အင်းစိန်မြို့နယ်

ဝီကီပီးဒီးယား မှ
အင်းစိန်မြို့နယ်
အင်းစိန်မြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
အင်းစိန်မြို့နယ်
အင်းစိန်မြို့နယ်
အင်းစိန် တည်နေရာ၊ မြန်မာ။
ကိုဩဒိနိတ်: 16°53′34″N 96°5′53″E / 16.89278°N 96.09806°E / 16.89278; 96.09806ကိုဩဒိနိတ်: 16°53′34″N 96°5′53″E / 16.89278°N 96.09806°E / 16.89278; 96.09806
နိုင်ငံ မြန်မာ
တိုင်း​ဒေသကြီး ရန်ကုန်
ခရိုင်အင်းစိန်
စာပို့သင်္ကေတ၁၁၀၁၁၊ ၁၁၀၁၂၊ ၁၁၀၁၃

အင်းစိန်မြို့နယ် သည် ရန်ကုန်တိုင်းအတွင်း ရန်ကုန်မြို့၏ မြောက်အရပ်တွင် တည်ရှိသည်။ အင်းစိန်မြို့နယ်၏ မြောက်ဘက်တွင် ရွှေပြည်သာမြို့နယ်၊ အနောက်ဘက်တွင် လှိုင်သာယာမြို့နယ်၊ အရှေ့ဘက်တွင် မင်္ဂလာဒုံမြို့နယ်၊တောင်ဘက်တွင်မရမ်းကုန်းမြို့နယ်တို့ တည်ရှိသည်။ အင်းစိန်မြို့နယ်တွင် ရပ်ကွက်ပေါင်း (၂၁)ခု၊ အစိုးရ မူလတန်းကျောင်း (၃၃) ကျောင်း၊ အလယ်တန်းကျောင်း (၁၀) ကျောင်းနှင့် အထက်တန်းကျောင်း (၅) ကျောင်းရှိသည်။

အင်္ဂလိပ်အစိုးရတည်ဆောက်ခဲ့သော မြန်မာနိုင်ငံ၏ နာမည်ကျော် အင်းစိန်အကျဉ်းထောင်ဗိုလ်ချုပ်ကြီး ခင်ညွန့်တည်ထားခဲ့သော မြန်မာနိုင်ငံ၏ ဉာဏ်တော် အကြီးဆုံး စကျင်ကျောက် ဆင်းတုတော် ကျောက်တော်ကြီးဘုရား (လောကချမ်းသာ အဘယလာဘမုနိ)၊ ကရင်နှစ်ခြင်း ခရစ်ယာန် ဓမ္မတက္ကသိုလ်၊ မြန်မာနိုင်ငံ ဓမ္မတက္ကသိုလ်ဆေးဘက်‌ဆိုင်ရာ နည်းပညာ တက္ကသိုလ် (ရန်ကုန်) နှင့် ရန်ကုန်နည်းပညာတက္ကသိုလ်တို့သည် ဤမြို့နယ်တွင် တည်ရှိသည်။ ထို့ပြင် အင်းစိန် ရွာမအနောက်ရပ်ကွက်ရှိ ရွာမပရိယတ္တိစာသင်တိုက်သည်လည်း ထင်ရှားသည်။ နှစ်စဉ်နိုင်ငံတစ်ဝန်းမှ စာသင်ရဟန်းများလာရောက်ပညာသင်ကြားကြပြီး သာသနာ့အာဇာနည်များ မွေးထုတ်ပေးရာဖြစ်သည်။ အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်းရှိ ဆေးဝင်္ကပါ အာလိန်ငါးဆင့်ကျောင်းမှာလဲ နာမည်ကျော်ကြားသည်။ ရှုပ်ထွေးလှသော ဆေးဝင်္ကပါကြီးနှင့် မြင့်မားသော မျှော်စင်ကြီးရှိသည်။ ကရင်အမျိုးသားတို့၏ ရိုးရာကရင်နှစ်သစ်ကူး အလံတင်ပွဲကို ထိုကျောင်းဝင်းထဲတွင် နှစ်စဉ်ကျင်းပပြီး ၇ရက် ၇လီ ပွဲဈေးခင်းသဖြင့် အလွန်စည်ကားသောပွဲဈေးဖြစ်သည်။

အင်းစိန်ဆေးရုံသည် ဤမြို့နယ်ရှိ အဓိကဆေးရုံဖြစ်သည်။ အင်းစိန်မြို့မဈေးသည် နာမည်ကြီးသည်။ တစ်ပတ်ရစ်နိုင်ငံခြားအဝတ်အထည်(လေဘေးထည်) များရောင်းချခြင်းဖြင့် နာမည်ကြီးသော အင်းစိန်လဟာပြင်ဈေးသည် ယနေ့တိုင် စည်ကားဆဲဖြစ်သည်။

နိုင်ငံတကာအဆင်မီ မြို့တော်ဂေါက်ကွင်းလည်းရှိသည်။ ယနေ့ခေတ်နှင့်အညီ ခေတ်မီဈေးဝယ်စင်တာများ၊ အားကစားကွင်းများ၊ ဟိုတယ်များ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများ၊ ရုပ်ရှင်ရုံများလည်း ရှိလာပြီဖြစ်သည်။

မြန်မာအစိုးရကို ဆန့်ကျင်သော ကရင်တော်လှန်ရေး စတင်ချိန်က ၁၉၄၉ ခု ဇန္နဝါရီလ ၃၁ ရက်နေ့တွင် ကေအန်ဒီအို(K.N.D.O)အဖွဲ့၏ သိမ်းယူမှုခံခဲ့ရဖူးသည်။ ထို့ပြင် အင်းစိန်ဟူသောစကားသည် မွန်ဘာသာမှ ဆင်းသက်လာပြီး ဆင်ရေချိုးရာအင်းဟုခေါ်ဆိုကြောင်းသိရသည်။ အင်းစိန် = အင်း-ရေအိုင်၊ စိန်-ဆင်၊ [၁]

အမည်နာမ[ပြင်ဆင်ရန်]

မွန်လူမျိုးတို့က အင်းစိန်-ဟူသောအမည်မှာ (မွန်: အၚ်စိၚ်) မှဆင်းသက်သည်ဟုဆိုသည်။ အၚ် = အင်းအိုင်၊ စိၚ် = ဆင်၊ ထို့ကြောင့် ဆင်အင်းဟု အဓိပ္ပာယ်ရသည်။ ဆင်တွေနေထိုင်ကျက်စားသည့် အင်းဟု ဆိုလိုသည်။ အင်းစိန်ဟူသော အမည်သည် အင်္ဂလိပ်ဝေါဟာရ Insaneကို မြန်မာတို့ မပီမသခေါ်ဆိုခြင်းမှ ဖြစ်လာသည်ဟုလည်း ဆိုသည်။ ကိုလိုနီခေတ်ဦးက စိတ်ဝေဒနာရှင်များအတွက် အင်းစိန် အရပ်၌ ဆေးရုံဆောက်ပေးပြီး Insaneအရပ်ဟု ခေါ်ဆိုသည်။ ထိုစဉ်က မြို့နယ်အဆင့်အဖြစ် မသတ်မှတ်ရသေးပေ။

အင်းစိန်မြို့နယ်အတွင်းတွင် နေရာဒေသများကို ကုန်းအနေဖြင့် ခေါ်ဆိုလေ့ ရှိကြသည်။ ထင်ရှားသော ကုန်းကြီး ၁၀ ခုမှာ (ဒညင်းကုန်း၊ ဘိုကုန်း၊ တောင်သူကုန်း၊ ရှမ်းကုန်း၊ ဈေးကုန်း၊ ဇီးအုံ့ကုန်း၊ ပိန္နဲကုန်း ၊ နံ့သာကုန်း၊စော်ဘွားကြီးကုန်း နှင့် ကြို့ကုန်း)တို့ ဖြစ်သည်။ ကုန်းအမည်ဖြင့် ထည့်သွင်း ခေါ်ဆိုမထားသော ရွာမအရှေ့၊ ရွာမအနောက်၊ အောင်ဆန်းနှင့် ဖော့ကန်စသည့် ရပ်ကွက် အမည်များလည်း ရှိသည်။

ထင်ရှားသော အဆောက်အအုံများ[ပြင်ဆင်ရန်]

အင်းစိန်မြို့နယ်ရှိ အောက်ဖော်ပြပါအဆောက်အအုံများကို ရန်ကုန်မြို့ရှိ ရှေးဟောင်းအမွေအနှစ်အဖြစ် ထိန်းသိမ်းထားသည်။

အမည် အမျိုးအစား လိပ်စာ မှတ်ချက်
တိရစ္ဆာန်မွေးမြူရေးနှင့်ဆေးကုသရေးတက္ကသိုလ် ဌာနချုပ် ရုံး
အထက (၁) အင်းစိန် ကျောင်း ဗဟိုလမ်း အပိုင်း ၄ (မင်းကြီးလမ်း)
မှုခင်းစုံစမ်းရေးဌာန ရုံး အောက်မင်္ဂလာဒုံလမ်း
အစိုးရနည်းပညာသိပ္ပံ၊ အင်းစိန် ကောလိပ် အောက်မင်္ဂလာဒုံလမ်း
အင်းစိန်ဆေးရုံ ဆေးရုံ ဗဟိုလမ်း အပိုင်း ၄ (မင်းကြီးလမ်း)
မြန်မာနိုင်ငံ ဓမ္မတက္ကသိုလ် ကောလိပ် ရန်ကုန်-အင်းစိန်လမ်း
စုပေါင်းရုံးဝန်း ရုံး ဗဟိုလမ်း အပိုင်း ၄ (မင်းကြီးလမ်း)

ကိုးကား[ပြင်ဆင်ရန်]

  1. ဒေါက်တာသန်းထွန်း ရေး မြန်မာသမိုင်းနိဒါန်း