ကြည့်မြင်တိုင်မြို့နယ်

ဝီကီပီးဒီးယား မှ
ကြည့်မြင်တိုင်မြို့နယ်
Skyline of ကြည့်မြင်တိုင်မြို့နယ်
အလုံခရိုင်အတွင်း တည်နေရာ
အလုံခရိုင်အတွင်း တည်နေရာ
ရန်ကုန်မြို့အတွင်း တည်နေရာ
ရန်ကုန်မြို့အတွင်း တည်နေရာ
ကြည့်မြင်တိုင်မြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ကြည့်မြင်တိုင်မြို့နယ်
ကြည့်မြင်တိုင်မြို့နယ်
ကြည့်မြင်တိုင် တည်နေရာ၊ မြန်မာ။
ကိုဩဒိနိတ်: 16°48′11″N 96°7′27″E / 16.80306°N 96.12417°E / 16.80306; 96.12417ကိုဩဒိနိတ်: 16°48′11″N 96°7′27″E / 16.80306°N 96.12417°E / 16.80306; 96.12417
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး ရန်ကုန်
ခရိုင်အလုံ
စာပို့သင်္ကေတ၁၁၁၀၁

ကြည့်မြင်တိုင်မြို့နယ် သည် ရန်ကုန်မြို့၏ အနောက်ပိုင်းတွင် တည်ရှိသည်။ ကြည့်မြင်တိုင်မြို့နယ် ရန်ကုန်တိုင်းတွင် ပါဝင်သော မြို့နယ်တစ်ခုဖြစ်သည်။ ကြည့်မြင်တိုင်မြို့နယ်၏ မြောက်ဘက်တွင် ကမာရွတ်မြို့နယ်၊ အနောက်ဘက်တွင် ရန်ကုန်မြစ်နှင့် တွံတေးမြို့နယ်၊ အရှေ့ဘက်တွင် စမ်းချောင်းမြို့နယ်၊ တောင်ဘက်တွင် အလုံမြို့နယ်တို့ တည်ရှိသည်။ ကြည့်မြင်တိုင်မြို့နယ်တွင် ရပ်ကွက်ပေါင်း (၂၁)ခု၊ အစိုးရ မူလတန်းကျောင်း (၁၅) ကျောင်း၊ အလယ်တန်းကျောင်း (၃) ကျောင်းနှင့် အထက်တန်းကျောင်း (၅) ကျောင်းရှိသည်။

ခေါ်တွင်ပုံ[ပြင်ဆင်ရန်]

မွန်ဘာသာစကားအရ ကၟာၚ် - နံရံ၊ ဍုၚ် - မြို့၊ မြို့ရိုးရှိသောမြို့ ဟု အဓိပ္ပာယ်ရသည်။[၁] ကြည့်မြင်တိုင် သည် မွန်ဘာသာ အခေါ်အဝေါ်ဖြစ်သည်။ မွန်ဘာသာ ကၟာၚ်ဍုၚ် = မြို့ရိုး/ခံတပ်ဟု အဓိပ္ပာယ် ရသည်။ အင်္ဂလိပ် မြန်မာ ပထမစစ်ပွဲမှာပင် ကြည့်မြင်တိုင်တိုက်ပွဲသည် ထင်ရှားခဲ့သည်။ အင်္ဂလိပ်နယ်ချဲ့များ အနေနဲ့ ခံတပ်/မြို့ရိုး အစီးအကြပ် ကောင်းလှသောကြောင့် "အထိအရှ အသေအပျောက်" များလှသည်။ ထို့ကြောင့် Come and die ဟု အော်ဟစ်တိုက်ခိုက်သံကို အကြောင်းပြုပြီး Kemmendine ဆိုတဲ့ အင်္ဂလိပ် စာလုံးပေါင်းသည် Come and die မှ ဆင်းသက်လာသည်ဟုပင် ဆိုကြပေသည်။ ပြည်သူ့တရားစီရင်ရေးနှင့် တရားစီရင်သောကာလတွင် မှုခင်း (အတိုင်အတောတွေများလွန်းသောကြောင့်) ကြည့်လို့ မြင်တာနှင့် တိုင်တော့တာပဲဟု ဆိုကြသည်။ တချို့က ကြည့်မြင်တိုင်ကို ရွှေတိုင်မြေဟုလည်း တင်စားခေါ်ဝေါ်ကြသေးသည်။

အနုပညာရှင်များ[ပြင်ဆင်ရန်]

ကြည့်မြင်တိုင်မှ အနုပညာရှင် အမြောက်အမြား ပေါ်ထွက်ပါသည်။ ရွှေတိုင်ညွန့်၊ ရွှေတိုင်အေး၊ ရွှေတိုင်မေအေး၊ ရုပ်ရှင်နှင့်ဇာတ်သဘင်မင်းသမီးကြီး ကြည်ကြည်ဌေးသည်လည်း ကြည့်မြင်တိုင်တွင် နေခဲ့သည်။ အကယ်ဒမီ တင်တင်နွဲ့သည်လည်း ကြည့်မြင်တိုင်သူ ပင်ဖြစ်သည်။ အဆိုတော် ထားနှင့် သားဖြစ်သူ ဇော်ဝင်းထွဋ်၊ ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင်များဖြစ်သော ဦးဧရာ၊ ဒိန်းဒေါင်၊ ဒေါ်ဂွက်ထော်၊ ဒေါ်ကြူကြူသင်း တို့သည်လည်း ကြည့်မြင်တိုင်မှ ဖြစ်သည်။ [၂]

ထင်ရှားသော အဆောက်အဦးများ[ပြင်ဆင်ရန်]

ကြည့်မြင်တိုင်မြို့နယ်ရှိ အောက်ဖော်ပြပါအဆောက်အဦးများကို ရန်ကုန်မြို့ရှိ ရှေးဟောင်းအမွေအနှစ်အဖြစ် ထိန်းသိမ်းထားသည်။

အမည် အမျိုးအစား လိပ်စာ မှတ်ချက်
စလင်းဘုန်းကြီးကျောင်းနှင့် သိမ် ဘုန်းကြီးကျောင်း ပန်းပင်ကြီးလမ်း
စိန့်မိုက်ကယ်ခရစ်ယာန်ဘုရားရှိခိုးကျောင်းအသင်း ခရစ်ယာန်ဘုရားရှိခိုးကျောင်း ၁၅၃၊ အပေါ် ကြည့်မြင်တိုင်လမ်း
မဟာသကျမုနိဘုရားကြီး ဆင်းတု​တော် ကျောင်းကြီးလမ်းဗိုလ်သူရလမ်းဆုံ

ကိုးကား[ပြင်ဆင်ရန်]

  1. ဒေါက်တာသန်းထွန်း ရေး မြန်မာသမိုင်းနိဒါန်း
  2. မောင်မြတ်မွန်(ဆူးလေ)၏ မြို့ရိုး/ခံတပ်ကြောင့် သမိုင်းတွင်ခဲ့တဲ့မြို့နယ်

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]