မကွေးတိုင်း
| မကွေးတိုင်း | |
| မြို့တော် | မကွေးမြို့ |
| ဧရိယာ | ၄၄,၈၁၉ km² |
| လူဦးရေ | ၄,၄၆၄,၀၀၀ |
| လူမျိုးများ | ဗမာ၊ ချင်း၊ ရခိုင်၊ ရှမ်း၊ ကရင်။ တရုတ်၊ ကုလား |
| ဘာသာတရားများ | ဗုဒ္ဓ၊ animism |
[ပြင်ဆင်ရန်] တည်နေရာနှင့် အကျယ်အဝန်း
မြန်မာနိုင်ငံအလယ်ပိုင်း ၊ မြောက်လတ္တီကျု ၁၈ ံ ၅၀' နှင့် ၂၂ ံ ၄၇' ကြား ၊ အရှေ့လောင်ဂျီကျု ၉၃ ံ ၄၇' နှင့် ၉၅ ံ ၅၅' ကြားတွင် တည်ရှိပြီး ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ဖြင့် ဝန်းရံထားသည်။ မကွေးတိုင်းသည် ၁၇၃၀၅ စတုရန်းမိုင်ကျယ်ဝန်းသည်။
[ပြင်ဆင်ရန်] မြေမျက်နှာသွင်ပြင်နှင့်ရေဆင်း
ဧရာဝတီမြစ်၏ အရှေ့ဘက်ခြမ်းဒေသများသည် မြေပြန့်များဖြစ်ပြီး အနောက်ဘက်ခြမ်းဒေသများသည် ရခိုင်ရိုးမ၏ အရှေ့ဘက်ရေဝေကြောဖြစ်သည်။ မင်းဘူးသည် လွင်ပြင်ဒေသဖြစ်သည်။ ဧရာဝတီမြစ်သည် တိုင်း၏အလယ်ဗဟိုကိုဖြတ်၍ မြောက်မှတောင်သို့စီးဆင်းသည်။ ဧရာဝတီမြစ်သို့ အရှေ့ဘက်ခြမ်းမှ စီးဝင်သော ချောင်းကြီးများမှာ ပင်းချောင်း၊ ယင်းချောင်း၊ ဒေါင်းသေချောင်းတို၌ဖြစ်ကြပြီး၊ အနောက်ဘက်မှ စီးဝင်ကြသော မြစ်ချောင်းများမှာ ချင်းတွင်းမြစ်၊ စလင်းချောင်း၊ မုန်းချောင်း၊ မန်းချောင်း၊ မင်းတုန်းချောင်းတို့ဖြစ်ကြသည်။
[ပြင်ဆင်ရန်] ရာသီဥတု
မြန်မာပြည်အလယ်ပိုင်း ချိုင့်ဝှမ်းဒေသဖြစ်၍၊ မိုးအလွန်နည်းပြီး ပူပြင်းသောရာသီဥတုရှိသည်။
[ပြင်ဆင်ရန်] မြို့တော်
မကွေးတိုင်း၏ မြို့တော်မှာ မကွေးမြို့ဖြစ်သည်။
[ပြင်ဆင်ရန်] ခရိုင်ရုံးစိုက်ရာမြို့များ
[ပြင်ဆင်ရန်] မြို့နယ်ရုံးစိုက်ရာမြို့များ
မကွေးတိုင်းအတွင်းတွင် မြို့နယ်ရုံးစိုက်ရာမြို့ပေါင်း (၂၅)မြို့နယ်ရှိပါသည်။
[ပြင်ဆင်ရန်] မကွေးခရိုင် (၆) မြို့နယ်
- မကွေးမြို့နယ်
- နတ်မောက်မြို့နယ်
- မြို့သစ်မြို့နယ်
- ချောက်မြို့နယ်
- ရေနံချောင်းမြို့နယ်
- တောင်တွင်းကြီးမြို့နယ်
[ပြင်ဆင်ရန်] မင်းဘူးခရိုင် (၅) မြို့နယ်
[ပြင်ဆင်ရန်] ပခုက္ကူခရိုင် (၅) မြို့နယ်
[ပြင်ဆင်ရန်] ဂန့်ဂေါခရိုင် (၃) မြို့နယ်
[ပြင်ဆင်ရန်] သရက်ခရိုင် (၆) မြို့နယ်
- သရက်မြို့နယ်
- အောင်လံမြို့နယ်
- ဆင်ပေါင်ဝဲမြို့နယ်
- မင်းတုန်းမြို့နယ်
- မင်းလှမြို့နယ်(အထက်မင်းလှ)
- ကမ္မမြို့နယ်
[ပြင်ဆင်ရန်] အခြားထင်ရှားသောမြို့နှင့်ရွာကြီးများ
- အိုင်းမ
- အိုင်ကြီး
- ချောင်းနက်
- ဂွေးချို
- ကမျင်းကန်
- ကန်
- ကျောက်ထု
- ကျော
- ကြေးနီ
- ကျွန်းချောင်း
- လမ်းရွာ
- လယ်ကိုင်း
- လင်းကတော
- မလွန်
- မဲဇလီ
- မိကျောင်းရဲ
- မင်းတဲကြီး
- မင်းရွာ
- မိုးနတ်ကုန်း
- မြင်ကွန်း
- မြစ်ခြေ
- နဂါးအိုင်
- ညံကန်
- ညောင်လှ
- ပဒါန်း
- ပခန်းကြီး
- ပြလို့
- ပျော်ဘွယ်
- ပြရည်
- စပါးတန်း
- စလေ
- ဆတ်သွား
- ဆည်တော်
- ရှမ်းတပ်ကြီး
- ရွှေပန်းတော
- ဆင်ဖြူကျွန်း
- တိုင်တား
- သမ္ဗူလ
- ဝက်မစွပ်
- ယော
- ရေမျက်နီ
- ရေနံချပ်
- ရေနံမ
- ရေနံ့သာ
- ရွာမွန်
[ပြင်ဆင်ရန်] စိတ်ဝင်စားဖွယ်နေရာများ
- မြသလွန်စေတီ
- ရွှေစက်တော်ဘုရား
- ပုံတောင်၊ ပုံညာဒေသ (ကျောက်ဖြစ်ရုပ်ကြွင်း လေ့လာရေးလုပ်ငန်း)[၁]
- တန့်ကြည့်တောင်စေတီ
- မင်းဘူးနဂါးပွက်တောင်
- စလေရုပ်စုံကျောင်းတော်ကြီး
- ဗိဿနိုးမြို့ဟောင်း
- လွတ်လပ်ရေးဖခင်၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးဖွားရာဇာတိ နတ်မောက်မြို့
- ပခုက္ကူမြို့ မဟာဝိသုတာရာမစာသင်တိုက်ကြီး (မြန်မာတစ်ပြည်လုံးတွင် စာသင်သားသံဃာအများဆုံးကျောင်းတိုက်)
- မင်းလှခံတပ်
- ဂွေးချောင်းခံတပ်
- ယောဒေသ
- စွန်တောင် (ချွန်းတောင်) (ရခိုင်ရိုးမတောင်တန်းတွင် အမြင့်ဆုံးတောင်ဖြစ်ပြီး အမြင့်ပေ ၆၅၂၇ပေရှိသည်။)
[ပြင်ဆင်ရန်] တက္ကသိုလ်၊ကောလိပ်များ
- မကွေးတက္ကသိုလ်
- မကွေးဆေးတက္ကသိုလ်
- မကွေးပြည်သူ့ကျန်းမာရေးတက္ကသိုလ်
- နည်းပညာတက္ကသိုလ် (မကွေး)
- ကွန်ပျူတာတက္ကသိုလ် (မကွေး)
- မကွေးပညာရေးကောလိပ်
- ပခုက္ကူတက္ကသိုလ်
- ပခုက္ကူပညာရေးကောလိပ်
- နည်းပညာတက္ကသိုလ် (ပခုက္ကူ)
- ကွန်ပျူတာတက္ကသိုလ် (ပခုက္ကူ)
- နည်းပညာကောလိပ် (ချောက်)
- နည်းပညာကောလိပ် (ရေနံချောင်း)
- ရေနံချောင်းဒီဂရီကောလိပ်
[ပြင်ဆင်ရန်] စက်မှုလုပ်ငန်းများ
- ချောက်ရေနံချက်စက်ရုံ
- မန်းသံပုရာကန်ရေနံချက်စက်ရုံ
- မန်းရေနံမြေသဘာဝဓာတ်ငွေ့ဓာတ်အားပေးစက်ရုံ
- ကျွန်းချောင်းဓာတ်မြေဩဇာစက်ရုံ
- စလေဓာတ်မြေဩဇာစက်ရုံ
- သရက်ဘိလပ်မြေစက်ရုံ
- ပခုက္ကူဗာဂျီးနီးယားဆေးပေါင်းစက်ရုံ
- ပွင့်ဖြူချည်မျှင်စက်ရုံ
- မကွေးဆပ်ပြာစက်ရုံ
[ပြင်ဆင်ရန်] ထင်ရှားသောတံတားကြီးများ
- အနော်ရထာတံတား (ချောက်-ဆိပ်ဖြူ)
- မကွေးတံတား (မကွေး-မင်းဘူး)
- ပခုက္ကူတံတား (ပခုက္ကူ-မြစ်ချေ) (စီမံကိန်း)
- မုန်းချောင်းတံတား (ပွင့်ဖြူ-ရှောက်တော)
- မန်းချောင်းတံတား (စကု)
- ယင်းချောင်းတံတား (မကွေး)
- ပင်းချောင်းတံတား (ရေနံချောင်း)
- စလင်းချောင်းတံတား (ဆင်ဖြူကျွန်း-နွယ်တမယ်)
[ပြင်ဆင်ရန်] စာပေ၊ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့
မကွေးတိုင်းအနောက်ခြမ်းဒေသများဖြစ်သော မင်းတုန်း၊ ငဖဲ၊ စေတုတ္တရာ၊ ဆော၊ ထီးလင်း၊ ဂန့်ဂေါမြို့နယ်များတွင် မြေပြန့်ချင်းလူမျိုးများ နေထိုင်ကြသောကြောင့် ချင်းတိုင်းရင်းသား ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးစံများကို တွေ့ရှိရပါသည်။
[ပြင်ဆင်ရန်] ဒေသထွက်ကုန်များ
မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်အမျိုးမျိုး၊ ဆန်စပါး၊ ပြောင်း၊ ကျွန်းသစ်၊ ပိတောက်၊ အင်၊ အင်ကြင်း၊ သစ်ရာ၊ ပျဉ်း၊ ပျဉ်းကတိုး၊ ဝါးအမျိုးမျိုး
[ပြင်ဆင်ရန်] တွင်းထွက်များ
မကွေးတိုင်း ရေနံချောင်းနှင့် ချောက်မြို့နယ်တို့တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့တို့ ထွက်ရှိသည်။
- ချောက်ရေနံမြေ
- ရေနံချောင်းရေနံမြေ
- ထောက်ရှာပင်ရေနံမြေ
- မင်းဘူးရေနံမြေ
- မန်းရေနံမြေ
[ပြင်ဆင်ရန်] ကိုးကား
- ↑ D.P.S. MYANMAR GUIDE MAP. 2000.
မှတ်ချက်။ ။အချက်အလက်များ နှင့် မူရင်းရေးသားသူ မှာ www.wikimyanmar.org မှ ကိုရွက်ဝါဖြစ်ပါသည်။--လဂွန်းအိန် ၀၉:၅၇၊ ၂၂ ဧပြီ ၂၀၀၉ (UTC)
![]() |
ချင်းပြည်နယ် | စစ်ကိုင်းတိုင်းဒေသကြီး | ![]() |
|
| မန္တလေးတိုင်းဒေသကြီး | ||||
| ရခိုင်ပြည်နယ် | ပဲခူးတိုင်းဒေသကြီး |
|
||||||||||||||||||||||||||
