ပုဇွန်တောင်မြို့နယ်

ဝီကီပီးဒီးယား မှ
ပုဇွန်တောင်မြို့နယ်
Skyline of ပုဇွန်တောင်မြို့နယ်
ဗိုလ်တထောင်ခရိုင်အတွင်း တည်နေရာ
ဗိုလ်တထောင်ခရိုင်အတွင်း တည်နေရာ
ရန်ကုန်မြို့အတွင်း တည်​နေရာ
ရန်ကုန်မြို့အတွင်း တည်​နေရာ
ပုဇွန်တောင်မြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ပုဇွန်တောင်မြို့နယ်
ပုဇွန်တောင်မြို့နယ်
ပုဇွန်တောင်မြို့နယ် တည်နေရာ၊ မြန်မာ။
ကိုဩဒိနိတ်: 16°47′0″N 96°10′0″E / 16.78333°N 96.16667°E / 16.78333; 96.16667ကိုဩဒိနိတ်: 16°47′0″N 96°10′0″E / 16.78333°N 96.16667°E / 16.78333; 96.16667
Country မြန်မာ
တိုင်း ရန်ကုန်
ခရိုင်ဗိုလ်တထောင်
စာပို့သင်္ကေတ၁၁၁၇၁

ပုဇွန်တောင်မြို့နယ် (မွန်: ဍုၚ်ပသုန်ဒဵု) သည် ရန်ကုန်တိုင်းဒေသကြီးဗိုလ်တထောင်ခရိုင်တွင် ပါဝင်သော မြို့နယ်တစ်ခုဖြစ်သည်။

တည်နေရာ[ပြင်ဆင်ရန်]

ပုဇွန်တောင်မြို့နယ် (မွန်: ဍုၚ်ပသုန်ဒဵု) သည် ရန်ကုန်မြို့၏ အရှေ့တောင်အရပ်တွင် တည်ရှိသည်။ ပုဇွန်တောင်မြို့နယ်၏ အနောက်ဘက်နှင့် တောင်ဘက်တွင် ဗိုလ်တထောင်မြို့နယ်၊ အနောက်မြောက်ဘက်တွင် မင်္ဂလာ‌တောင်ညွန့်မြို့နယ်၊ တောင်ဘက်တွင် သကေတမြို့နယ်နှင့် အရှေ့ဘက်တွင် ပုဇွန်တောင်ချောင်းတို့ တည်ရှိသည်။ ပုဇွန်တောင်မြို့နယ်နှင့် ဒေါပုံမြို့နယ်ကို မဟာဗန္ဓုလတံတားဖြင့် ဆက်သွယ်ထားသည်။

ခေါ်တွင်ပုံ[ပြင်ဆင်ရန်]

ပုဇွန်တောင်ဟု အမည်ခေါ်တွင်ပုံမှာ မွန်ဘာသာ (ပသုန်ဒဵု - မဇုန်ဒေး) = ကုန်းငါးကုန်း (ညောင်ကုန်း၊ ပေတောကုန်း၊ မလွှကုန်း၊ မအူကုန်း၊ ပိန္နဲကုန်း) ရှိသော အရပ်ဟု အဓိပ္ပာယ်ရသည်။ [၁] ပုဇွန်တောင် - ပသုန် - ငါး၊ ဒဵု - တောင်ကုန်းငယ် (တောင်ငါးလုံး)[၂] ပုဇွန်တောင်မြို့နယ်တွင် ရပ်ကွက်ပေါင်း (၁၀)ခု၊ အစိုးရ မူလတန်းကျောင်း (၉) ကျောင်း၊ အလယ်တန်းကျောင်း (၃) ကျောင်း၊ အထက်တန်းကျောင်း (၄) ကျောင်းနှင့် ပြည်သူ့ဆေးရုံ (၁) ရုံရှိသည်။ ပုစွန်တောင်ဈေးနှင့် ရေကျော်ဈေးတို့မှာ ပုဇွန်တောင်မြို့နယ်ရှိ အဓိကကျသော ဈေးကြီးများဖြစ်သည်။

ထင်ရှားသော အဆောက်အဦးများ[ပြင်ဆင်ရန်]

ဗြိတိသျှများ ရေးဆွဲခဲ့သည့် မြို့တည်ဆောက်ရေးစီမံကိန်းတွင် ပုဇွန်တောင်မြို့နယ်သည် အရှေ့ဘက်အကျဆုံးအပိုင်း ဖြစ်ခဲ့သည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ပုဇွန်တောင်မြို့နယ်ရှိ အချို့အဆောက်အဦးများကို ဗိသုကာအရအထင်ကရရှိသော အဆောက်အဦးများအဖြစ် သတ်မှတ်ထားသည်။

အမည် အမျိုးအစား လိပ်စာ မှတ်ချက်
မဟာဗိသျှနုဟိန္ဒူဘုရားကျောင်း ဟိန္ဒူဘုရားကျောင်း ၁၃၇-၁၃၉၊ ၅၁လမ်း
လွတ်လပ်သောမက်သဒစ်အသင်းတော်(ရန်ကုန်) ခရစ်ယာန်ဘုရားရှိခိုးကျောင်း ၂၅၆၊ ဗိုလ်မြတ်ထွန်းလမ်း
ရွှေဘုန်းပွင့်ဘုရား ဘုရား ဦးရွှေဂုံလမ်း
ရန်ကုန်အရှေ့ ဆန်းနီဗလီ ဗလီ ၇၃၊ အနော်ရထာလမ်း
အ.ထ.က(၁)ပုဇွန်တောင်[၃] စာသင်ကျောင်း ၄၅လမ်းနှင့်လမ်း၅၀ကြား အနော်ရထာလမ်း

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်မြတ်မွန်(ဆူးလေ)၏ မြို့ရိုး/ခံတပ်ကြောင့် သမိုင်းတွင်ခဲ့တဲ့မြို့နယ်
  2. မြန်မာသမိုင်း နိဒါန်း - ဒေါက်တာ သန်းထွန်း
  3. ရန်ကုန်မြို့ဗိုလ်အောင်ကျော်လမ်း နှင့် အ.ထ.က (၁) ပုဇွန်တောင် တို့၌ အပြာရောင် ကမ္ဗည်းပြားများ တပ်ဆင်ဆင်ဟွာသတင်း (၂၀ ဒီဇင်ဘာ ၂၀၁၈)။ ၂၄ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။