တန်စတင်

ဝီကီပီးဒီးယား မှ
(Tungsten မှ ပြန်ညွှန်းထားသည်)
တန်စတင်  74W
ယေဘုယျ ဂုဏ်သတ္တိများ
အမည်၊ သင်္ကေတတန်စတင်, W
အသံထွက်/ˈtʌŋstən/; /ˈwʊlfrəm/
TUNG-stən; WUUL-frəm
အခြားအမည်wolfram
အဆင်းgrayish white, lustrous
ဒြပ်စင်အလှည့်ကျဇယားရှိ တန်စတင်
Element 1: ဟိုက်ဒရိုဂျင် (H), Other non-metal
Element 2: ဟီလီယမ် (He), Noble gas
Element 3: လီသီယမ် (Li), Alkali metal
Element 4: ဘယ်ရီလီယမ် (Be), Alkaline earth metal
Element 5: ဘိုရွန် (B), Metalloid
Element 6: ကာဗွန် (C), Other non-metal
Element 7: နိုက်ထရိုဂျင် (N), Other non-metal
Element 8: အောက်ဆီဂျင် (O), Other non-metal
Element 9: ဖလိုရင်း (F), Halogen
Element 10: နီယွန် (Ne), Noble gas
Element 11: ဆိုဒီယမ် (Na), Alkali metal
Element 12: မဂ္ဂနီစီယမ် (Mg), Alkaline earth metal
Element 13: အလူမီနီယမ် (Al), Other metal
Element 14: ဆီလီကွန် (Si), Metalloid
Element 15: ဖော့စဖောရပ် (P), Other non-metal
Element 16: ဆာလဖာ (S), Other non-metal
Element 17: ကလိုရင်း (Cl), Halogen
Element 18: အာဂွန် (Ar), Noble gas
Element 19: ပိုတက်ဆီယမ် (K), Alkali metal
Element 20: ကယ်လဆီယမ် (Ca), Alkaline earth metal
Element 21: စကန္ဒီယမ် (Sc), Transition metal
Element 22: တိုင်‌တေနီယမ် (Ti), Transition metal
Element 23: ဗနေဒီယမ် (V), Transition metal
Element 24: ခရိုမီယမ် (Cr), Transition metal
Element 25: မက်ဂနိစ် (Mn), Transition metal
Element 26: သံ (သတ္တု) (Fe), Transition metal
Element 27: ကိုဘော့ (ဒြပ်စင်) (Co), Transition metal
Element 28: နီကယ် (Ni), Transition metal
Element 29: ကြေးနီ (Cu), Transition metal
Element 30: သွပ် (Zn), Transition metal
Element 31: ဂဲလီယမ် (Ga), Other metal
Element 32: ဂျာမေနီယမ် (Ge), Metalloid
Element 33: စိန်ဖြူ (As), Metalloid
Element 34: ဆီလီနီယမ် (Se), Other non-metal
Element 35: ဘရိုမင်း (Br), Halogen
Element 36: ကရစ်ပတွန် (Kr), Noble gas
Element 37: ရူဘီဒီယမ် (Rb), Alkali metal
Element 38: စထရွန်တီယမ် (Sr), Alkaline earth metal
Element 39: အိတ်တြီယမ် (Y), Transition metal
Element 40: ဇာကိုနီယမ် (Zr), Transition metal
Element 41: နိုင်အိုဘီယမ် (Nb), Transition metal
Element 42: မိုလိပ်ဒီနမ် (Mo), Transition metal
Element 43: တက္ကနက်တီယမ် (Tc), Transition metal
Element 44: ရက်သီနီယမ် (Ru), Transition metal
Element 45: ရိုဒီယမ် (Rh), Transition metal
Element 46: ပယ်လေဒီယမ် (Pd), Transition metal
Element 47: ငွေ (သတ္တု) (Ag), Transition metal
Element 48: ကတ်မီယမ် (Cd), Transition metal
Element 49: အိန္ဒီယမ် (In), Other metal
Element 50: သံဖြူ (Sn), Other metal
Element 51: ခနောက်စိမ်း (Sb), Metalloid
Element 52: တယ်လူရီယမ် (Te), Metalloid
Element 53: အိုင်အိုဒင်း (I), Halogen
Element 54: ဇီနွန် (Xe), Noble gas
Element 55: ဆယ်ဆီယမ် (Cs), Alkali metal
Element 56: ဘေရီယမ် (Ba), Alkaline earth metal
Element 57: လန်သနမ် (La), Lanthanoid
Element 58: ဆယ်ရီယမ် (Ce), Lanthanoid
Element 59: ပရာဆီယိုဒိုင်ယမ် (Pr), Lanthanoid
Element 60: နီယိုဒိုင်မီယမ် (Nd), Lanthanoid
Element 61: ပရိုမီသီယမ် (Pm), Lanthanoid
Element 62: ဆမ္မာရီယမ် (Sm), Lanthanoid
Element 63: ယူရိုပီယမ် (Eu), Lanthanoid
Element 64: ဂါဒိုလီနီယမ် (Gd), Lanthanoid
Element 65: တာဘီယမ် (Tb), Lanthanoid
Element 66: ဒိုင်စပရိုဆီယမ် (Dy), Lanthanoid
Element 67: ဟိုမီယမ် (Ho), Lanthanoid
Element 68: အာဘီယမ် (Er), Lanthanoid
Element 69: ကျူလီယမ် (Tm), Lanthanoid
Element 70: အိတ္တာဘီယမ် (Yb), Lanthanoid
Element 71: လူတက်သီယမ် (Lu), Lanthanoid
Element 72: ဟက်ဖ်နီယမ် (Hf), Transition metal
Element 73: တန်တလမ် (Ta), Transition metal
Element 74: တန်စတင် (W), Transition metal
Element 75: ရီနီယမ် (Re), Transition metal
Element 76: အော့စမီယမ် (Os), Transition metal
Element 77: အိုင်ရီဒီယမ် (Ir), Transition metal
Element 78: ရွှေဖြူ (Pt), Transition metal
Element 79: ရွှေ (Au), Transition metal
Element 80: ပြဒါး (Hg), Transition metal
Element 81: သယ်လီယမ် (Tl), Other metal
Element 82: ခဲ (သတ္တု) (Pb), Other metal
Element 83: ကြွပ် (Bi), Other metal
Element 84: ပိုလိုနီယမ် (Po), Metalloid
Element 85: အက်စ်တက်တိုင်း (At), Halogen
Element 86: ရေဒွန် (Rn), Noble gas
Element 87: ဖရန်စီယမ် (Fr), Alkali metal
Element 88: ရေဒီယမ် (Ra), Alkaline earth metal
Element 89: အက်တီနီယမ် (Ac), Actinoid
Element 90: သိုရီယမ် (Th), Actinoid
Element 91: ပရိုတက်တီနီယမ် (Pa), Actinoid
Element 92: ယူရေနီယမ် (U), Actinoid
Element 93: နပ်ကျူနီယမ် (Np), Actinoid
Element 94: ပလူတိုနီယမ် (Pu), Actinoid
Element 95: အမေရိစီယမ် (Am), Actinoid
Element 96: ကျူရီယမ် (Cm), Actinoid
Element 97: ဘာကီလီယမ် (Bk), Actinoid
Element 98: ကာလီဖိုနီယမ် (Cf), Actinoid
Element 99: အိုင်စ်တိုင်နီယမ် (Es), Actinoid
Element 100: ဖာမီယမ် (Fm), Actinoid
Element 101: မန်ဒယ်လီဗီယမ် (Md), Actinoid
Element 102: နိုဘယ်လီယမ် (No), Actinoid
Element 103: လော်ရန်စီယမ် (Lr), Actinoid
Element 104: ရူသာဖော်ဒီယမ် (Rf), Transition metal
Element 105: ဒပ်ဘ်နီယမ် (Db), Transition metal
Element 106: ဆီဘော်ဂျီယမ် (Sg), Transition metal
Element 107: ဘိုဟ်ရီယမ် (Bh), Transition metal
Element 108: ဟက်စ်စီယမ် (Hs), Transition metal
Element 109: မိုက်ဒ်နီရီယမ် (Mt), Transition metal
Element 110: ဒမ်စတဒ်တီယမ် (Ds), Transition metal
Element 111: ရွန့်ဂန္နီယမ် (Rg), Transition metal
Element 112: ကော့ပါနီဆီယမ် (Cn), Transition metal
Element 113: နီဟိုနီယမ် (Uut)
Element 114: ဖလရိုဗီယမ် (Uuq)
Element 115: မော်စကိုဗီယမ် (Uup)
Element 116: လီဗာမိုရီယမ် (Uuh)
Element 117: တန်နဆီး (Uus)
Element 118: အိုဂန်နက်ဆွန် (Uuo)
Mo

W

Sg
တန်တလမ်တန်စတင်ရီနီယမ်
အက်တမ် အမှတ်စဉ် (Z)74
အုပ်စုဘလော့group 6
ဒြပ်စင်အလှည့်ကျဇယားperiod 6
ဒြပ်စင် ကဏ္ဍ  transition metal
စံ အက်တောမစ် အလေးချိန် (±) (Ar)183.84(1)[၁]
အီလက်ထရွန် ပြုပြင်မှု[Xe] 4f14 5d4 6s2[၂]
အခွံတစ်ခုလျင် အီလက်ထရွန်ပါဝင်မှု2, 8, 18, 32, 12, 2
ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ
ဖေ့စ်အစိုင်အခဲ
အရည်ပျော်မှတ်3695 K ​(3422 °C, ​6192 °F)
အရည်ဆူမှတ်6203 K ​(5930 °C, ​10,706 °F)
သိပ်သည်းမှု (အခန်းအပူချိန်)19.25 g/cm3
17.6 g/cm3
ဖျူးရှင်းအပူ35.3 kJ/mol
အငွေ့ပျံခြင်း အပူ774 kJ/mol
မိုလာ အပူအင်အား24.27 J/(mol·K)
ငွေ့ရည်ဖိအား
P (Pa) 1 10 100 1 k 10 k 100 k
at T (K) 3477 3773 4137 4579 5127 5823
အက်တောမစ် ဂုဏ်အင်များ
အောက်ဆိုဒ်ဒေးရှင်း အခြေနေ6, 5, 4, 3, 2, 1, 0, −1, −2, −4 ​(a mildly acidic oxide)
အီလက်ထရွန် ဆန့်ကျင်ဘက်ဓာတ်Pauling scale: 2.36
အိုင်ယွန်းပြုခြင်းစွမ်းအင်1st: 770 kJ/mol
2nd: 1700 kJ/mol
အက်တောမစ် အချင်းဝက်empirical: 139 pm
ကိုဗေးလန့်အချင်းဝက်162±7 pm
Miscellanea
ပုံဆောင်ခဲ ဖွဲ့စည်းပုံbody-centered cubic (bcc)
Body-centered cubic crystal structure for တန်စတင်
အသံ၏အမြန်နှုန်း ပါးလွှာသော သံချောင်း4620 m/s (at r.t.) (annealed)
အပူ ပြန့်ကားမှု4.5 µm/(m·K) (at 25 °C)
အပူစီးကူးမှု173 W/(m·K)
လျှပ်စစ် ခုခံမှု52.8 nΩ·m (at 20 °C)
သံလိုက်ဓာတ်paramagnetic[၃]
သံလိုက် ထိတွေ့နိုင်မှု (χmol)+59.0·10−6 cm3/mol (298 K)[၄]
Young's modulus411 GPa
Shear modulus161 GPa
Bulk modulus310 GPa
ပိုင်ဆွန် အချိုး0.28
Mohs hardness7.5
Vickers hardness3430–4600 MPa
Brinell hardness2000–4000 MPa
CAS Number7440-33-7
သမိုင်းကြောင်း
ရှာဖွေတွေ့ရှိမှုကားလ် ဗီဟိမ်း ရှေးလာ (၁၇၈၁)
ပထမဆုံး ခွဲထုတ်မှုJuan José Elhuyar and Fausto Elhuyar (၁၇၈၃)
အမည်တပ် ခဲ့Torbern Bergman (၁၇၈၁)
အတည်ငြိမ်ဆုံး တန်စတင်၏ အိုင်ဆိုတုပ်များ
iso NA သက်တမ်းဝက် DM DE (MeV) DP
180W 0.12% 1.8×1018 y α 2.516 176Hf
181W syn 121.2 d ε 0.188 181Ta
182W 26.50% is stable with 108 neutrons
183W 14.31% is stable with 109 neutrons
184W 30.64% is stable with 110 neutrons
185W syn 75.1 d β 0.433 185Re
186W 28.43% is stable with 112 neutrons
ဝီကီဒေတာတွင် | | ကိုးကား

တန်စတင်ဟူသော အမည်မှာ လေးသောကျောက်ဟု အဓိပ္ပာယ်ရှိသည့် ဆွစ်စကားမှ ရအပ်သောအမည်ဖြစ်သည်။ တန်စတင်သည် ဘော်အဆင်းရှိသော သတ္တုဖြစ်သည်။ အက်တမ် နံပါတ်စဉ်မှာ ၇၄ ဖြစ် ၍၊ အက်တမ်အလေးဆမှာ ၁၈၄ ဖြစ်သည်။ သိပ်သည်းခြင်းမှာ ၁၈.၈ ဖြစ်၍၊ အကြမ်း အားဖြင့်ဆိုသော် တန်စတင်သည် ခဲထက်နှစ်ဆလေးသည်။ သတ္တုများတွင် မီးပူအခံနိုင်ဆုံးဖြစ်၍ အပူချိန် ဖာရင်ဟိုက် ၆၁ဝဝ ဒီဂရီ၌သာ အရည်ပျော်သည်။ တန်စတင်၏ အခြား အမည်မှာ ဝူးဖရမ်ဖြစ်သည်။ မြန်မာဘာသာအားဖြင့် အဖြိုက်နက် ဖြစ်သည်။

ဓာတုသင်္ကေတမှာ (W) ဖြစ်၏။ တန်စတင်သတ္တုရိုင်းတွင် ယေဘုယျအားဖြင့် တန်စတင် ၅ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းအထိသာ ပါရှိတတ်သည်။ တန်စတင် ထွက်သော ဒေသများမှာ တရုတ်နိုင်ငံ၊ မြန်မာနိုင်ငံ၊ ဗိုလစ်ဗီး ယားနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့ ဖြစ်ကြသည်။ တန်စတင်သတ္တုရိုင်းများကို ဝူးဖရမ်မိုက်၊ ဟပ္ပနာရိုက်၊ ရှီးလိုက် နှင့်ဖာဗာရိုက်ဟုခေါ်သည်။ ဤသတ္တုရိုင်းများကို တွေ့ရှိခဲ့သည် မှာ နှစ်ပေါင်း ၁၅ဝ ကျော်ခန့်ပင်ရှိပြီ ဖြစ်သော်လည်း၊ စတင် အသုံးပြုခဲ့သည်မှာ နှစ်ပေါင်း များစွာမကြာသေးချေ။ သို့သော် ယခုခေတ်တွင် အလွန်အသုံးများလာသဖြင့် တန်စတင်သတ္တု ရိုင်းများသည် ရွှေသတ္တုရိုင်းနီးပါးမျှပင် အဖိုးတန်သည်။

တန်စတင်သည် အလွန်မာ၏။ ကြေးနီနန်းကြိုးထက် ဆယ်ဆမျှဆွဲအားကိုခံနိုင်၏။ အရည်ပျော်သော အပူချိန်သည် အလွန်မြင့်လွန်းသောကြောင့်လည်းကောင်း၊ နန်းဆွဲယူရန် မရနိုင်လောက် အောင် ကြွပ်ဆတ်သောကြောင့်လည်းကောင်း၊ ရှေးအခါက တန်စတင်ကို နန်းဆွဲယူရန် မတတ်နိုင်ခဲ့ကြချေ။ သို့သော် ၁၉၁၂ ခုနှစ်တွင် ဤကိစ္စကို အလွယ်တကူနှင့် ဖြစ်မြောက်အောင် ဆောင်ရွက်နိုင် ခဲ့လေသည်။

တန်စတင်ကို နန်းဆွဲပုံမှာ တန်စတင်အက်ဆစ်မှ ဟိုက်ဒရိုဂျင်ဖြင့် အောက်ဆီဂျင်ကို လျှော့ပစ်၍ သတ္တုကိုထုတ် ယူပြီးလျှင် ထိုသတ္တုကို ဖိအားဖြင့် ပုံသွန်းယူသည်။ ပုံသွန်းပြီး သောသတ္တုကို တစ်ဖန် လျှပ်စစ်မီးဖိုတွင် ဖြူဝင်းလာသည့်တိုင် အောင် မီးတိုက်ပေးသည်။ ထိုနောက် အနည်းငယ် အအေးခံပြီး လျှင် နီရဲနေစဉ် စိန်ပေါက်များမှ နန်းဆွဲယူနိုင်သည့်အထိ သေး ငယ်လာအောင် လှိမ့်ပေးလေသည်။


တန်စတင်နန်းကြိုးတွင် လျှပ်စစ်ဓာတ် စီးနေသောအခါ ခုခံ အား အလွန်ကြီးမားသောကြောင့် နန်းကြိုးမှာ ဖြူဝင်းလာသည်။ ဤအချက်အပြင် မီး၏အပူတွင် ပျော့ပျောင်း၍ မသွားဘဲ၊ တာရှည်ခံနိုင်ရည်ရှိသဖြင့် လျှပ်စစ်ဓာတ်မီးလုံးများတွင် မီးစာ မျှင်အဖြစ်ဖြင့် အသုံးပြုသည်။ ဤမီးစာမှာ ရှေးအခါက အသုံး ပြုခဲ့သည့် ကာဗွန်မီးစာများထက် ၂ ဆမှ ၅ ဆအထိ ပို၍လင်း သည်။ တန်စတင်ကို အခြားသတ္တုများဖြင့် ရောယူသောအခါ အလွန်မာ၍ စက်မှုလက်မှုပညာတွင် အသုံးဝင်သည့် သတ္တုစပ် များကိုရရှိသည်။


သံမဏိတွင် နစ်ကယ် ရောသကဲ့သို့ တန်စတင်ရော၍ တန်စတင်သံမဏိပြုလုပ် ယူကြသည်။ တန်စတင်သံမဏိသည် စစ်သင်္ဘောများတွင် သံချပ်ကာများကိုလည်းကောင်း၊ သံမဏိကိုဖြတ်တောက်ရန် တန်ဆာပလာ များကိုလည်းကောင်း၊ ထာဝရသံလိုက်များကိုလည်းကောင်း ပြုလုပ်ရန်အတွက် အလွန်ကောင်းသည်။ သံချပ်ကာ ပြုလုပ်ယူရာ၌ ဤသံမဏိကို ဖြတ်တောက်ပစ်ရန် အလွန်ခဲယဉ်းသောကြောင့် နီရဲနေစဉ် အလို ရှိသော ပုံကို ထုရိုက်၍ယူကြရလေသည်။ တန်စတင် သံမဏိ ဖြင့် ပြုလုပ်ထားသော တန်ဆာပလာများသည် ရိုးရိုးတန်ဆာ ပလာများထက် သံကို ၅ ဆမျှ လျင်မြန်စွာ ဖြတ်တောက်နိုင်သည်။

ကိုဗော့၊ ကရိုမီယမ်နှင့် တန်စတင်ပါဝင်သော စတဲလိုက်ခေါ် သတ္တုစပ်သည် ဩဂဲနစ်အက်ဆစ်နှင့် ရိုးရိုးအဆိပ်ဖြေဆေးတို့ ကို ခံနိုင်ရည်ရှိသည့်ပြင် မာလည်း အလွန်မာသောကြောင့် ခွဲစိပ်ကုသရာ၌သုံးသည့် ကိရိယာများကို ထိုသတ္တုစပ်ဖြင့် ပြုလုပ်ယူကြသည်။ တန်စတင်ကို အသုံးပြုသော အခြားအသုံး အဆောင်များမှာ အိပ်စရေးရောင်ခြည် ရိုက်ဟပ်ရန်ခံတုံး၊ သာမျန်နစ်ကရိယာ၊ ဂယ်လဗါနိုမီတာ နန်းကြိုး လျှပ်စစ်ဓာတ် ဆက်ကိရိယာ စသည်တို့ဖြစ်သည်။

၁၉၁၈ ခုနှစ်မတိုင်မီက မြန်မာနိုင်ငံသည် တန်စတင်သတ္တု ကို တင်ပို့ရာ အဓိကဌာနတစ်ခုဖြစ်သည်။ ထိုစဉ်က ထားဝယ်၊ မြိတ်နှင့် မော်ချီသတ္တုတွင်းတို့မှထွက်သော တန်စတင် သတ္တုရိုင်းမှာ တစ်နှစ်လျှင် တန်ချိန် ၅ဝဝဝ မျှရှိသည်။ ယင်းတို့မှာ တန်စတင်နှင့်ခဲမဖြူ ရောစပ်နေသော သတ္တုရိုင်း ဖြစ်၏။ ယခုအခါ၌မူ တရုတ် ပြည်သူ့သမ္မတနိုင်ငံသည်လည်း တန်စတင် အကြီးအကျယ်ထွက်ရာအရပ် ဖြစ်နေပြီ။ [၅]

ကိုးကား[ပြင်ဆင်ရန်]

  1. Standard Atomic Weights 2013. Commission on Isotopic Abundances and Atomic Weights
  2. Berger, Dan။ Why does Tungsten not 'Kick' up an electron from the s sublevel ?။ Bluffton College, USA။
  3. Lide, D. R., ed. (2005)။ "Magnetic susceptibility of the elements and inorganic compounds"။ CRC Handbook of Chemistry and Physics (PDF) (86th ed.)။ Boca Raton (FL): CRC Press။ ISBN 0-8493-0486-5
  4. Weast၊ Robert (1984)။ CRC, Handbook of Chemistry and Physics။ Boca Raton, Florida: Chemical Rubber Company Publishing။ pp. E110။ ISBN 0-8493-0464-4
  5. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၅)