ဒလမြို့နယ်
Wikipedia မှ
ဒလမြို့နယ်သည် ရန်ကုန်မြို့နှင့် မြစ်တစ်စင်းသာခြားပြီး သင်္ဘောနှင့် သွားပါက ဆယ်မိနစ်အတွင်း ရောက်ရှိနိုင်သည်။ ရှေးမြန်မာမင်းလက်ထက်က မြန်မာနိုင်ငံ၏ တောင်ဘက်စွန်း ခံတပ်မြို့ ဖြစ်သည်။ ယခင်က ကျေးရွာအုပ်စု ဖြစ်ခဲ့ပြီးနောက် မြို့နယ်တစ်ခုအဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ ၁၉၇၄-ခုနှစ်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ်အတွင်း ထည့်သွင်းခဲ့သည်။ ဒလမြို့ အနောက်ဘက်တွင် တွံတေးတူးမြောင်းနှင့် မြောက်ဘက်တွင် ရန်ကုန်မြစ်တို့ ဆက်သွယ်စီးဆင်းနေသည်။
ဒလမြို့သည် ၁၀.၉၃ စတုရန်းမိုင် ကျယ်ဝန်းပြီး ရပ်ကွက်ပေါင်း (၂၃)ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း (၂၃)အုပ်စု၊ ရွာပေါင်း (၄၅)ရွာဖြင့် ဖွဲ့စည်းထားသည်။ ဒလမြို့မှတဆင့် တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒေးဒရဲ၊ ဖျာပုံ၊ ကျိုက်လတ်မြို့များသို့ပါ ဆက်သွယ်သွားလာနိုင်သည့် အဓိက မြို့နယ်တစ်နယ် ဖြစ်သည်။
ကိုးကား [ပြင်ဆင်ရန်]
- ↑ ၂၇.၁.၂၀၁၁ ထုတ် ကြေးမုံသတင်းစာမှ
|
|||||||||||||||||||||||
|
||||||||