပိန္နဲ ဟိန္ဒူဘုရားကျောင်း |
ဟိန္ဒူဘုရားကျောင်း |
၁၄၉၊ ၂၄လမ်း |
|
| မတ်ဟယ်ရှီရာ ဗလီ |
ဗလီ |
၉၁၊ ၃၀လမ်း |
|
| မြန်မာကုန်တိုက်စတိုး |
ရုံး |
၁၉-၄၃၊ ဗိုလ်ဆွန်ပက်လမ်း |
|
| မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲ ၄ |
ရုံး |
၆၂၅၊ ကုန်သည်လမ်းနှင့် ၃၀လမ်းထောင့် |
|
| မြန်မာရေနံနှင့် သဘာ၀ ဓာတ်ငွေ့လုပ်ငန်း ရုံးချုပ် |
ရုံး |
၆၀၄-၆၀၈၊ ကုန်သည်လမ်း |
|
| မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း ငွေစာရင်းရုံး |
ရုံး |
၄၆၅-၄၆၉၊ မဟာဗန္ဓုလလမ်း |
|
| စိန့်ဂျွန် ကက်သလစ် ခရစ်ယာန်ဘုရားရှိခိုးကျောင်း |
ခရစ်ယာန်ဘုရားရှိခိုးကျောင်း |
၃၆၈၊ ဗိုလ်ဆွန်ပက်လမ်း |
|
| သီရိကလီမာ ဟိန္ဒူဘုရားကျောင်း |
ဟိန္ဒူဘုရားကျောင်း |
၂၉၅၊ ကုန်ဈေးတန်းလမ်း |
|
| သီရိကန်မိချီ ဟိန္ဒူဘုရားကျောင်း |
ဟိန္ဒူဘုရားကျောင်း |
၃၇၅၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့် |
|
| သီရိစတိနာရာရန် ဟိန္ဒူဘုရားကျောင်း |
ဟိန္ဒူဘုရားကျောင်း |
၂၃၊ ၂၉လမ်း |
|
| ရန်ကုန်ဆေးရုံကြီး |
ဆေးရုံ |
ဗိုလ်ချုပ်အောင်ဆန်းလမ်း |
|
[၁]
- ↑ http://en.wikipedia.org/wiki/Latha_Township
ရန်ကုန်တိုင်းဒေသကြီး |
|
မြို့တော် : ရန်ကုန်မြို့
မြို့နယ်ပေါင်း : (၄၆) မြို့နယ် |
|
| အနောက်ပိုင်းခရိုင် (၁၄) မြို့နယ် |
|
 |
|
| အရှေ့ပိုင်းခရိုင် (၇) မြို့နယ် |
|
|
| မြောက်ပိုင်းခရိုင် (၁၁) မြို့နယ် |
|
|
| တောင်ပိုင်းခရိုင် (၁၄) မြို့နယ် |
|
|
| အဓိကမြို့များ |
|
|