သယ်လီယမ်, 81Tl |
ယေဘုယျ ဂုဏ်သတ္တိများ |
---|
အမည်၊ သင်္ကေတ | သယ်လီယမ်, Tl |
---|
အဆင်း | silvery white |
---|
ဒြပ်စင်အလှည့်ကျဇယားရှိ သယ်လီယမ် |
---|
|
အက်တမ် အမှတ်စဉ် (Z) | 81 |
---|
အုပ်စု၊ ဘလော့ | group 13 (boron group) |
---|
ဒြပ်စင်အလှည့်ကျဇယား | period 6 |
---|
စံ အက်တောမစ် အလေးချိန် (Ar) | |
---|
အီလက်ထရွန် ပြုပြင်မှု | [Xe] 4f14 5d10 6s2 6p1 |
---|
အခွံတစ်ခုလျင် အီလက်ထရွန်ပါဝင်မှု | 2, 8, 18, 32, 18, 3 |
---|
ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ |
---|
ဖေ့စ် | အစိုင်အခဲ |
---|
အရည်ပျော်မှတ် | 577 K (304 °C, 579 °F) |
---|
အရည်ဆူမှတ် | 1746 K (1473 °C, 2683 °F) |
---|
သိပ်သည်းမှု (အခန်းအပူချိန်) | 11.85 g/cm3 |
---|
11.22 g/cm3 |
ဖျူးရှင်းအပူ | 4.14 kJ/mol |
---|
အငွေ့ပျံခြင်း အပူ | 165 kJ/mol |
---|
မိုလာ အပူအင်အား | 26.32 J/(mol·K) |
---|
ငွေ့ရည်ဖိအား
P (Pa)
|
1
|
10
|
100
|
1 k
|
10 k
|
100 k
|
at T (K)
|
882
|
977
|
1097
|
1252
|
1461
|
1758
| |
အက်တောမစ် ဂုဏ်အင်များ |
---|
အီလက်ထရွန် ဆန့်ကျင်ဘက်ဓာတ် | Pauling scale: 1.62 |
---|
အိုင်ယွန်းပြုခြင်းစွမ်းအင် | 1st: 589.4 kJ/mol 2nd: 1971 kJ/mol 3rd: 2878 kJ/mol |
---|
အက်တောမစ် အချင်းဝက် | empirical: 170 pm |
---|
ကိုဗေးလန့်အချင်းဝက် | 145±7 pm |
---|
ဗန်ဒါဝေါ့စ် အချင်းဝက် | 196 pm |
---|
Miscellanea |
---|
ပုံဆောင်ခဲ ဖွဲ့စည်းပုံ | hexagonal close-packed (hcp) |
---|
အသံ၏အမြန်နှုန်း | 818 m/s (at 20 °C) |
---|
အပူ ပြန့်ကားမှု | 29.9 µm/(m·K) (at 25 °C) |
---|
အပူစီးကူးမှု | 46.1 W/(m·K) |
---|
လျှပ်စစ် ခုခံမှု | 0.18 µΩ·m (at 20 °C) |
---|
သံလိုက်ဓာတ် | diamagnetic[၁] |
---|
သံလိုက် ထိတွေ့နိုင်မှု (χmol) | 3004491000000000000♠−50.9×10−6 cm3/mol (298 K)[၂] |
---|
Young's modulus | 8 GPa |
---|
Shear modulus | 2.8 GPa |
---|
Bulk modulus | 43 GPa |
---|
ပိုင်ဆွန် အချိုး | 0.45 |
---|
Mohs hardness | 1.2 |
---|
Brinell hardness | 26.5–44.7 MPa |
---|
CAS Number | 7440-28-0 |
---|
သမိုင်းကြောင်း |
---|
အမည်တပ်ခြင်း | after Greek thallos, green shoot or twig |
---|
ရှာဖွေတွေ့ရှိမှု | William Crookes (1861) |
---|
ပထမဆုံး ခွဲထုတ်မှု | Claude-Auguste Lamy (1862) |
---|
အတည်ငြိမ်ဆုံး သယ်လီယမ်၏ အိုင်ဆိုတုပ်များ |
---|
|
ဝီကီဒေတာတွင် | | ကိုးကား |
သယ်လီယမ် (Thallium, θαλλός, thallos) ဆိုသည်မှာ ဂရိဝေါဟာရ သယ်လောမှ ဆင်းသက်လာခြင်းဖြစ်၍ သစ်ခက်စိမ်းဟု အဓိပ္ပာယ်ရသည်။ ၁၈၆၁ခုနှစ်တွင် သိပ္ပံပညာရှင်ကြီး ဆာဝီလျံကရုသည် ဆာလဖျူရစ်အက်ဆစ်မှ ထွက်လာသည့် ဓာတ်ငွေ့ပူများ၌ ဆီလီနီယမ်နှင့်တယ်လျူရီယမ် ပါမပါကို စပက်ထ ရိုစကုပ်ဖြင့်စမ်းသပ်နေစဉ် အခြားသိရှိပြီးဖြစ်သော
ဒြပ်စင်များအနက် မည်သည့်ဒြဗ်စင်နှင့်မျှမတူသည့် တောက်ပသော အစိမ်းရောင်အကြောင်းကို ဖြစ်ပေါ်စေသည့် ဒြပ်စင်သစ်ကို ဂရိဝေါဟာရအလိုအားဖြင့် သစ်ခက်စိမ်းဟု အဓိပ္ပာယ်ရသော သယ်လီယမ်ဟူသည့် အမည်ဖြင့်မှည့်ခေါ်ခဲ့သည်။ တစ်နှစ်ကြာ သောအခါ လမ်မီဆိုသူသည် ထိုဒြပ်စင်ကို ဓာတ်ငွေ့ပူ
ပိုက်လုံးမှရသည့် ဖုန်မှုန့်၌တွေ့ရှိရပြန်သဖြင့် ထုတ်ယူပြီးလျှင် ထိုဒြပ်စင်၏ဒြပ်ပေါင်းများကိုစစ်ဆေးခဲ့သည်။
သယ်လီယမ်ကို ဆွီဒင်နိုင်ငံမှ ထွက်သောကရုဆိုက်ခေါ် တွင်းထွက်ပစ္စည်းရိုင်းတွင် အများဆုံး တွေ့ရှိရသည်။ ဗဟန်းကျောက်မျိုးတွင်ပါသည့် ကော့ပါးနှင့် အိုင်းယန်းပီရိုက်တီး၌လည်း အနည်းအကျဉ်းပါရှိရာ တစ်ခါတစ်ရံ ဤပစ္စည်းများမှ သတ္ထုကိုခေါ်ယူသည်။ သို့သော် ဤသတ္ထုကို အက်ဆစ်လုပ်သည့်
စက်ရုံများမှထွက်သောဖုန်မှုန့်များမှအများဆုံးရရှိသည်။ သယ်လီယမ်သည် အလှည့်မှန်ဇယားတွင် တတိယဆင့်၌ ပါဝင်သည်။ အက်တမ်အမှတ် ၈၁ ဖြစ်၍ အက်တမ်အလေးချိန် ၂၀၄.၃၈ ဖြစ်ပြီးလျှင်သင်္ကေတမှာ (Tl) ဖြစ်သည်။ ပျော့ပျောင်း၍ ခိုပြာရောင်ရှိသဖြင့် ခဲနှင့်တူသည်။ သိပ်သည်းဆ ၁၁.၈၅ ရှိ၍ အရည်ပျော်ချိန်မှာ ၃ဝ၃ံဂ္ဂ ဖြစ်သည်။ လေပြင်တွင်ထားသောအခါ အောက်စီဂျင်နှင့် ပေါင်းစပ်သွားသည်။ သို့သော် လေကင်းသော ရေထဲ၌ထားလျှင် အရောင်မမှိန်ချေ။ သယ်လပ်နှင့်သယ်လစ်ခေါ် ဓာတ်ဆားနှစ်မျိုးသည် အခြား ဒြပ်စင်များ၏ ဓာတ်ဆားများနှင့်တူသောကြောင့်
စိတ်ဝင်စားဖွယ်ရာကောင်းသည်။ သယ်လပ်ကရိုရိုက်သည် စီလဗာကရိုရိုက်ကဲ့သို့ အလင်းရောင်မိသောအခါ မည်းသွားသည်။
သယ်လပ်ဟိုက်ဒရော့ဆိုက်သည် ကော့စတစ်ပိုတက်ကဲ့သို့ပင် လေမှကာဗွန်ဒိုင် အောက်ဆိုက်ကို စုတ်ယူနိုင်သည်။ ထို့အပြင်သယ်လပ် အိုင်အိုဒိုက်သည် လက်အိုင်အိုဒိုက်နှင့် လည်းကောင်း၊ သဲလစ်ဟိုက်ဒရော့ဆိုက်သည် ဖဲရစ်ဟိုက်ဒရော့ဆိုက်နှင့်လည်းကောင်း အသီးသီးတူကြသည်။ သယ်လီယမ် ဒြဗ်ပေါင်းအားလုံးပင် ခဲဒြပ်ပေါင်းများ ကဲ့သို့အလွန်ပြင်းထန်သော အဆိပ်ဖြစ်ကြ၍ သယ်လီယမ် ဆာလဖိတ်ဒြပ်ပေါင်းကို ကြွက်သတ်ဆေးအဖြစ်သုံးသည်။
သယ်လီယမ် ဒြပ်ပေါင်းများကို မျက်မှန်များပြုလုပ်ရာ၌ လည်းကောင်း၊ မီးကျည်မီးပန်းများတွင် အစိမ်းရောင်ရရှိရန် အတွက်လည်းကောင်း အသုံးပြုသည်။ သယ်လီယမ်အော့ ဆီဆာလဖိုက်တွင် ဖိုတိုအီလက်ထရစ် သတ္တိရှိသောကြောင့် အလင်းအားတိုင်းရန် သယ်လိုဖိုက်ဆဲများတွင် အသုံးပြုကြသည်။[၃]
- ↑ Lide, D. R., ed. (2005)။ "Magnetic susceptibility of the elements and inorganic compounds"။ CRC Handbook of Chemistry and Physics (PDF) (86th ed.)။ Boca Raton (FL): CRC Press။ ISBN 0-8493-0486-5။
- ↑ Weast၊ Robert (1984)။ CRC, Handbook of Chemistry and Physics။ Boca Raton, Florida: Chemical Rubber Company Publishing။ pp. E110။ ISBN 0-8493-0464-4။
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)