မာတိကာသို့ ခုန်သွားရန်

ဥရုမြစ်

ဝီကီပီးဒီးယား မှ

ဥရုမြစ် (ဥရုချောင်းဟုလည်း ခေါ်ဆို) သည် ကချင်ပြည်နယ် ဟူးကောင်းလွင်ပြင်မှ မြစ်ဖျားခံကာ ဟုမ္မလင်းမြို့နယ် ထွက်ဝကျေးရွာတွင် ချင်းတွင်းမြစ်အတွင်းသို့ စီးဝင်သည်။[][] ၎င်းဥရုမြစ်သည် ယခင်ကကြည်လင်ခဲ့သည်။ လွန်ခဲ့သောဆယ်စုနှစ်သုံးခုမှ စတင်၍ ဟုမ္မလင်းမြို့နယ်တွင် ရွှေသတ္ထုတူးဖော်ရေးများ တွင်တွင်ကျယ်ကျယ် ပြုလုပ်ခဲ့သည်။ ထိုလုပ်ငန်းခွင်များမှ စွန့်ပစ်သော ရွှံ့ရည်များကြောင့် ယခုအခါ အတော်ပင် နောက်နေခဲ့သည်။ ဥရုမြစ်ကို အမှီပြု၍ ခရီးလမ်းသွားလာရေးများလည်း ပြုလုပ်ကြသည်။ ဆိပ်ကမ်းကြီးများမှာ နောင်ပိုအောင်၊ နမ့်တော၊ ဆယ်ဇင်းဆိပ်ကမ်းများ ဖြစ်ကြသည်။ မိုးရာသီတွင် သွားလာရေး ခက်ခဲမှုမရှိသော်လည်း နွေတွင်မှု စက်လှေများသာ သွား၍ရသည်။ စက်လှေများသည်လည်း နွေးခါတွက်နမ့်တောအထိသာ သွားလာနိုင်သည်။ ဥရုမြစ်၏ ပေတစ်ထောင်အနက်တွင် ယူရေနီယမ် သတ္ထုများထွက်ရှိကြောင်းလည်း ဆိုသည်။ ၂၀၁၀ခုနှစ်တွင် ရုရှားနိုင်ငံ နှင့်ပူးပေါင်း၍ ရှာဖွေရေးများပြုလုပ်မည်ဟု ဒို့ကျေးရွာသတင်းစာတွင် ဖော်ပြခဲ့သော်လည်း လက်တွေ့မှမူမပြုလုပ်ခဲ့ကြပေ။ သတ္ထုပမာဏနည်းပါးခြင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ်နှင့် မကာမိခြင်းများကြောင့် မထုတ်လုပ်သည်ဟု ပြောဆိုမှုများလည်း ရှိသည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. Chindwin River Encyclopædia Britannica online။ 2008-12-27 တွင် ပြန်စစ်ပြီး။
  2. Merriam-Webster's Geographical DictionaryMerriam-Webster 1997။ 1997။ ISBN 978-0-87779-546-92008-12-28 တွင် ပြန်စစ်ပြီး