လှည်းကူးမြို့သည် မှော်ဘီခရိုင်၊ လှည်းကူးမြို့နယ် ၏ ရုံးစိုက်မြို့ဖြစ်သည်။ ခရိုင်၏ အရှေ့မြောက်ဘက် ရန်ကုန်-ပဲခူး မော် တော်ကားလမ်းကြီးပေါ်တွင် တည်ရှိ၍ ရန်ကုန်မြို့မှာ ၂၇ မိုင်ဝေးလေသည်။ မြို့တည်နေရာသည် အချက်အခြာကျသဖြင့် ကျေးလက်ပြုပြင်ရေးသမားများ ၏ စံပြဌာနတစ်ခုဖြစ်ခဲ့သည်။ မြို့ပေါ်တွင် မြို့ပိုင်ရုံး၊ ပြည်သူ့ရဲတပ်ဖွဲ့စခန်း၊ စိုက်ပျိုးရေးရုံး၊ ဆောက်လုပ်ရေးဌာနရုံး၊ သမဝါယမမြို့အုပ်ရုံးနှင့် အစိုးရ ဆေးပေးရုံတို့အပြင် အစိုးရအထက်တန်းကျောင်းလည်းရှိသည်။ ၁၉၅၃ ခုနှစ် သန်းခေါင်စာရင်းအရ လှည်းကူးမြို့တွင် လူဦးရေ ၆၇၇၈ ယောက်ရှိသည်။ လှည်းကူးမြို့နယ်သည် မှော်ဘီခရိုင်ခွဲတွင်ပါဝင်၍ ၅၉၆ စတုရန်းမိုင် ကျယ်ဝန်းသည်။ သူကြီးပိုင်နယ်ပေါင်း ၆၆ နယ်ပါဝင် ၏။ လူဦးရေမှာ ၁၉၇၁ ခုနှစ် ခန့်မှန်းသန်းခေါင်စာရင်းအရ ၁၁၆ဝဝဝ ခန့် ရှိသည်။[၁]
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)
ရန်ကုန်တိုင်းဒေသကြီး |
|
မြို့တော် : ရန်ကုန်မြို့
မြို့နယ်ပေါင်း : (၄၆) မြို့နယ် |
|
| အနောက်ပိုင်းခရိုင် (၁၄) မြို့နယ် |
|
 |
|
| အရှေ့ပိုင်းခရိုင် (၇) မြို့နယ် |
|
|
| မြောက်ပိုင်းခရိုင် (၁၁) မြို့နယ် |
|
|
| တောင်ပိုင်းခရိုင် (၁၄) မြို့နယ် |
|
|
| အဓိကမြို့များ |
|
|