မာတိကာသို့ ခုန်သွားရန်

ကုက္ကိုဂွ (အရှေ့စု)ရွာ၊ တောင်တွင်းကြီးမြို့နယ်

ဝီကီပီးဒီးယား မှ
ကုက္ကိုဂွ (အရှေ့စု)
ရွာ
ကုက္ကိုဂွ (အရှေ့စု)ရွာ
ကုက္ကိုဂွ (အရှေ့စု) သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ကုက္ကိုဂွ (အရှေ့စု)
ကုက္ကိုဂွ (အရှေ့စု)
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 19°59′11″N 95°22′40″E / 19.9863548278809°N 95.377685546875°E / 19.9863548278809; 95.377685546875ကိုဩဒိနိတ်: 19°59′11″N 95°22′40″E / 19.9863548278809°N 95.377685546875°E / 19.9863548278809; 95.377685546875
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး မကွေး
ခရိုင်မကွေးခရိုင်
မြို့နယ်တောင်တွင်းကြီးမြို့နယ်
ကျေးရွာအုပ်စုကုက္ကိုဂွ
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ကုက္ကိုဂွ (အရှေ့စု)ရွာ (အင်္ဂလိပ်: Kokekogwa(Ahsheysu))သည် မကွေးတိုင်းဒေသကြီးမကွေးခရိုင်တောင်တွင်းကြီးမြို့နယ်ကုက္ကိုဂွကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၅၃၀၆ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ကုက္ကိုဂွကျေးရွာအုပ်စုတွင် ကျား ၁၂၀၂ ဦး၊ မ ၁၄၀၄ ဦး၊ လူဦးရေ စုစုပေါင်း ၂၆၀၆ ဦးနေထိုင်သည်။ [] ရွာတွင် ရွာအမည်ကို ကုက္ကိုခွရွာ ဟု ရေးသားကြသည်။ အသံထွက်ရာတွင် ကုက္ကိုဂွ ဟု အသံထွက်သည်။ အရှေ့စု နှင့် အနောက်စု ဟု အုပ်ချုပ်ရေးစာရင်း‌ ပေါက် သော် လည်း ရွာမှာ တဆက်တည်းရှိသော ရွာကြီးတစ်ရွာသာဖြစ်သည်။ ပြည်လမ်း ခေါ် မကွေး -‌ တောင်တွင်းကြီး ကားလမ်း ‌ပေါ် ရန်ပယ်ချောင်းကူးတံတားမြောက်ဘက်ထိပ်တွင် ရှိသည်။ ဗိဿနိုးမြို့ဟောင်း၏ တောင် ဘက် မြို့ရိုးအပြင်ဘက်၊ မြို့ရိုး နှင့် ရန်ပယ်ချောင်းကြားတွင် တည်ရှိသည်။ ဘုန်းကြီးကျောင်းများ၊ ဘုရားစေတီများ ရှိသည်။ အထက်တန်းကျောင်း နှင့် စာတိုက် ရှိသည်။ အိုးလုပ်ငန်း နှင့် စိုက်ပျိုး‌ရေး လုပ်ငန်းများ တွဲဖက်လုပ်ကိုင်ကြသဖြင့် ကုက္ကိုခွသူ ကုက္ကိုခွသားများကို ဘေးရွာများက အိုးတောင်သူများဟု ချစ်စနိုး ခေါ်ကြသည်။ စိုက်ပျိုး‌ ရေး လုပ်ငန်းမှာ ရန်ပယ်ချောင်း‌ ဘေးတလျှောက် နုံးတင်မြေနုများ၊ မြေနုကျွန်းများတွင် ချောင်းရေအတက်အကျ အခြေအနေအပေါ်မူတည်၍ တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြခြင်းဖြစ်သည်။ ကန်စွန်းဥ၊ ကြက်သွန်နီ၊ ခရမ်းချဉ်၊ နှမ်း၊ ပဲလက်ကောက်၊ အာလူး များ စိုက်ကြသည်။ [] []

ကိုးကား

[ပြင်ဆင်ရန်]
  1. Place codes (Pcodes) Myanmar Information Management Unit (June 2020)။ 21 November 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 December 2020 တွင် ပြန်စစ်ပြီး။
  2. ကုက္ကိုလ်ဂွရွာ မှတ်တမ်းရုပ်ရှင်၊ 2025 May 10, Knowledge Corridor
  3. Local knowledge