မာတိကာသို့ ခုန်သွားရန်

ကက်သလစ် အသင်းတော်

ဝီကီပီးဒီးယား မှ

ကက်သလစ်အသင်းတော်
Ecclesia Catholica
ဗာတီကန်မြို့ရှိ ကမ္ဘာ့အကြီးဆုံး ကက်သလစ်ဘုရားကျောင်းဖြစ်သော စိန့်ပီတာဘုရားကျောင်းတော်ကြီး
ဘာသာအမျိုးအစားခရစ်ယာန်ဘာသာ
ဂိုဏ်းဂဏကက်သလစ်
ကျမ်းစာကက်သလစ်ကျမ်းစာ
သီအိုလိုဂျီကက်သလစ်ဝါဒ
အုပ်ချုပ်မှုဟောလီစီ နှင့် ရောမန်ကူရာ
ပုပ်ရဟန်းမင်းကြီး လီယို ၁၄
သာသာနာနယ်ဂိုဏ်းချုပ်သာသနာ: ၆၄၀
ဂိုဏ်းအုပ်သာသနာ: ၂,၈၅၁
ဘုရားကျောင်းများခန့်မှန်ခြေ 221,700 ခု
ဘာသာစကားလက်တင်ဘာသာစကား၊ ဒေသအသီးသီက ဘာသာစကားများ
ဝိနည်းလက်တင်ဝိနည်း (အနောက်တိုင်းသာသာနာဝိနည်း)
ဌာနချုပ် ဗာတီကန်မြို့
တည်ထောင်သူယေရှုခရစ်တော် (ထုံတမ်းစဉ်လာအရ)
စဖြစ်ခြင်း၁ ရာစု
ယုဒပြည်၊ ရောမအင်ပါယာ
ဂိုဏ်းဂဏခွဲများပရိုတက်စတင့်
ဝက်ဘ်ဆိုဒ်https://www.vatican.va/content/vatican/en.html


ကက်သလစ် သာသနာတော် (လက်တင်: Ecclesia Catholica) သို့မဟုတ် ရိုမန်ကက်သလစ်အသင်းတော် (အင်္ဂလိပ်: Roman Catholic Church) သည် မူလပထမ ခရစ်ယာန်ဂိုဏ်းဖြစ်ပြီး ကမ္ဘာပေါ်တွင် ဘာသာဝင်ဦးရေ အများဆုံး ခရစ်ယာန်သာသနာတစ်ခုဖြစ်၍၊ ၂၀၁၉ ခုနှစ် စာရင်းအရ ပျမ်းမျှ ဘာသာဝင်ဦးရေ ၁.၃ ဘီလီယံ ရှိသည်။ ကမ္ဘာ့သက်တမ်းအရင့်ဆုံးနှင့် အကြီးဆုံး အဖွဲ့အစည်း တစ်ခုဖြစ်သည်နှင့်အညီ ကက်သလစ်သာသနာသည် သမိုင်းတစ်လျှောက်လုံးနှင့် အနောက်တိုင်းယဉ်ကျေးမှု ဖွံ့ဖြိုးမှုတို့တွင် အဓိက အခန်းကဏ္ဍ၌ ပါဝင်ခဲ့သည်။ အသင်းတော်ကို ပုပ်ရဟန်းမင်းကြီးဟုခေါ်သော ရောမမြို့‌ရှိ ဆရာတော်က ဦးစီးဦးဆောင်ပြုသည်။ သာသနာတော်၏ ပင်မအုပ်ချုပ်ရေးဌာနမှာ ဗာတီကန်မြို့ပြနိုင်ငံဖြစ်သည်။ သာသနာတော်ကို အသင်းတော်ပေါင်း ၂၄ သင်းဖြင့် ဖွဲ့စည်းထားပြီး၊ လက်တင်အသင်းတော်နှင့် အရှေ့တိုင်းကက်သလစ်အသင်းတော် ၂၃ သင်း ပါဝင်သည်။ ၎င်းအသင်းတော်များကိုလည်း ဂိုဏ်းအုပ်သာသနာပေါင်း ၃၅၀၀ ကျော်ဖြင့် ကမ္ဘာတစ်ဝမ်းလုံး၌ ပိုင်းခြား ဖွဲ့စည်းအုပ်ချုပ်သည်။

ကက်သလစ်တို့၏ ခရစ်ယာန်ယုံကြည်ခြင်းသည် နိုင်စန် ခရိ(ဒ်) (Nicene Creed) ဟုခေါ်သော ယုံကြည်ခြင်းအချုပ်ပေါ်တွင် အခြေခံထားသည်။ ကက်သလစ်သာသနာတော်သည် ယေရှုခရစ်တော် ကိုယ်‌တော်တိုင် တည်ထောင်ထား၍ တစ်ခုတည်းဖြစ်သော၊ သန့်ရှင်းသော၊ တစ်လုံးတစ်ဝတည်းဖြစ်သော၊ တမန်တော်ကြီးများမှ ဆင်းသက်လာသော သာသနာတော်ဖြစ်ကြောင်းကို အကြွင်းမဲ့လက်ခံ သွန်သင်ယုံကြည်သည်။ ကက်သလစ်ဆရာတော်များသည် အစဉ်အဆက် ‌ခရစ်တော်၏ တမန်တော်များ အရိုက်အရာကို ဆက်ခံသောသူများ ဖြစ်၍ ပုပ်ရဟန်းမင်းကြီးသည်လည်း အစဉ်အဆက်အားဖြင့် တမန်တော်ရှင်ပေတရု၏ အရိုက်အရာကို ဆက်ခံသူဖြစ်ကြောင်း လက်ခံယုံကြည်ကြသည်။ ကက်သလစ်အသင်းတော်သည် Sacred Tradition ဟုခေါ်သော အသင်းတော်၏ ထုံးထမ်းစဉ်လာဖြင့်၊ မူလခရစ်ယာန်ယုံကြည်ခြင်း (original Christian faith) နှင့် မမှားမယွင်းသောသွန်သင်ချက် (infallibility) တို့ကို ဆက်လက် ထိန်းသိမ်းသွန်သင်ထားခဲ့သည်။

ထုံးတမ်းအစဉ်အလာနှင့် မြတ်သောအယူဝါဒ

[ပြင်ဆင်ရန်]

ကက်သလစ်သာသနာတော်၏ မြတ်သောအယူဝါဒတွင် စက္ကရမင်မင်္ဂလာ သို့မဟုတ် စက္ကရမင်တူး(Sacramento) ဟုခေါ်သော မင်္ဂလာ (၇) ပါးရှိပြီး၊ ကိုယ်တော်မြတ် စက္ကရမင်မင်္ဂလာ သို့မဟုတ် ကိုယ်တော်မြတ် စက္ကရမင်တူး (Eucharist) မှာ အရေးပါဆုံးနှင့် အခြေခံအကျဆုံး ဖြစ်သည်။ ၎င်း စက္ကရမင်တူးကို မစ္ဆားတရားတော် (mass) ဟုခေါ်သော ဝတ်ပြုပွဲတွင် ခရစ်ယာန်ထုံးတမ်း အစဉ်အလာနှင့်အညီ ကျင်းပပြုလုပ်သည်။ ကက်သလစ်အသင်းတော်သည် မစ္ဆားတရားတော်အတွင်း ဦးဆောင်သူ ရဟန်း၏ ဘိသိက်မင်္ဂလာတင်ဆုတောင်းခြင်းအားဖြင့် ပူဇော်ထားသော ပေါင်မုန့်နှင့် စပျစ်ရည်သည် ခရစ်တော်ဘုရားရှင်၏ အသားတော်နှင့် အသွေးတော်အဖြစ် ပြောင်းလဲသွားကြောင်း(Transfiguration)ကို သွန်သင်သည်။

ကက်သလစ်ဘာသာတွင် အပျိုစင်ကညာမာရိယာ(Blessed Virgin Mary)အား ဘုရားရှင်၏ မယ်တော် (Mother of God) နှင့် ကောင်းကင်ဘုံဘုရင်မ (Queen of Heaven) အဖြစ် သဒ္ဓါကြည်ညိုကြသည်။‌အကြောင်းမှာ မာရိယာသည် သန့်ရှင်းသောဝိဉာဉ်တော်အားဖြင့် ပဋိသန္ဓေဆောင်တော်မူပြီး ယေဇူးခရစ်တော်အား မွေးဖွားပေးသူဖြစ်သောကြောင့်တည်း။ကက်သလစ်သွန်သင်မှုတွင် ယေဇူးရွှေနှလုံးတော်(Sacred Heart of Jesus)အား သဒ္ဓါကြည်ညိုခြင်း၊ ကရုဏာရှင်ယေဇူး (Divine Mercy) အား ရိုသေလေးမြတ်ခြင်း၊ မယ်တော်၏ အပြစ်မဲ့သန္ဓေယူတော်မူသော နှလုံးတော်( Immaculate Heart of Mary) အား ကြည်ညိုလေးမြတ်ခြင်း၊ ရဟန္တာသူတော်စင်များအား (Litany of Saints) သဒ္ဓါကြည်ညိုမှုပြုခြင်း၊ ဧဝံဂေလိသတင်းကောင်းဟောပြောခြင်း (Evangelization of the Gospel) နှင့် ကက်သလစ်လူမှုဆက်ဆံရေးသွန်သင်ချက် (Catholic social teaching) များလည်း ပါဝင်‌ပေသည်။

ကက်သလစ်လူမှုဆက်ဆံရေးသွန်သင်ချက်များသည် နာမကျန်းသူများနှင့် ဆင်းရဲသားများ အကူအညီပေးခြင်းကဲ့သို့သော စေတနာ့ဝန်ထမ်းအလုပ်များနှင့် ဂရုဏာလုပ်ငန်းများ ဖြစ်ကြသည်။ ကက်သလစ်ဘာသာသည် ကမ္ဘာ့အကြီးဆုံး ပညာရေးနှင့် ကျန်းမာရေး အထောက်အပံ့ပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်းတစ်ရပ်လည်း ဖြစ်သည်။

ကမ္ဘာ့သက်တမ်းအရင့်ဆုံးနှင့် အကြီးဆုံး အဖွဲ့အစည်း တစ်ခုဖြစ်သည်နှင့်အညီ ကက်သလစ်ဘာသာသည် အနောက်တိုင်း ဒဿနအတွေးအခေါ်၊ ယဉ်ကျေးမှု၊ အနုပညာနှင့် ဝိဇ္ဇသိပ္ပံအရပ်ရပ်တို့၌ ကြီးမားသောဩဇာလွှမ်းမိုးသက်‌ရောက်မှုများ ရှိလေသည်။

၂၀ ရာစုနှောင်းပိုင်းမှစ၍ ကက်သလစ်ဘာသာအပေါ် သာသနာတော်၏ လိင်မှုကိစ္စဆိုင်ရာ သွန်သင်ချက်များ၊ အမျိုးသမီးဘုန်းတော်ကြီးများ မရှိခြင်းနှင့် ရဟန်းများ၏ လိင်အကြမ်းဖက်မှုဖြစ်စဉ်များ‌အတွက်ကြောင့် ဝေဖန်ရိုက်ခတ်မှုများစွာရှိနေသည်။

အမည်နာမ

[ပြင်ဆင်ရန်]

ကက်သလစ် (ဂရိ: καθολικός၊ အဓိပ္ပာယ်: စကြဝဠာတစ်ခုလုံးနှင့် သက်ဆိုင်သော၊ အင်္ဂလိပ်: Catholic) ဟူသော အသုံးအနှုန်းကို ၂ ရာစုအစောပိုင်းတွင် အသင်းတော်အား ဖော်ပြရန် ပထမဆုံး အသုံးပြုခဲ့သည်။

ခေတ်ဟောင်း မြန်မာစာပေများတွင် ကက်သလစ်ခရစ်ယာန်ဂိုဏ်းကို ဘရင်ဂျီဂိုဏ်း ဟုခေါ်ဆိုကြသည်။​

ဆက်လက်ဖတ်ရှုရန်

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]


Buddhist-temple-stub