ရွှေမန်း၊ ဦး
| သူရရွှေမန်း၊ ဗိုလ်ချုပ်ကြီး(ငြိမ်း) | |
| Thura Shwe Mann | |
| ၁၁ ဇူလိုင် ၁၉၄၇ - | |
ဒီဇင်ဘာ ၂၀၁၁ တွင် သူရဦးရွှေမန်း နှင့် အမေရိကန် နိုင်ငံခြားရေးဝန်းကြီး ဟီလာရီ ကလင်တန်တို့ နေပြည်တော်တွင် တွေ့စုံဆွေးနွေးနေစဉ် |
|
| ပြည်သူလွှတ်တော် ဥက္ကဌ |
|
| ၃၁ ဇန်နဝါရီ ၂၀၁၁ - | |
| ယခင် | ရာထူးစတင် |
| ပြည်သူ့လွှတ်တော် အမတ် |
|
| ၃၁ ဇန်နဝါရီ ၂၀၁၁ - | |
| ယခင် | ဖွဲ့စည်းပုံအခြေခံဥပဒေ စတင် |
| တပ်မတော် ဦးစီးချုပ် |
|
| ၂၀၀၁ - ၂၀၁၁ | |
| ကိုယ်ရေး အချက်အလက် | |
| မွေးရက် | ၁၁ ဇူလိုင် ၁၉၄၇ |
| မွေးရပ်ဇာတိ | ကညွန့်ကွင်၊ ပဲခူးတိုင်း |
| လူမျိုး | ဗမာ |
| နိုင်ငံသား | မြန်မာ |
| ပညာရေး | စစ်တက္ကသိုလ် |
| ပါတီ | ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွဲ့ဖြိုးရေးပါတီ |
| ကြင်ဖော် | ခင်လေးသက် |
| သားသမီး | တိုးနိုင်မန်း၊ အောင်ထက်မန်း(ရွှေမန်းကိုကို) |
| စစ်မှုထမ်း အချက်အလက် | |
| ဌာန | တပ်မတော်(ကြည်း) |
| ၁၉၆၉ - ၂၀၁၀ | |
| ရာထူး | ဗိုလ်ချုပ် |
မာတိကာ |
ရွှေမန်း (ဗိုလ်ချုပ်ကြီး၊ သူရ) [ပြင်ဆင်ရန်]
လက်ရှိ ရယူထားသည့် ရာထူးများမှာ-ဒု ကာကွယ်ရေး ဦးစီးချုပ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ ဗိုလ်ချုပ်ကြီးတို့ဖြစ်သည်။ မွေးဖွားသည့် ခုနှစ် မှာ၁၁ ရက် ဇူလိုင် ၁၉၄၇ဖြစ်ြပီးဇနီး -ဒေါ်ခင်လေးသက်နှင့်သားသုံးယောက် (အောင်သက်မန်း၊ တိုးနိုင်မန်း၊ …) မွေးဖွားခဲ့သည်။
လက်ရှိအနေအထား [ပြင်ဆင်ရန်]
ယခင်က နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) အစိုးရ အဖွဲ့တွင်အာဏာအရ အဆင့် ၃ ရှိသူဖြစ်ပြီး ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ရာထူး ရယူထားသူလည်း ဖြစ်သည်။ ၂၀၀၁ ခုနှစ်နိုဝင်ဘာလတွင် တပ်မတော် ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး ရာထူး ရရှိလာသည့် အချိန်မှ စတင်ပြီး နအဖ အစိုးရအဖွဲ့ထဲတွင် အာဏာရှိသူ တစ်ဦးအဖြစ်သို့ ရောက်လာခဲ့သည်။ မြန်မာနိုင်ငံတွင် နကိုကတည်းက ကြည်း၊ ရေ၊ လေတပ် အသီးသီးတွင် ကာကွယ်ရေး ဦးစီးချုပ်တစ်ဦးစီ ရှိပြီးဖြစ်သော်လည်း ဗိုလ်ချုပ်ကြီး သူရရွှေမန်းအတွက် ရာထူး အသစ်ရှာဖွေ ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ရာထူးရရှိပြီးနောက်တွင် အထူးစစ်ဆင်ရေးမှူးများ နှင့် ရန်ကုန်စစ်တိုင်းမှူးတို့က သူ့ထံ တိုက်ရိုက် အစီရင်ခံကြရသည်။
အစိုးရအသစ် ပြောင်းလဲဖွဲ့စည်းပြီးနောက် ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ပြည်သူ့လွှတ်တော်၏ ဥက္ကဌ ဖြစ်လာခဲ့သည်။
စစ်အရာရှိဘဝ [ပြင်ဆင်ရန်]
၁၉၆၉ ခုနှစ်တွင် မေမြို့ စစ်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သည်။ သူနှင့် အတူတပြိုင်ထဲ ဘွဲ့ရသူများ အနက် ယခင် ထောက်လှမ်းရေး ဌါနကြီးမှူးဟောင်း ဗိုလ်မှူးချုပ် ကျော်သိန်း၊ ယခု ပြန်ကြားရေး ဝန်ကြီးဖြစ်သူ အငြိမ်းစား ဗိုလ်မှူးချုပ် ကျော်ဆန်း တို့ပါဝင်သည်။ အရာရှိဘဝမှ တဖြည်းဖြည်းနှင့် ဗိုလ်ကြီး ရာထူးသို့ မြင့်တက်လာပြီးနောက် ၁၉၈၈ ခုနှစ်တွင် ဗိုလ်မှူး အဆင့်သို့ ရောက်ရှိလာခဲ့သည်။ ၁၉၈၉ ခုနှစ် ကေအန်ယူ တပ်များအား ကရင်ပြည်နယ်တွင် ထိုးစစ်ဆင်ရာတွင် “သူရ”ဘွဲ့ကို ရရှိခဲ့သည်။ ကရင်ပြည်နယ်သို့ တပ်ရင်းမှူး ဘဝဖြင့် ရောက်ရှိခဲ့ပြီးနောက် ၁၉၉၁ ခုနှစ်တွင်ပြည်မြို့ အခြေစိုက် တပ်မ ၆၆ တွင်ဗျူဟာမှူး ဖြစ်လာခဲ့သည်။ ၁၉၉၆ ခုနှစ်မှာ ဗိုလ်မှူးချုပ် ရာထူးသို့ တိုးမြှင့်ပေးခံခဲ့ရကာ ထောက်ကြံ့ရှိ ရန်ကုန်မြို့ရှိ စစ်အစိုးရ အရာရှိကြီးများ၏ လုုံခြုံရေးကိုတာဝန်ယူရသည့် ခြေလျင်တပ်ကို တာဝန်ယူခဲ့ရသည်။ အဲဒီနောက် တစ်နှစ် အကြာမှာ ပုသိမ် အခြေစိုက် အနောက်တောင်တိုင်း စစ်ဌါနချုပ်တိုင်းမှူး အဖြစ်ရာထူးတိုးပြီး ပုသိမ်သို့ ပြောင်းရွှေ့ခဲ့သည်။ တပြိုင်ထည်း နအဖ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အဖွဲ့ဝင်လည်း ဖြစ်လာခဲ့သည်။ ၂၀၀၀ ခုနှစ်တွင် ဗိုလ်ချုပ်ရာထူးသို့ တိုးမြှင့်ခံခဲ့ရပြီး နအဖ အမြဲတမ်း အဖွဲ့ဝင်ဖြစ်လာခဲ့သည်။ နတခ စစ်တိုင်းမှူး အဖြစ်မှ ရန်ကုန်မြို့ရှိ ကာကွယ်ရေး ဝန်ကြီးရုံးသို့ ပြောင်းရွှေ့ခြင်း ခံရသည်။ ရာထူးတိုးမြှင့်ပေးခြင်း ခံရသည်ဟု ယူဆနိုင်ပြီး ဒု ကာကွယ်ရေး ဦးစီးချုပ်ရာထူး ပေးအပ်ခြင်းခံရသည်။ ထိုရာထူးအရ ကြည်းတပ်၊ ရေတပ်၊ လေတပ် တို့ကိုကြည့်ရှု စစ်ဆေးရသည်။ နောက်တစ်နှစ်တွင် အသစ်တီထွင် ခန့်အပ်လိုက်သည့် ညှိနှိုင်းကွပ်ကွပ်ရေးမှူး ကြည်း၊ ရေ၊ လေ ကိုခန့်အပ်ခြင်းခံရပြီး အထူး စစ်ဆင်ရေး ဗျူရိုကိုလည်း ကြည့်ရှုတာဝန်ယူ ရသူဖြစ်လာသည်။ ၂၀၀၃ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး ရာထူးသို့တိုးမြှင့်ပေးခံရသည်။ သူ့လက်အောက်ရှိ ခြေလျင်တပ်များမှ တပ်သားများ၏ လေးစားမှုကို အထိုက်အလျောက်ခံရသည်။ ယခုလက်ရှိတာဝန်များအရတော့ ရှေ့တန်းနှင့် ဒေသန္တရ စစ်တိုင်းများမှ တပ်ရင်းတွေနှင့် အလှမ်းကွာနေသသည့် သဘောရှိသည်။
ရာထူး အဆင့်ဆင့် [ပြင်ဆင်ရန်]
၁၉၈၈- ဗိုလ်မှူး၊တပ်ရင်းမှူ၊ ဒုဗိုလ်မှူးကြီး၊ ဗိုလ်မှူးကြီး ၁၉၉၁-ဗျူဟာမှူး ၁၉၉၆-ဗိုလ်မှူးချုပ် ၁၉၉၇-အနောက်တောင်တိုင်း စစ်တိုင်းမှူး ၂၀၀၀-ဗိုလ်ချုပ် -နအဖ အဖွဲ့ဝင် ၂၀၀၁-ဒုကာကွယ်ရေး ဦးစီးချုပ်၊ ကြည်း၊ ရေ၊ လေ ကြည့်ရှုတာဝန်ယူရသူ ၂၀၀၁-နိုဝင်ဘာ ညှိနှိုင်းကွပ်ကဲရေးမှူး ကြည်း၊ ရေ၊ လေ အထူးစစ်ဆင်ရေး အဖွဲ့မှူး ၂၀၀၃-ဗိုလ်ချုပ်ကြီး
စီးပွားရေး အဆက်အသွယ်နှင့် လာဘ်စားမှု [ပြင်ဆင်ရန်]
ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ သားဖြစ်သူ အောင်သက်မန်းဟာ ဧရာရွှေဝါ ကုမ္ပဏီရဲ့ ဒါရိုက်တာဖြစ်ပြီး အဆိုပါကုမ္ပဏီဟာ ၂၀၀၅ ခုနှစ် ဘင်္ဂလာဒေ့ရှ်နဲ့ စင်္ကာပူနိုင်ငံများသို့ ဆန်တင်ပို့ခွင့် ပထမဆုံးရရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်သည်။ ဦးတေဇပိုင် ထူးကုမ္ပဏီနှင့် နီးနီးစပ်စပ် တွဲဖက်လုပ်ကိုင်လျက် ရှိသည့် ကုမ္ပဏီ တစ်ခုလည်းဖြစ်သည်။ ဗိုလ်ချုပ်ကြီး သူရရွှေမန်း အနောက်တောင်တိုင်းမှာ စစ်တိုင်းမှူး ဘဝကတည်းက အောင်သက်မန်းဟာ စီးပွားရေး လုပ်ကိုင်နေခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က အောင်သက်မန်းပိုင် ဧရာရွှေဝါ ကုမ္ပဏီအနေဖြင့် ဧရာဝတီတိုင်းမှ လယ်သမားများအား ရောင်းချမည့် ဓါတ်မြေဩဇာ တင်သွင်းခွင့်ရရှိကာ ငွေကြေးအကျိုးအမြတ်များ ခဲ့သည်။ ထို့ပြင် ၂၀၀၅၊ ၀၆ ခုနှစ် နေပြည်တော် တည်ဆောက်ရေး စီမံကိန်းများမှာလည်း ဆောက်လုပ်ခွင့် ကန်ထရိုက်များရရှိခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ သားအငယ် တိုးနိုင်မန်းနှင့် အိမ်ရာ စီမံကိန်းများ ဖေါ်ဆောင်သူ လုပ်ငန်းရှင်ကြီး ဇေကမ္ဘာ ဦးခင်ရွှေသမီးဖြစ်သူနှင့် ခမ်းနားစွာ လက်ထပ်ထိမ်းမြားခဲ့သည်။ ဆီဒိုးနားတွင် ကျင်းပသည့် အဆိုပါ လက်ထပ်ပွဲတွင် လုပ်ငန်းရှင်ကြီးများနှင့် အရာရှိကြီးများက လက်ဖွဲ့ကြရာ ကားအစီး ၅၀ ကျော်ရရှိသည်ဟု သိရသည်။ ၂၀၀၇ ခုနှစ် အမေရိကန် ပြည်ထောင်စု ဘဏ္ဍာရေး ဝန်ကြီးဌါနမှ ထုတ်ပြန်သည့်နအဖ အစိုးရအဖွဲ့ဝင် နှင့် သူတို့၏ မိသားစုများအား ဗီဇာပိတ်ပင်ခြင်း စာရင်းထဲတွင် ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ ဇနီး ဒေါ်ခင်လေးသက် ကိုလည်းထည့်သွင်း ခဲဲ့သည်။ ၂၀၀၈ ခုနှစ် ကုန်နှင့် ၂၀၀၉ ခုနှစ်အစပိုင်းတွင် သားဖြစ်သူ တိုးနိုင်မန်းပိုင်သည့် Red Link ကုမ္ပဏီမှ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း ဝန်ကြီးဌါနနှင့် မြန်မာတယ်လီပို့မှ ဝန်ဆောင်မှုပေးသည့် ဘရော့ဒ်ဘန်း အင်တာနက် ကိုလက်လီ ပြန်လည်ရောင်းချသည့် လုပ်ပိုင်ခွင့် ရရှိခဲ့သည်။ ဝိုင်မက်စ် အင်တာနက် ဝန်ဆောင်မှု အမည်ဖြင့် လူသိများခဲ့သည်။ ၂၀၁၀ ခုနှစ် စက်သုံးဆီ တင်သွင်းဖြန့်ဖြူးခြင်း နှင့် အစိုးရပိုင် စက်သုံးဆီဆိုင်များအား ပုဂ္ဂလိကပိုင် ပြုလုပ်သည့် အစီအစဉ်တွင် တိုးနိုင်မန်းလည်း ပါဝင်လုပ်ကိုင်လျက်ရှိပြီး စက်သုံးဆီဆိုင်များ ဖွင့်လှစ်ခြင်းနှင့် မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းသူများ အသင်းတွင်လည်း တာဝန်ယူထားသူ တစ်ဦးဖြစ်သည်။
