ဂန့်ဂေါခရိုင်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ဂန့်ဂေါခရိုင်သည် မကွေးတိုင်း အနောက်မြောက်ဘက်စွန်းတွင် တည်ရှိသည်။ ချင်းတောင်တန်းနှင့် ပုံတောင်-ပုံညာတောင်တန်း များကြားတွင် တောင် - မြောက်သွယ်တန်းလျက် ရှိသော မြစ်သာမြစ်ဝှမ်း လွင်ပြင်ဒေသ ဖြစ်သည်။ ဂန့်ဂေါခရိုင်သည် ယောနယ်ဟု လူသိများသော ဒေသဖြစ်သည်။

ပါဝင်သောမြို့နယ်များ[ပြင်​ဆင်​ရန်​]

ခရိုင်ရုံးစိုက်ရာမြို့[ပြင်​ဆင်​ရန်​]

ဂန့်ဂေါမြို့မှာ ခရိုင်ရုံးစိုက်ရာမြို့ ဖြစ်သည်။ ဂန့်ဂေါမြို့တွင် လေယဉ်ကွင်းလည်း ရှိပြီး၊ ရထားလမ်း၊ ကားလမ်းများဖြင့်လည်း ဒေသအသီးသီးသို့ ဆက်သွယ် သွားလာနိုင်သဖြင့် အချက်အခြာကျသည်။ ဂန့်ဂေါမြို့မှ တဆင့် ချင်းပြည်နယ် ဟားခါးမြို့သို့ လည်းကောင်း၊ မကွေးတိုင်း ပခုက္ကူမြို့သို့လည်းကောင်း၊ စစ်ကိုင်းတိုင်း ကလေးမြို့သို့လည်းကောင်း ဆက်သွယ် သွားလာနိုင်သည်။ ယခင်က ဆောမြို့တွင် ခရိုင်ရုံး စိုက်ခဲ့ပြီး ဆောခရိုင်ဟု ခေါ်ဝေါ်ခဲ့ဖူးသည်။

အခြားမြို့များ[ပြင်​ဆင်​ရန်​]

ဒေသတွင်း အရေးပါသော အခြားမြို့များမှာ တောင်ပိုင်းချင်းပြည်နယ်၏ အဓိက တံခါးပေါက် ဖြစ်သော ကျောက်ထုမြို့(ခေါ်)ယောမြို့၊ ထီးလင်းမြို့လောင်းရှည်မြို့၊ ပုံတောင်ပုံညာတောင်တန်း အရှေ့ခြမ်းရှိ ကျောမြို့ တို့ ဖြစ်ကြသည်။