မာတိကာသို့ ခုန်သွားရန်

နိုင်ငံတော်သီချင်း

ဝီကီပီးဒီးယား မှ

နိုင်ငံတော်သီချင်း သည် နိုင်ငံတစ်ခုခုမှ တရားဝင် အမျိုးသားသီချင်းအဖြစ် သတ်မှတ်ထားသော သီချင်း ဖြစ်သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရသည့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် လွတ်လပ်သော မြန်မာနိုင်ငံ၏ ပထမဆုံး အလံတော်လွှင့်ထူချိန်တွင် စတင်သီဆိုရန် ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်သတ်မှတ်ပြထမ်းခဲ့ပြီး ယနေ့တိုင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တရားဝင် နိုင်ငံတော်သီချင်း အဖြစ် သတ်မှတ်ထားပြီး နိုင်ငံတော်အခမ်းအနားများနှင့်အားကစားပွဲများ၏ အခမ်းအနားအစ တွင် ဆက်လက်သီဆိုနေဆဲဖြစ်ပြီး ကမ္ဘာ့နိုင်ငံများ၏နိုင်ငံတော်သီချင်းများတွင် ဒုတိယအကောင်းဆုံး နိုင်ငံတော်သီချင်းအဖြစ်သတ်မှတ်ထားသည်။

၂၀၁၃ ခုနှစ်၊ဇွန်လ (၄)ရက် နေ့က ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံဂီတအစည်းအရုံး ဗဟိုအလုပ်အမှုံးအစည်းအဝေးမှာ နှစ်စဉ် ဇွန်လ (၂၇)ရက်နေ့ကို “မြန်မာ့ဂီတနေ့” အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ ဇွန်လ (၂၇) ရက်နေ့ကို ရွေးချယ်ရတဲ့အကြောင်းအရင်းကတော့ (၂၇-၆-၁၉၃၆) နေ့မှာ မြန်မာနိုင်ငံရဲ့ အမျိုးသားသီချင်းဖြစ်တဲ့ “နိုင်ငံတော်သီချင်း” ဖြစ်ပေါ်လာစေမယ့် “တို့ဗမာသီချင်း” ကို ဒုတိယအကြိမ်မြောက် တို့ဗမာအစည်းအရုံးညီလာခံက သတ်မှတ်ပေးတဲ့နေ့ ကို ဂုဏ်ပြုတာပဲဖြစ်ပါတယ်။ တို့ဗမာအစည်းအရုံးညီလာခံ ကို မြင်းခြံမြို့၊ကိုးဆောင်ကျောင်းတိုက် တန်ဆောင်းကြီးထဲမှာ ကျင်းပပြုလုပ်ခဲ့တယ်။ ​ညီလာခံကျင်းပရတဲ့ ရည်ရွယ်ချက်က အဲ့ဒီကိုလိုနီခေတ်မှာ အိန္ဒိယနိုင်ငံလက်အောက်မှာ ခွဲရေး၊တွဲရေး အငြင်းပွားစေခဲ့တဲ့ (၉၁) ဌာနအုပ်ချုပ်ရေးကို ရွေးကောက်ပွဲမှာ ဝင်ရောက်အရွေးခံပြီး အုပ်ချုပ်ရေးယန္တယားကို ဖျက်စီးပစ်ဖို့၊တတိုင်းပြည်လုံးမှာ ရှိတဲ့ သခင်၊သခင်မတွေတို့ရဲ့ ဆန္ဒသဘောထားကို သိရှိကြရဖို့ ညီလာခံတရပ်ဆောင်ရွက်ဖော်ထုတ်ဖို့ ကျင်းပကြခြင်းပါ။ဒီ မြင်းခြံညီလာခံမှာပဲ အာဇာနည် (၉) ဦးမှာ ပါဝင်တဲ့ ရှေ့နေဦးမြဟာ “သခင်မြ” အဖြစ် စတင်ခံယူခဲ့တာပါ။ ​ညီလာခံကိုတော့ ၁၉၃၆ ခုနှစ် ဇွန်လ ၂၇၊၂၈၊၂၉ ရက်များမှာ ကျင်းပပြုလုပ်ခဲ့ကြတယ်။တို့ဗမာအစည်းအရုံးရဲ့ နာယကကြီး သခင်ကိုယ်တော်မှိုင်း၏ ဖိတ်ခေါ်မှုကြောင့် မန္တလေးက ဘုရင်အနွယ်ဝင် ထိပ်တင်ကိုယ်တော်ကြီးလည်း ညီလာခံကို တက်ရောက်ထောက်ခံပြီး သခင်အဖြစ်ခံယူခဲ့ပါတယ်။ဒါ့အပြင် အောက်မြန်မာပြည် ရန်ကုန်၊မော်လမြိုင်၊ဖျာပုံ၊မြောင်းမြ၊ဟင်္သါတ၊သာယာဝတီ၊ပြည်၊မကွေး၊သရက်၊မင်းဘူး၊တောင်ငူ စီရင်စုတို့က ကိုယ်စားလှယ်များနဲ့ အထက်မြန်မာပြည် မန္တလေး၊စစ်ကိုင်း၊မုံရွာ၊ရွှေဘို၊မိတ္ထီလာ၊ကျောက်ဆည် တို့မှ ကိုယ်စားလှယ်များ (၂00) ကျော် နဲ့ လေ့လာသူ ရဟန်းသံဃာများ၊လူပုဂ္ဂိုလ် များစွာတက်ရောက်ခဲ့ကြတဲ့ ညီလာခံလည်း ဖြစ်ပါတယ်။ ​ညီလာခံ၏ သဘာပတိအဖြစ် သခင်လေးမောင်က ဆောင်ရွက်ခဲ့ပီး နောက်ဆုံးနေ့ ဇူလိုင် (၂၉) ရက်နေ့မှာ​တော့ ဗြိတိသျှအစိုးရကနေ သခင်ဗစိန်၊သခင်ညီ၊သခင်အောင်သန်း၊သခင်သန်း၊သခင်ထွန်းမြင့်တို့ကို လာရောက်ဖမ်းဆီးခဲ့ပါတယ်။ အကြောင်းကတော့ အဲ့ဒီသခင်တွေဟာ မော်လမြိုင်မြို့မှာ နိုင်ငံရေးတရားဟောတုန်းက အစိုးရကိုအကြည်ညိုပျက်စေရုံသာမက ပြည်သူများ သူပုန်စိတ်ဖြစ်ပေါ်လာအောင် အစိုးရကိုဆန့်ကျင်စေနိုင်သည့် စကားလုံးများ ဟောပြောခဲ့တာမို့ မော်လမြိုင်တရားသူကြီး၏ ဖမ်းဝရမ်းနဲ့ ညီလာခံအတွင်းဝင်ရောက်ဖမ်းဆီးကြခြင်းပါ။ ​ဒါပေမယ့် မြင်းခြံမြို့ ပြည်သူလူထုဟာ အစိုးရရဲ့ လုပ်ရက်ကို ခေါင်းငုံ့မခံကြပဲ အဲ့ဒီဖမ်းဆီးသည့်နေ့မှာပဲ မြင်းခြံမှာရှိတဲ့ကျောင်းသားလူငယ်များ၊တို့ဗမာအစည်းအရုံးဝင်များက စည်တော်ယွန်းကာ သခင်(၅)ဦး ဖမ်းဆီးခံရမှုကို ကန့်ကွက်ရှုံချမယ့် ဆန္ဒပြပွဲသို့ တက်ရောက်ကြပါရန် မြို့လူထုအား ကြောက်ရွံ့ခြင်း ကင်းစွာနဲ့ ​မြို့ထဲမှာ လှည့်လည်ကာလိုက်လံဖိတ်ခေါ်ကြပါတော့တယ်။အဲ့ဒီနောက်မှာတော့ မြင်းခြံမြို့လူထုဟာ ကိုးဆောင်တန်ဆောင်းကြီးနဲ့အပြည့် ကန့်ကွက်ရှုံ့ချဆန္ဒပြပွဲကို သောင်းသောင်းဖျဖျ လာရောက်တက်ရောက်ကြပါတယ်။ ​အဲ့ဒီလျှပ်တပြက်ဆန္ဒပြပွဲမှာ အစိုးရရဲ့ ရိုင်းပြမှုကို ခေါင်းငုံ့မခံသင့်တော့ကြောင်း အကျယ်တဝင့် တင်ပြကြပီး ကန့်ကွက်ပွဲအပီးမှာတော့ မြို့လူထု (၁00)ကျော်ဟာ ဟောပြောစင်မြင့်ပေါ်သို့တက်ပီး " ကျွန်တော်သည် တို့ဗမာအစည်းအရုံးဝင် သခင်တစ်ဦး ဤနေ့မှစ၍ ဖြစ်ပါပြီ" ရဲရဲတောက် ကြေညာခဲ့ကြပါတယ်။ ​ဒီ ညီလာခံသဘင်မှာ သီဆိုဖွင့်လှစ်ခဲ့တဲ့ ဝိုင်အမ်ဘီဆရာတင်ရေးသော တို့ဗမာသီချင်းကိုလည်း အမျိုးသားသီချင်းအဖြစ် ဤညီလာခံမှ ပြဋ္ဌာန်းကြောင်း ကြေညာခဲ့ကြပါတယ်။တို့ဗမာအစည်းအရုံးရဲ့ စည်းရုံး‌ရေးတရားပွဲများမှာ အဲ့ဒီသီချင်း​နဲ့သီဆိုစည်းရုံးခဲ့ကြပီး တို့ဗမာအစည်းအရုံး သခင်ပါတီကို လူအများက ရုတ်တရက် အား‌ပေး‌ထောက်ခံမှု မပြုကြသေး‌စေကာမူ တို့ဗမာသီချင်းကိုမူ လူကြိုက်များကာ လူအများက လက်ခံလာသောသီချင်းဖြစ်ခဲ့ပါတယ်။ညီလာခံကျင်းပခဲ့တဲ့ မြင်းခြံမြို့မှာတော့ တို့ဗမာသီချင်းအား ဂွေ့ ..ကြီးရပ် အပျော်တမ်းတူရိယာအဖွဲ့နဲ့ တီးခတ်သီဆိုခဲ့ပီးနောက် တမြို့လုံးနီးပါး ကြိုက်နှစ်သက်ကြရာ အလှူရော၊မင်္ဂလာဆောင်ရောပါ မကျန် တို့ဗမာသီချင်းအား ဖွင့်ခဲ့ကြပါတယ်။ နောက်တစ်နှစ် (၁၉၃၇) ခုနှစ်၊အောက်တိုဘာလမှာတော့ မြန်မာ့လူသန်ကြီးဇော်ဝိတ် ဦးစီးပီး “မြန်မာနိုင်ငံလုံးဆိုင်ရာအလေးမပွဲ” ကို မြင်းခြံမြို့မှာ လာရောက်ပြုလုပ်တဲ့အခါမှာလည်း “တို့ဗမာသီချင်း” နဲ့ပဲ သီဆိုဖွင့်လှစ်ခဲ့ပါသေးတယ်။ ​အဲ့ဒီ "တို့ဗမာသီချင်း" ကိုတော့ ၁၉၄၇ ခုနှစ်၊စက်တင်ဘာလ (၂၂)ရက် တိုင်းပြုပြည်ပြုလွှတ်တော်၊တတိယညီလာခံ ဆဋ္ဌမမြောက်အစည်းအဝေးမှာ စာသားတချို့ကို ဖြုတ်ခြင်း၊ပြင်ခြင်းပြုလုပ်ပီး နိုင်ငံတော်သီချင်းအဖြစ် အတည်ပြု ပြဋ္ဌာန်းခဲ့ပါတယ်။