ကျောမြို့

ဝီကီပီးဒီးယား မှ
ကျောမြို့
မြန်မာနိုင်ငံရှိ မြို့များ
ကျောမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ကျောမြို့
ကျောမြို့
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ
ကိုဩဒိနိတ်: 21°55′39″N 94°21′28″E / 21.92737°N 94.35789°E / 21.92737; 94.35789ကိုဩဒိနိတ်: 21°55′39″N 94°21′28″E / 21.92737°N 94.35789°E / 21.92737; 94.35789
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးမကွေးတိုင်းဒေသကြီး
ခရိုင်ဂန့်ဂေါခရိုင်
မြို့နယ်ဂန့်ဂေါမြို့နယ်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်)

ကျောမြို့ သည် မြန်မာနိုင်ငံမကွေးတိုင်းဒေသကြီးဂန့်ဂေါခရိုင်ဂန့်ဂေါမြို့နယ်တွင် ပါဝင်သည့် မြို့တစ်မြို့ ဖြစ်သည်။[၁]

ပုံတောင်တောင်တန်း နှင့် ပုံညာတောင်တန်းအကြားတွင် တည်ရှိပြီး ပုလဲ - ဂန့်ဂေါကားလမ်း ပခုက္ကူ - ကလေးမီးရထားလမ်းတို့သည် ကျောမြို့ကို ဖြတ်သန်းသွားသည်။

ကျောဒေသတွင်ရွာ ၁၆ ရွာပါဝင်သည်။ ကျောချောင်းသည် ကျောဒေသကို မြောက်မှတောင်သို့ ဖြတ်သန်းစီးဆင်းသည်။ လူသားအစပုံတောင်က ဆိုရမည့် ကမ္ဘာ့ အစောဆုံးလူနေထိုင်ခဲ့သည့် မြန်မာ့ ပရိုင်းမိတ်များ စတင်တူးဖော်တွေ့ရှိခဲ့ရာ ဒေသဖြစ်သည်။

လယ်ယာစိုက်ပျိုးရေး(တောင်သူ)လုပ်ငန်းသည် ကျောဒေသ၏အဓိကစီးပွားရေးလုပ်ငန်းဖြစ်သသည်။ ယောစကား(​ ရှေးဗမာစကား)ကို အများဆုံးပြောဆိုကြသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ကောဇာသက္ကရာဇ်(၂၂၄)ခုနှစ်၊ ပျူနွယ်ဖွား ဦးကျော်ဝ မှ ကျောချောင်းမြောက်ဘက် တဲနိမ့်(အရပ်ခေါ်သော အမည်)နေရာတွင် ကျောရွာကို ပထမအကြိမ်အဖြစ် စတင်တည်ထောင်ခဲ့ရာ ရွာတည်ထောင်သူ ဦးကျော်ဝအား အစွဲပြု၍ ကျော်ဝရွာဟု သမုတ်ခဲ့ရာမှ ကာလရွေ့လျားသောအခါ " ကျောရွာ"ဟု ခေါ်ဝေါ်ခဲ့ကြသည်။

သဘာဝဘေးအန္တရာယ်နှင့် ကျောချောင်းရေတိုက်စား မှုကြောင့် ရွာပျက်စီး၍ သက္ကရာဇ် (၁၁၃၀)ခုနှစ် တပို့တွဲလပြည့်ကျော်(၅)ရက် အင်္ဂါနေ့နံနက်ရောင်နီလာချိန်တွင် မင်္ဂလာပန္နက်ရိုက်၍ ဒုတိယအကြိမ် ကျောရွာကို ယခုလက်ရှိ တည်နေရာတွင် ပြန်လည် တည်ထောင်ခဲ့ကြသည်။ ပန္နက်ရိုက်ရာနေရာတွင် ကျားတစ်ကောင်လာဝပ်သည်ကို တွေ့မြင်ကြ၍ ၎င်းကို အစွဲပြုပြီး ကျားဝပ်ရွာဟု ပြောင်းလဲအမည်ပေးခဲ့သော်လည်း ကာလရှည်ကြာလာသောအခါ ကျားဝပ်ရွာမှ "ကျောရွာ"ဟုပင် အမည်နာမခေါ်တွင်ခဲ့ကြသည်။

ကျောမြို့ဖွဲ့စည်းခြင်း[ပြင်ဆင်ရန်]

ပြည်ထဲရေးဝန်ကြီး ဌာန၏(၃၀.၃.၂၀၁၅)ရက်စွဲပါစာအမှတ်၊ ၂၀၀/၂၃- ၁၂၇(၄၃၅၇)/ဦး၁(အထဥ)ဖြင့် ပေးပို့သည့် အမိန့် ကြော်ငြာစာဖြင့် ကျောကျေးရွာ၊ ရွှေပင်ကျေးရွာ၊ ပဲမစားကျေးရွာ၊ ရွာငယ်ကျေးရွာ၊ ကျွဲကိုင်းကျေးရွာ၊ စခါးကျေးရွာ(၆)ရွာအား စုစည်း၍ ကျောမြို့အဖြစ် သတ်မှတ်ပြီး အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂) ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်ဖြင့် ဖွဲ့စည်းပြီး "ကျောမြို့"အဖြစ်သတ်မှတ်ပေးခဲ့သည်။

တည်နေရာနှင့် အကျယ်အဝန်း[ပြင်ဆင်ရန်]

ကျောမြို့သည် မြောက်လတ္တီတွဒ် (၂၁ဒီဂရီ၊ ၄၅မိနစ်)နှင့် (၂၂ဒီဂရီ၊ ၄၅မိနစ်)အကြား၊ အရှေ့လောင်ဂျီတွဒ် (၉၄ဒီဂရီ)နှင့် (၉၄ဒီဂရီ ၃၀မိနစ်)အကြားတွင် တည်ရှိသည်။ အကျယ်အဝန်းမှာ စတုရန်းမိုင်အားဖြင့် (၀.၃၅၃)မိုင် ကျယ်ဝန်းသည်။

ရာသီဥတုနှင့် ပင်လယ်ရေမျက်နှာအထက်အမြင့်[ပြင်ဆင်ရန်]

ကျောမြို့သည် ပူအိုက်စွတ်စိုသော ရာသီဥတုရှိပြီး အမြင့်ဆုံး အပူချိန် (43°C)နှင့် အနိမ့်ဆုံးအပူချိန်မှာ (12 °C) ဖြစ်သည်။ ပင်လယ်ရေမျက်နှာအထက် (၇၀၃)ပေ မြင့်သည်။

ထင်ရှားသောနေရာများ[ပြင်ဆင်ရန်]

  1. ပုံတောင်က ကျောက်ဖြစ်ရုပ်ကြွင်း
  2. ပုံညာဥမင်လိုဏ်တို့

ကိုးကား[ပြင်ဆင်ရန်]

  1. Magway Region Place Codesမြန်မာသတင်းအချက်အလက် စီမံခန့်ခွဲမှုယူနစ် (၁၅ ဇူလိုင် ၂၀၁၆)။ 25 June 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 March 2017 တွင် ပြန်စစ်ပြီး။