ဒရယ်
ဒရယ် Hog Deer (or) Porcine Deer | |
သဘာဝထိန်းသိမ်းခြင်းအခြေအနေ | |
![]() | |
သိပ္ပံနည်းကျမျိုးခွဲခြင်း | |
လောက | သတ္တလောက |
မျိုးပေါင်းစု | Chordata |
မျိုးပေါင်း | နို့တိုက်သတ္တဝါ |
မျိုးစဉ် | Artiodactyla |
မျိုးရင်း | Cervidae |
မျိုးစု | Hyelaphus |
မျိုးစိတ် | H. porcinus |
ဒွိနာမ | |
Hyelaphus porcinus Zimmermann, 1780 | |
အမည်ကွဲ | |
[[Image:|250px]] | |
ဒရယ်သည် စားမြုံ့ပြန်တတ်သည့် နို့တိုက်သတ္တဝါ တစ်မျိုးဖြစ်သည်။
ဒရယ်သည် ကိုယ်လုံးကိုယ်ထည်အသွင်သဏ္ဌာန်အားဖြင့် သမင်နှင့်ဆင် သည်။ ကိုယ်ထည်လုံးပြီး မွဲညစ်ညစ်မီးခိုးရောင် ရှိသည်။ ဒရယ်၏ဦးချိုသည် သမင်တို့ကဲ့သို့ ရှည်လျားခြင်းမရှိဘဲ အတန်ငယ်တိုသည်။ ဒရယ်ဖို အများစုသည် နှစ်စဉ် ချိုများ ကျွတ်ကာ အသစ်ပြန်ပေါက်လေ့ရှိသည်။
ဒရယ်သည် အသီးအရွက်စားသော သတ္တဝါဖြစ်ပြီး တောတွင်းတွင် အခြားအသားစား သတ္တဝါများ၏ အစာအဖြစ် ကိုက်သတ်စားသောက်ခြင်းကို ခံကြရသည်။ ဒရယ်သည် များသောအားဖြင့် အုပ်ဖွဲ့ ပြီး နေလေ့ရှိသည်။
ဒရယ်ကို အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ထိုင်းနှင့် သီရိလင်္ကာနိုင်ငံတို့တွင် တွေ့ရသည်။
“ဒရယ်သားသည် အေး၏။ ကြေခဲ၏။ ချိုဆိမ့်၏။ ဝမ်းချုပ်၏။ ဝစေတတ်၏။ အားကိုဖြစ်စေတတ်၏။ လေသည်း ခြေကိုနိုင်၏။ သလိပ်ကို စဉ်းငယ်ပျက်စေတတ်၏”ဟု ဥတုဘောဇနသင်္ဂဟကျမ်းတွင် ဖော်ပြပါရှိသည်။ [၁]
ကိုးကား[ပြင်ဆင်ရန်]
- ↑ မောင်ဝင်းနိုင်၏ တိရစ္ဆာန်ရုံနှင့် တိရစ္ဆာန်များ
- နို့တိုက်သတ္တဝါ
- မြန်မာနိုင်ငံတွင် တွေ့ရသော နို့တိုက်သတ္တဝါများ
- ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တွေ့ရသော နို့တိုက်သတ္တဝါများ
- အိန္ဒိယနိုင်ငံတွင် တွေ့ရသော နို့တိုက်သတ္တဝါများ
- ထိုင်းနိုင်ငံတွင် တွေ့ရသော နို့တိုက်သတ္တဝါများ
- လာအိုနိုင်ငံတွင် တွေ့ရသော နို့တိုက်သတ္တဝါများ
- ကမ္ဘောဒီးယားနိုင်ငံတွင် တွေ့ရသော နို့တိုက်သတ္တဝါများ
- ဗီယက်နမ်နိုင်ငံတွင် တွေ့ရသော နို့တိုက်သတ္တဝါများ
- သီရိလင်္ကာနိုင်ငံတွင် တွေ့ရသော နို့တိုက်သတ္တဝါများ