ဒဂုံမြို့နယ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဒဂုံမြို့နယ်
ဒဂုံမြို့နယ် is located in မြန်မာ
ဒဂုံမြို့နယ်
ဒဂုံမြို့နယ် တည်နေရာ၊ မြန်မာ။
Coordinates: 16°46′51″N 96°8′59″E / 16.78083°N 96.14972°E / 16.78083; 96.14972
Country မြန်မာနိုင်ငံ၏ အလံတော် မြန်မာ
တိုင်း ရန်ကုန်
မြို့ ရန်ကုန်
မြို့နယ် ဒဂုံ
၁၁၁၉၁

ဒဂုံမြို့နယ်သည် ရန်ကုန်မြို့လယ်နှင့်ကပ်လျက် မြောက်ဘက်ပိုင်းတွင် တည်ရှိသည်။ ရပ်ကွက်ပေါင်း (၅)ခုရှိသည်။ ဒဂုံမြို့နယ်၏ မြောက်ဘက်တွင် ဗဟန်းမြို့နယ်၊ အနောက်ဘက်တွင် အလုံမြို့နယ်၊ အရှေ့ဘက်တွင် မင်္ဂလာ‌တောင်ညွန့်မြို့နယ်၊ တောင်ဘက်တွင် လမ်းမတော်မြို့နယ်လသာမြို့နယ်နှင့် ပန်းဘဲတန်းမြို့နယ်တို့ တည်ရှိသည်။

ရန်ကုန်မြို့တွင် အထင်ရှားဆုံးနေရာများဖြစ်သော ရွှေတိဂုံစေတီတော်မဟာဝိဇယစေတီတော်အမျိုးသားပြတိုက်အမျိုးသားပြဇာတ်ရုံနှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တို့ သည် ဒဂုံမြို့နယ်တွင် တည်ရှိသည်။ ဤသို့ စည်ပင်ထွန်းကားသော အထင်ကရနေရာများကြောင့် ဒဂုံမြို့နယ်တွင် ဟိုတယ်များ၊ သံရုံးများနှင့် သံတမန်ဝန်ထမ်းအိမ်ရာများစွာ ပေါ်ပေါက်လာခဲ့သည်။ ဒဂုံမြို့နယ်တွင်ရှိသော အ.ထ.က(၁)ဒဂုံ နှင့် အ.ထ.က(၂)ဒဂုံတို့မှာ မြန်မာနိုင်ငံရှိ ထိပ်တန်းအထက်တန်းကျောင်းများ ဖြစ်သည်။

၂၀၁၁ခုနှစ် ဖေဖော်ဝါရီလ (၆)ရက်နေ့တွင် အထပ် ၁၅ထပ်ရှိ တော်ဝင်ဈေးဝယ်စင်တာနှင့် လူနေတိုက်ခန်းကြီးကို ဒဂုံမြို့နယ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ၂၀၁၁ခုနှစ် ဇွန်လတွင် ရန်ကုန်ရှိ သီတဂူအပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာသင်တန်းကျောင်း (Sitagu International Buddhist Academy) ကို ဒဂုံမြို့နယ်တွင် သီတဂူဆရာတော်မှ ဖွင့်လှစ်ခဲ့သည်။

သမိုင်းကြောင်း[ပြင်​ဆင်​ရန်​]

ဒဂုံဆိုသည်မှာ ရွှေတိဂုံစေတီတော်အနီးရှိ မွန်ငါးဖမ်းရွာလေးဖြစ်ပြီး မွန်ဘာသာဖြင့် လဂုင်ဟု အမည်တွင်ခဲ့သည်။ သမိုင်းကြောင်းအရ ဤရွာလေးသည် ရန်ကုန်မြစ်တလျှောက်တွင် တည်ရှိသော စီးပွားရေးအရ အချက်အခြာကျသော သန်လျင်မြို့၏ အစွန်အဖျားတွင်သာ ရှိခဲ့သည်။ သို့သော်လည်း ဒဂုံရွာလေးသည် ရွှေတိဂုံစေတီတော်ကြောင့် ယဉ်ကျေးမှုအရ ထင်ရှားကျော်ကြားခဲ့သည်။ ၁၇၅၅ ခုနှစ်တွင် အလောင်းမင်းတရားသည် ဒဂုံရွာကို သိမ်းပိုက်၍ ရန်အပေါင်းကို ကုန်စင်သော အထိမ်းအမှတ်အဖြစ် ရန်ကုန်ဟု သမုတ်ခဲ့သည်။ ထို့နောက် အခြားသော အလုံ၊ ပန်းဘဲတန်း၊ ကျောက်တံတားနှင့် ဗိုလ်တထောင်နယ်မြေများနှင့် ပေါင်း၍ မြို့ကြီးအဖြစ် တည်ထောင်ခဲ့သည်။

အင်္ဂလိပ်ကိုလိုနီလက်ထက်တွင် ဒဂုံမှာ မြို့လယ်ခေါင်နှင့် အနီးတဝိုက်တွင် ကျူးကျော်ရပ်ကွက်များဖြင့် ပြည့်နှက်နေသော်လည်း ဖွံ့ဖြိုးအတိုးတက်ဆုံးနယ်မြေဖြစ်ခဲ့သည်။ ၁၉၅၀နှစ်ပိုင်းတွင် ဗမာအစိုးရမှ မြို့နယ်တောင်ပိုင်းရှိ ကျူးကျော်ရပ်ကွက်များကို ရှင်းလင်းပြီး ဝါရင့်အစိုးရဝန်ထမ်းများအတွက် မင်းမနိုင်အိမ်ရာစီမံကိန်းကို တည်ဆောက်ခဲ့သည်။ ၁၉၈၀နှစ်ပိုင်းတွင် ထင်ရှားကျော်ကြားသော စေတီနောက်တစ်ဆူဖြစ်သော မဟာဝိဇယစေတီတော်ကို ဗိုလ်ချုပ်နေဝင်းမှ တည်ထားခဲ့သည်။

ထင်ရှားသော အဆောက်အဦးများ[ပြင်​ဆင်​ရန်​]

ဒဂုံမြို့နယ်ရှိ အောက်ဖော်ပြပါအဆောက်အဦးများကို ရန်ကုန်မြို့ရှိ ရှေးဟောင်းအမွေအနှစ်အဖြစ် ထိန်းသိမ်းထားသည်။

အမည် အမျိုးအစား လိပ်စာ မှတ်ချက်
အ.ထ.က(၁)ဒဂုံ ကျောင်း ၅၇၊ အလံပြဘုရားလမ်း (ယခင်) မက်သဒစ် အထက်တန်းကျောင်း
အ.ထ.က(၂)ဒဂုံ ကျောင်း ၃၅၃၊ မြို့မကျောင်းလမ်း (ယခင်) မြို့မအထက်တန်းကျောင်း
ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲခန်းဌာန ကျန်းမာရေးဌာန ၃၅၊ မော်ကွန်းတိုက်လမ်း
သံတမန်ဝန်ထမ်းအိမ်ရာ အိမ်ရာ ၈၂၊ ပြည်ထောင်စုရိပ်သာလမ်းနှင့် ပြည်လမ်းထောင့်
အိမ်တော်ရာစေတီ စေတီ မြို့မကျောင်းလမ်း
ကျားကူးကျောင်းတိုက် ဘုန်းကြီးကျောင်း ၄၉၊ ရွှေတိဂုံဘုရားလမ်း
ရွှေတိဂုံစေတီတော် စေတီ ရွှေတိဂုံဘုရားလမ်း
မဟာဝိဇယစေတီတော် စေတီ ရွှေတိဂုံဘုရားလမ်း
စိမ်းရောင်ခြည်စေတီ စေတီ ရွှေတိဂုံဘုရားလမ်း
မက်သဒစ် အင်္ဂလိပ် ခရစ်ယာန်ဘုရားရှိခိုးကျောင်း ခရစ်ယာန်ဘုရားရှိခိုးကျောင်း ၆၅၊ အလံပြဘုရားလမ်း
နိုင်ငံခြားရေး ဝန်ကြီးဌာန ရုံး ၃၇၊ သံတမန်ရိပ်သာလမ်း
အမျိုးသားမော်ကွန်းတိုက် ရုံး ၁၁၄၊ ပြည်ထောင်စုရိပ်သာလမ်း
စိန့်ဂဘရီးရယ် ခရစ်ယာန်ဘုရားရှိခိုးကျောင်း ခရစ်ယာန်ဘုရားရှိခိုးကျောင်း ၆၄၊ ရွှေတိဂုံဘုရားလမ်း
စိန့်ဂျွန် ကက်သလစ် ခရစ်ယာန်ဘုရားရှိခိုးကျောင်း ခရစ်ယာန်ဘုရားရှိခိုးကျောင်း ၂၅၊ မော်ကွန်းတိုက်လမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်
ရဟန္တာသိမ် ဘုန်းကြီးကျောင်း ရွှေတိဂုံဘုရားလမ်း
ဇဖာရှာဒါဂါ ၆၊ ဇီ၀ကလမ်း

[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. http://en.wikipedia.org/wiki/Dagon_Township

ပြင်ပလင့်ခ်များ[ပြင်​ဆင်​ရန်​]