ရန်ကုန်မြို့ တိရစ္ဆာန်ဥယျာဉ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ရန်ကုန်မြို့ တိရစ္ဆာန်ဥယျာဉ် [ပြင်​ဆင်​ရန်​]

ရန်ကုန် တိရစ္ဆာန်ဥယျာဉ်၊ ငါးပြတိုက် နှင့် သဘာဝ သမိုင်း ပြတိုက် တို့ကို ဝေဟင် မှ မြင်ရပုံ

ရန်ကုန်မြို့ရှိ တိရစ္ဆာန်ဥယျာဉ်မှာ ဗြိတိသျှအစိုးရလက်ထက်က တည်‌ထောင်ထားခဲ့‌သော မြန်မာနိုင်ငံ၏ တစ်ခုတည်း‌သော တိရစ္ဆာန်ဥယျာဉ် ဖြစ်သည်။ ရန်ကုန် တိရစ္ဆာန်ဥယျာဉ်ကို မတည်‌ဆောက်မီ ၁၈၈၂ ခုနှစ်က ‌တောရိုင်းတိရစ္ဆာန်များကို ဖမ်းဆီး၍၊ ယခု ရန်ကုန်မြို့ ပြည်သူ့‌ဆေးရုံကြီး‌နေရာတွင် ပြသထားခဲ့သည်။ ထိုစဉ်က ထို‌နေရာမှာ ဖယ်ယာပြတိုက်နှင့် သစ်ပင်ပန်းမာလ် တိုးပွား‌ရေအသင်းတိုက် တည်ရှိရာဌာနဖြစ်သည်။


၁၉၀၁ ခုနှစ်တွင်မူ ဝိတိုရိယဘုရင်မကြီး (ခရစ် ၁၈၉၁-၁၉၀၁)နန်းသက် ၂၅ နှစ်‌မြောက်အထိမ်းအမှတ်အဖြစ် သီးခြားတိရစ္ဆာန်ဥယျာဉ်တစ်ခု တည်‌ဆောက်ရန်အတွက် လူထုထံမှ‌ကောက်ခံရရှိ‌သော အလှူ‌ငွေ ၂၄၀၀၀၀ ကျပ်ဖြင့် ကန်‌တော်ကြီးအနီးရှိ ‌မြေရိုင်း ၆၁ ဧကကို ရှင်းလင်း၍ ယခုလက်ရှိ တိရစ္ဆာန်ဥယျာဉ်ကို တည်‌ဆောက်ခဲ့ပြီးလျှင်၊ ၁၉၀၆ ခုနှစ် ဇန္နဝါရီလ၌ အင်္ဂလန်ပြည် ‌ဝေလမင်းသားနှင့် ကြင်ယာ‌တော် (နတ်ရွာစံပဉ္စမ‌ဂျော့ဘုရင် (ခရစ် ၁၈၅၆-၁၉၃၆ ခုနှစ်)နှင့် ‌မေရီမိဖုရား)တို့က အခမ်းအနားဖြင့် ဖွင့်လှစ်ကာ ဝိတိုရိယဘုရင်မအထိမ်းအမှတ်ပန်းခြံနှင့် တိရစ္ဆာန်ဥယျာဉ်ဟု အမည်‌ပေးခဲ့သည်။ ထိုစဉ်အခါက သီ‌ပေါမင်းတရား၏ ဆင်ဖြူ‌တော်သည်လည်း တိရစ္ဆာန် ဥယျာဉ်၌ ရှိသည်ဟုဆိုသည်။ ထိုဆင်ဖြူ‌တော်မှာ ခရစ် ၁၉၁၀ ပြည့်နှစ်တွင် ‌သေဆုံးသည်။


ယခုအခါ တိရစ္ဆာန်ဥယျာဉ်ကို စည်ပင်သာယာအဖွဲ့၊ ကုန် သည်ကြီးအသင်းများ၊ သစ်‌တောဌာနစ‌သော အသင်းအဖွဲ့ အစိုး ရဌာနများ၏ ကိုယ်စားလှယ်များနှင့် နိုင်ငံ‌တော်သမ္မတက ခန့် အပ်ထားသည့် ပုဂ္ဂိုလ်များပါဝင်‌သော အုပ်ချုပ်‌ရေးအဖွဲ့က အုပ် ချုပ်၍ လယ်ယာစိုက်ပျိုး‌ရေးနှင့် သစ်‌တော‌ရေးဝန်ကြီးဌာန လက်‌အောက်တွင် ထားရှိသည်။ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်စည်ပင် ဖွံ့ဖြိုး‌ရေးအတွက် ဥပ‌ဒေထားရှိရာ၊ ယခင်က ထိုဥပ‌ဒေကို ၁၉၀၈ ခုနှစ် ဝိတိုရိယဘုရင်မအထိမ်းအမှတ်ဥယျာဉ်ဥပ‌ဒေဟု ‌ခေါ်၍၊ ယခုအခါ၌မူ ၁၉၅၁ ခုနှစ် ရန်ကုန်မြို့ တိရစ္ဆာန်နှင့် ပန်းမာလ်ဥယျာဉ်ပြင်ဆင်ချက် ဥပ‌ဒေဟု ‌ခေါ်တွင်‌လေသည်။ တိရစ္ဆာန်ဥယျာဉ်အတွက် စရိတ် စကများကို ဝင်‌ကြေး နှင့် အစိုးရအ‌ထောက်အပံ့‌ငွေများဖြင့် ကျခံရသည်။


တိရစ္ဆာန်များ ပိုမိုစုံလင်စွာ ထားရှိနိုင်ရန် နိုင်ငံအချင်းချင်း တိရစ္ဆာန်များ လဲလှယ်မှုများ၊ ဝယ်ယူမှုများကို ပြုလုပ်ကြရ‌လေ သည်။[၁]

ကိုးကား [ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း အတွဲ(၃)