ရန်ကုန်တက္ကသိုလ်
| ရန်ကုန်တက္ကသိုလ် | |
| University of Yangon | |
| နတ္ထိ၊ ဝိဇ္ဇာ၊ သမံ၊ မိတ္တံ | |
| တည်ထောင်ခုနှစ် | ၁၈၇၈ (ရန်ကုန်ကောလိပ်) |
| တည်နေရာ | ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့ |
| အကျယ်အဝန်း | မသိ |
| ပိုင်ဆိုင်မှု | အစိုးရပိုင် |
| အဖွဲ့အစည်း | ASEAN University Network |
ရန်ကုန်တက္ကသိုလ်သည် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် တွင် တည်ရှိပြီး မြန်မာနိုင်ငံ၏ ပထမဆုံးသော တက္ကသိုလ် ဖြစ်သည်။ အရှေ့တောင် အာရှ၏ အစောဆုံး တက္ကသိုလ်များတွင်လည်း ပါဝင်သည်။
မာတိကာ |
တည်နေရာ [ပြင်ဆင်ရန်]
ရန်ကုန်တက္ကသိုလ်သည် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် အင်းယားကန်၏ အနောက်တောင်ဘက်၊ ပြည်လမ်း နှင့် တက္ကသိုလ်ရိပ်သာ လမ်းတို့ ဆုံရာတွင် တည်ရှိသည်။ ပင်မတက္ကသိုလ်ကျောင်းဝန်း နှင့် လှိုင်ကျောင်းဝန်း ဟူ၍ ၂မျိုးရှိပြီး၊ ဂျပ်ဆင် ဘုရားကျောင်းမှာ ပင်မ ကျောင်းဝန်း အတွင်းတွင် ရှိသည်။ ဘွဲ့နှင်းသဘင် အနီးတွင်ရှိသော အထင်ကရ သစ်ပုတ်ပင်ကြီးသည် ၂၀၀၈ခုနှစ် မေလ ၂ရက်နေ့က တိုက်ခတ်သွား နာဂစ်မုန်တိုင်းဒဏ်ကို ကြံ့ကြံ့ခံပြီး မားမားမတ်မတ် ဆက်လက်ရပ်တည်လျှက်ရှိသည်။
သမိုင်း [ပြင်ဆင်ရန်]
ရန်ကုန် တက္ကသိုလ်ကို ၁၈၇၈ခုနှစ်တွင် ဗြိတိသျှ-အိန္ဒိယရှိ ကလက္ကတား တက္ကသိုလ် လက်အောက်ခံ ရန်ကုန် ကောလိပ် အဖြစ် စတင် တည်ထောင် ခဲ့သည်။ ကိုလိုနီဒေသများ၏ ပညာရေးအတွက် ဖွဲ့စည်း ထားခဲ့သော ပညာ ရေးဌာနမှ တိုက်ရိုက် ကိုင်တွယ်ခဲ့သည်။ ၁၉၀၄ ခုနှစ်တွင် အစိုးရကောလိပ် ဟု အမည်ပြောင်း ခဲ့ပြီး၊ ၁၉၂၀တွင် ယူနီဗာစီတီ ကောလိပ် နှင့် ဂျပ်ဆင်(ယုဒသန်)ကောလိပ် ဟူ၍ ပေါ်ထွက် လာခဲ့သည်။ ယူနီဗာစီတီ ကောလိပ်မှာ ဘာသာရေး နှင့် မသက်ဆိုင်သော ကျောင်းဖြစ်ပြီး၊ ဂျပ်ဆင်ကောလိပ်မှာ နှစ်ခြင်းခရစ်ယန် သာသနာ အခြေပြု ကျောင်းဖြစ်သည်။ အမေရိကန် နှစ်ခြင်းခရစ်ယာန် သာသနာပြု အဖွဲ့မှ ဂျပ်ဆင်ကောလိပ် အား ရန်ကုန် တက္ကသိုလ် လက်အောက်ခံ သီးခြားလွတ်လပ်သည့် ကျောင်း အဖြစ် အသိအမှတ် ပြုခဲ့သည်။ ရန်ကုန်တက္ကသိုလ်ကို အင်္ဂလန် နိုင်ငံရှိ အောက်စဖို့ နှင့် ကိန်းဘရစ်ချ် တက္ကသိုလ်တို့၏ စနစ် အတိုင်း ဖွဲ့စည်း တည်ဆောက် ခဲ့ခြင်း ဖြစ်သည်။ ၁၉၄၀နှင့် ၅၀ခုနှစ်များ အတွင်းတွင် အရှေ့တောင် အာရှ၏ အကောင်းဆုံး တက္ကသိ်ုလ် ဖြစ်ခဲ့ပြီး အရှဆင့်တွင်လည်း ထိပ်တန်း ရပ်တည် နိုင်ခဲ့ ခြင်းကြောင့် အခြား အာရှနိ်ုင်ငံ များမှ ကျောင်းသားများ လာရောက် ပညာ ဆည်းပူးရာ တက္ကသိုလ် ဖြစ်ခဲ့သည်။
ရန်ကုန်တက္ကသိုလ်ကို ပါမောက္ခများ ကောင်စီ၊ ပညာရှင်များနှင့် အစိုးရ အရာရှိများ ပူးပေါင်း အုပ်ချုပ်ခဲ့သော်လည်း ၁၉၆၂ခုနှစ်၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ လက်ထက်တွင် အဆင့်မြင့် ပညာရေး ဦးစီး ဌာနမှ တိုက်ရိုက် ချုပ်ကိ်ုင် ခဲ့သည်။ ထို့အပြင် ကျောင်းတွင်း သင်ကြားရေး ဘာသာစကားအားလည်း အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ပြောင်း လဲခဲ့ပြန် သည်။ မကြာမီ ပညာရေး အဆင့်အတန်း တဖြည်းဖြည်း နိမ့်ကျလာခဲ့ရာ အပြည်ပြည်ဆိုင်ရာမှ အသိအမှတ်ပြုခြင်းများ ရပ်တန့် သွားခဲ့ ရသည်။ ဆေးပညာ၊ ဘောဂဗေဒ နှင့် ပညာရေး ဌာနများအား သီးခြား ကျောင်းများ အဖြစ် ခွဲ ထုတ်ပြီး ချိန်တွင် ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ် ဟုအမည် ပြောင်းလဲခဲ့သည်။ ၈၈၈၈ လူထု အုံကြွမှု ကာလအပြီးမှ စ၍ ရန်ကုန် တက္ကသိုလ်သည် အချိန် အကန့်အသတ် မရှိ ပိတ်ထားခြင်း ခံခဲ့ရပြီး ယနေ့တိုင် ဘွဲ့လွန် နှင့် ဒစ်ပလိုမာ သင်တန်း အနည်းငယ်သာ သင်ကြားပေး လျှှက်ရှိသည်။ ၁၉၉၅ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့တွင် ရန်ကုန် တက္ကသိုလ်၏ ၇၅နှစ်ပြည့် စိန်ရတု သဘင် အားတစ်ပတ်ကြာ ကျင်းပခဲ့ပြီး န.ဝ.တ အစိုးရမှ ကျပ်သိန်း ၆၃၀တန် စိန်ရတု ခန်းမကို ဆောက်လုပ်ခဲ့သည့်အပြင် အထိမ်းအမှတ် တံဆိပ်ခေါင်း နှစ်မျိုးလည်း ထုတေ်၀ခဲ့သည်။[၁]
အထင်ကရ ဖြစ်ရပ်များ [ပြင်ဆင်ရန်]
၁၉၆၂ခုနှစ် ဂျူလိုင်၇ရက်နေ့တွင် တရားမျှတမှုမရှိသော တက္ကသိုလ် စည်းမျဉ်းများ အတွက် ကျောင်းသားများ ကျောင်းဝင်း အတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြနေစဉ် ဦးနေဝင်း၏ တပ်များ ပစ်ခတ်မှု ကြောင့် တစ်ဒါဇင်ခန့် သေဆုံးခဲ့ရသည့် အပြင် သမိုင်းဝင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ(ဗ.က.သ) အဆောက်အဦးပါ ဒိုင်းနမိုက်နှင့် ဖေါက်ခွဲ ဖျက်စီး ခံခဲ့ရသည်။ ၁၉၇၄ ဒီဇင်ဘာ၅ ရက်နေ့တွင် ကျိုက်က္ကဆံ ကွင်းအတွင်း ပြသထားသော ဦးသန့်၏ ရုပ်အလောင်းကို ရန်ကုန်တက္ကသိုလ် ကျောင်းသားများမှ ခိုးယူပြီး နိုင်ငံတော် ဈာပနဖြင့် သင်္ဂြုလ်ပေးရန် ဆန္ဒပြ တောင်းဆို ခဲ့ကြသည်။ ဒီဇင်ဘာ၁၁ ရက်နေ့တွင် စစ်တပ်မှ ကျောင်းဝင်းအတွင်း ဝင်ရောက် စီးနင်းပြီး ဦးသန့် အလောင်းကို ပြန်လည် ယူငင် ခဲ့သောကြောင့် ကျောင်းသား အချို့ သေဆုံးခဲ့ရသည်။[၂]
ဌာနများ [ပြင်ဆင်ရန်]
- သင်္ချာဌာန
- ရူပဗေဒဌာန
- ဓာတုဗေဒဌာန
- ကုန်ထုတ်ဓာတုဌာန
- သတ္တဗေဒဌာန
- ရုက္ခဗေဒဌာန
- ဥပဒေဌာန
- အင်္ဂလိပ်စာဌာန
- မြန်မာစာဌာန
- သမိုင်းဌာန
- အပြည်ပြည်ဆိုင်ရာဆက်ဆံရေးဌာန
- ဘူမိဗေဒဌာန
- အရှေ့တိုင်းပညာဌာန
- ကွန်ပျူတာသိပ္ပံပညာဌာန
အဆောင်များ [ပြင်ဆင်ရန်]
- အင်းဝဆောင်
- ပုဂံဆောင်
- ပဲခူးဆောင်
- ဒဂုံဆောင်
- အင်းလျားဆောင်
- မာလာဆောင်
- နဝဒေးဆောင်
- ပင်းယဆောင်
- ပြည်ဆောင်
- တကောင်းဆောင်
- သထုံဆောင်
- သီရိဆောင်
- ရတနာဆောင်
- စစ်ကိုင်းဆောင်
- ရွှေဘိုဆောင်
- ရာမညဆောင်
ထင်ရှားသော ကျောင်းသားဟောင်းများ [ပြင်ဆင်ရန်]
- ဗိုလ်ချုပ်အောင်ဆန်း
- ဒေါက်တာဘမော်
- ကာတွန်း ဘကလေး
- သိန်းဖေမြင့်
- ဦးရာဇတ်
- ဦးနု
- ဦးသန့်
- ဒေါက်တာမောင်မောင်
- ဦးနေဝင်း
- ဆာမောင်ခင်
- မြို့မ-ဦးသန်းကြွယ်
- ခင်မျိုးချစ်
- ဒေါက်တာသန်းထွန်း
- မင်းသုဝဏ်
- နိုင်ရွှေကျင်
- ဦးကြည်မောင်
- ဝန်ကြီးချုပ်ဟောင်း ခင်ညွန့်
ကိုးကား [ပြင်ဆင်ရန်]