ကာကွယ်ရေးဦးစီးချုပ်(ရေ)
ပုံပန်းသွင်ပြင်
တပ်မတော် (ရေ) ၏ ကာကွယ်ရေးဦးစီးချုပ် | |
---|---|
ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)၏ အလံတော် | |
တပ်မတော် (ရေ) | |
အမျိုးအစား | စစ်ဘက်ဆိုင်ရာ ရာထူး |
အဖွဲ့ဝင် | ကာကွယ်ရေးဌာနကောင်စီ |
အစီရင်ခံရသူ | တပ်မတော်ကာကွယ်ရေးဦးစီးချုပ် |
စံအိမ် | စစ်ရုံး၊ နေပြည်တော် |
ရုံးတည်နေရာ | ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)၊ စစ်ရုံး၊ နေပြည်တော် |
ခန့်အပ်သူ | တပ်မတော်ကာကွယ်ရေးဦးစီးချုပ် |
ယခင် | ဒုတိယကာကွယ်ရေးဦးစီးချုပ် (ရေတပ်) |
ဖွဲ့စည်းခြင်း | ၂၄ ဒီဇင်ဘာ ၁၉၄၇ |
ပထမဆုံး ထမ်းဆောင်သူ | ဗိုလ်မှူးကြီး ခင်မောင်ဘို |
အခြားအမည် | ရေချုပ်၊ ရေချုပ်ကြီး |
လက်ထောက် | စစ်ဦးစီးအရာရှိချုပ်(ရေ) |
အဆင့် / တံဆိပ် အဆောင်အယောင်များ | |
ရေတပ် ဗိုလ်ချုပ်ကြီး |
ကာကွယ်ရေးဦးစီးချုပ်(ရေ)သည် တပ်မတော် (ရေ)၏ ပြန်တမ်းဝင်အရာရှိများကိုသာ ခန့်အပ်သော အဆင့်အမြင့်ဆုံးရာထူးဖြစ်ပြီး၊ အဆင့် သတ်မှတ်ချက်မှာ ဗိုလ်ချုပ်ကြီး ဖြစ်သည်။ ခန့်အပ်ခံရသည့် ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ရှိသူ ပြန်တမ်းဝင်အရာရှိသည် ဤရာထူးအားလက်ခံရယူပြီး တစ်နှစ်အတွင်း ဗိုလ်ချုပ်ကြီးအဆင့်သို့ တိုးမြှင့်ခံရသည်။ လက်ရှိကာကွယ်ရေးဦးစီးချုပ်(ရေ) ရာထူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်ချုပ်ကြီး ထိန်ဝင်း ဖြစ်သည်။ [၁] [၂]
တာဝန်ထမ်းဆောင်ခဲ့သူများ စာရင်း
[ပြင်ဆင်ရန်]စဉ် | ပြန်တမ်းဝင်အမှတ် | ဓာတ်ပုံ | ရာထူးအဆင့်နှင့်အမည် | တာဝန်သက်တမ်း | မှတ်ချက် |
---|---|---|---|---|---|
ရေတပ်ဦးစီးချုပ် | |||||
၁။ | ရေ ၄၀၁၇ | ဗိုလ်မှူးကြီး ခင်မောင်ဘို | ၂၄ ဒီဇင်ဘာ ၁၉၄၇ – ၁၄ ဇွန် ၁၉၅၂ | ||
၂။ | ရေ ၁၀၀၁ | ဗိုလ်မှူးချုပ် သန်းဖေ | ၁၄ ဇွန် ၁၉၅၂ – ၂၈ စက်တင်ဘာ ၁၉၅၅[၄] | ||
ဒုတိယကာကွယ်ရေးဦးစီးချုပ် (ရေတပ်) | |||||
(၂) | ရေ ၁၀၀၁ | ဗိုလ်မှူးချုပ် သန်းဖေ | ၂၈ စက်တင်ဘာ ၁၉၅၅ – ၃၀ မေ ၁၉၆၂ | ||
၃။ | ရေ ၁၀၂၅ | ဗိုလ်မှူးချုပ် သောင်းတင် | ၃၀ မေ ၁၉၆၂ – ၈ မတ် ၁၉၇၄ | ||
၄။ | ရေ ၃၀၁၁ | ဗိုလ်ချုပ် ချစ်လှိုင် | ၈ မတ် ၁၉၇၄ – ၁၆ အောက်တိုဘာ ၁၉၈၀ | ||
၅။ | ရေ ၃၀၂၁ | ဗိုလ်ချုပ် မောင်မောင်ဝင်း | ၁၆ အောက်တိုဘာ ၁၉၈၀ – ၄ နိုဝင်ဘာ ၁၉၈၅ | ||
၆။ | ရေ ၁၀၃၈ | ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်ခင် | ၄ နိုဝင်ဘာ ၁၉၈၅ – ၁၀ မေ ၁၉၈၉ | ||
ကာကွယ်ရေးဦးစီးချုပ် (ရေ) | |||||
(၆) | ရေ ၁၀၃၈ | ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်ခင် | ၁၀ မေ ၁၉၈၉ – ၅ ဖေဖော်ဝါရီ ၁၉၉၂ | ||
၇။ | ရေ ? | ဒုတိယဗိုလ်ချုပ်ကြီး သန်းညွန့် | ၅ ဖေဖော်ဝါရီ ၁၉၉၂ – ၁၄ ဇွန် ၁၉၉၅ | ||
၈။ | ရေ ? | ဒုတိယဗိုလ်ချုပ်ကြီး တင်အေး | ၁၄ ဇွန် ၁၉၉၅ – ၁၄ နိုဝင်ဘာ ၁၉၉၇ | ||
၉။ | ရေ ၁၀၈၇ | ဒုတိယဗိုလ်ချုပ်ကြီး ညွန့်သိန်း | ၁၄ နိုဝင်ဘာ ၁၉၉၇ – ၉ ဩဂုတ် ၂၀၀၀ | ||
၁၀။ | ရေ ၁၁၀၇ | ဒုတိယဗိုလ်ချုပ်ကြီး ကြည်မင်း | ၉ ဩဂုတ် ၂၀၀၀ – ၂ ဇန်နဝါရီ ၂၀၀၄ | ||
၁၁။ | ရေ ၁၁၈၁ | ဒုတိယဗိုလ်ချုပ်ကြီး စိုးသိန်း | ၂ ဇန်နဝါရီ ၂၀၀၄ – ၂၀ ဇွန် ၂၀၀၈ | ||
၁၂။ | ရေ ၁၁၉၆ | ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း | ၂၀ ဇွန် ၂၀၀၈ – ၁၅ ဩဂုတ် ၂၀၁၂ | ||
၁၃။ | ရေ ၁၂၈၂ | ဗိုလ်ချုပ်ကြီး သူရ သက်ဆွေ | ၁၅ ဩဂုတ် ၂၀၁၂ – ၁၂ ဩဂုတ် ၂၀၁၅ | ||
၁၄။ | ရေ ၁၂၈၇ | ဗိုလ်ချုပ်ကြီး တင်အောင်စန်း | ၁၂ ဩဂုတ် ၂၀၁၅ – ၃ ဖေဖော်ဝါရီ ၂၀၂၁ | ||
၁၅။ | ရေ ၁၃၇၄ | ဗိုလ်ချုပ်ကြီး မိုးအောင် | ၃ ဖေဖော်ဝါရီ ၂၀၂၁ – ၈ ဇန်နဝါရီ ၂၀၂၄ | ||
၁၆။ | ရေ ၃၄၇၄ [၅] | ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် | ၈ ဇန်နဝါရီ ၂၀၂၄ – ၁၂ ဇူလိုင် ၂၀၂၄ | နုတ်ထွက်စာတင်ခိုင်းခံရသည်။[၆] | |
၁၇။ | ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း [၇] | ၁၂ ဇူလိုင် ၂၀၂၄ - လက်ရှိ |
ကိုးကား
[ပြင်ဆင်ရန်]- ↑ ရေချုပ် အပါအဝင် ဗိုလ်ချုပ်တချို့ အပြောင်းအလဲဖြစ်။ BBC Burmese (၈ ဇန်နဝါရီ ၂၀၂၄)။ ၈ ဇန်နဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ https://burma.irrawaddy.com/news/2021/02/04/237628.html
- ↑ ကျော်ဇော၊ မောင် (ဇန်နဝါရီ ၂၀၂၂)။ အထွေထွေဗဟုသုတ (၂၀၂၂–၂၀၂၃)။ ရန်ကုန်: ကြယ်စင်စာပေ။ p. ၁၇၃-၁၇၄။
- ↑ Sabry၊ Fouad (2024-05-30)။ Military Staff: Strategizing the Nexus, Command, Coordination, and 21st Century Warfare (အင်္ဂလိပ်ဘာသာစကားဖြင့်)။ One Billion Knowledgeable။
- ↑ စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့အပ်နှင်းခြင်း၊နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမိန့်ကြော်ငြာစာအမှတ်(၂/၂၀၂၂)။ MOI Myanmar (၄ ဇန်နဝါရီ ၂၀၂၂)။ ၈ ဇန်နဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ကာကွယ်ရေးဦးစီးချုပ်(ရေ) နှင့် ဒုစစ်ထောက်ချုပ်တို့ အစားထိုးခန့်။ DVB (၁၂ ဇူလိုင် ၂၀၂၄)။ ၁၄ ဇူလိုင် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ရေတပ်ဦးစီးချုပ်အဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်းအား ခန့်အပ်။ The Irrawaddy (၁၃ ဇူလိုင် ၂၀၂၄)။ ၁၅ ဇူလိုင် ၂၀၂၄ တွင် ပြန်စစ်ပြီး။