ကွန်ပျူတာတက္ကသိုလ်(မကွေး)
| ကွန်ပျူတာတက္ကသိုလ် (မကွေး) | |
| မြန်မှန်တွက်ချက်တိုင်းပြည်တွက် | |
| ကွန်ပျူတာတက္ကသိုလ် (မကွေး) | |
| တည်ထောင်ခုနှစ် | ၂၀၀၀ ခုနှစ် |
| ပါမောက္ခချုပ် | ဒေါက်တာ စိုးလင်းအောင် |
| တည်နေရာ | မကွေးမြို့၊ မကွေးတိုင်းဒေသကြီး။ |
| ပိုင်ဆိုင်မှု | သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန |
| အထိမ်းအမှတ်အရောင် | အဝါရောင် |
| ဝဘ်ဆိုတ် | Official site |
ကွန်ပျူတာတက္ကသိုလ် (မကွေး)သည် မကွေးမြို့ မကွေးတိုင်းဒေသကြီး၊ မြန်မာနိုင်ငံတွင် တည်ရှိပါသည်။ တက္ကသိုလ်သည် မကွေးမြို့နယ်၊ မကွေး-တောင်တွင်းကြီး လမ်းပေါ်တွင်တည်ရှိသော မကျည်းကန်ကျေးရွာအနီးတွင် တည်ရှိပါသည်။ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်၊ ဧပြီလတွင် ထိုကျောင်းသစ်သို့ ပြောင်းရွေ့ခဲ့သည်။ ကွန်ပျူတာတက္ကသိုလ် (မကွေး)သည် သိပ္ပံနှင့်နည်းပညာ၀န်ကြီး လက်အောက်တွင် ပါ၀င်ပါသည်။ ကွန်ပျူတာသိပ္ပံနှင့်နည်းပညာ များကိုသင်ကြားပေးပါသည်။
မာတိကာ |
ပရိုဂရမ်များ [ပြင်ဆင်ရန်]
တက္ကသိုလ်သည် ၃ နှစ်ရိုးရိုးဘွဲ့ နှင့် ၄ နှစ်ဂုဏ်ထူးဘွဲ့များ ချီးမြင့်ပေးသည်။ ၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှ စ၍ ရိုးရိုးဘွဲ့ ကို ၄ နှစ်သင်ကြားရမည်ဖြစ်ပြီး ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှ စ၍ ရိုးရိုးဘွဲ့ ကို ၅ နှစ်သင်ကြားရမည်ဖြစ်သည်။
| ပရိုဂရမ် | ရိုးရိုးဘွဲ့များ | မာစတာဘွဲ့ | ဒေါက်တာဘွဲ့ |
|---|---|---|---|
| ကွန်ပျူတာ သိပ္ပံ | B.C.Sc., B.C.Sc (Hons:) | မရှိ | မရှိ |
| ကွန်ပျူတာ နည်းပညာ | B.C.Tech., B.C.Tech (Hons:) | မရှိ | မရှိ |
| အသုံးပြု သိပ္ပံ | မရှိ | မရှိ | မရှိ |
| သတင်းအချက်အလက် သိပ္ပံ | မရှိ | မရှိ | မရှိ |
သင်ခန်းစာများ [ပြင်ဆင်ရန်]
ပထမနှစ် [ပြင်ဆင်ရန်]
ပထမနှစ်ဝက်-မြန်မာစာ၊ အင်္ဂလိပ်စာ၊ ရူပဗေဒ၊ 101၊ 102၊ 103၊ 104 ဒုတိယနှစ်ဝက်-မြန်မာစာ၊ အင်္ဂလိပ်စာ၊ ရူပဗေဒ၊ 101၊ 102၊ 103၊ 104
ဒုတိယနှစ် [ပြင်ဆင်ရန်]
ပထမနှစ်ဝက်-အင်္ဂလိပ်စာ၊ 201၊ 202၊ 203၊ 204၊ 205၊206 ဒုတိယနှစ်ဝက်-အင်္ဂလိပ်စာ၊ 201၊ 202၊ 203၊ 204၊ 205၊206
တတိယနှစ် [ပြင်ဆင်ရန်]
ပထမနှစ်ဝက်-အင်္ဂလိပ်စာ၊ 301၊ 302၊ 303၊ 304၊ 305၊ 306 ဒုတိယနှစ်ဝက်-အင်္ဂလိပ်စာ၊ 301၊ 302၊ 303၊ 304၊ 305၊ 306
ဂုဏ်ထူးတန်း [ပြင်ဆင်ရန်]
ပထမနှစ်ဝက်-အင်္ဂလိပ်စာ၊ 401၊ 402၊ 403၊ 404၊ 405၊ 406 ဒုတိယနှစ်ဝက်-အင်္ဂလိပ်စာ၊ 401၊ 402၊ 403၊ 404၊ 405၊ 406
တက္ကသိုလ် သင်ကြားရေး [ပြင်ဆင်ရန်]
သင်ကြားရေးဌာနများ [ပြင်ဆင်ရန်]
- မြန်မာစာဌာန
- အင်္ဂလိပ်စာဌာန
- ရူပဗေဒဌာန
- ပရိုဂရမ်နည်းပညာဌာန (Department of Software Technology)
- စက်နည်းပညာဌာန (Department of Hardware Technology)
- သုတသိပ္ပံဌာန (Department of Information Science)
- တွက်ချက်ရေးသင်္ချာဌာန (Department of Computational Mathematics)
တို့ဖြစ်ပါသည်။