အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ
Comité International Olympique
International Olympic Committee

Olympic Rings.svg

ဆောင်ပုဒ် Citius Altius Fortius
ဖွဲ့တည်ချိန် 23 June 1894
အမျိုးအစား အားကစား အဖွဲ့ချုပ်
ဌာနချုပ် Lausanne ၊ ဆွစ်ဇာလန်နိုင်ငံ
အဖွဲ့ဝင် ၂၀၅ အမျိုးသားအဆင့် ကော်မတီ
ရုံးသုံးဘာသာ ပြင်သစ်အင်္ဂလိပ် နှင့် လိုအပ်ပါက အိမ်ရှင်နိုင်ငံ၏ ရုံးသုံးဘာသာစကား
ဥက္ကဋ္ဌ Jacques Rogge
ဝက်ဘ်ဆိုက် www.Olympic.org

အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ (International Olympic Committee, IOC) သည် ဆွစ်ဇာလန်နိုင်ငံ Lausanne ၌ အခြေစိုက်သည့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။ IOC အား ပြင်သစ်လူမျိုး သမိုင်းပညာရှင် ပီယဲ ကူဘာတင် (Pierre de Coubertin) က ၁၈၉၄ ခုနှစ် ဇွန်လ ၂၃ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး ဂရိလူမျိုး စီးပွားရေးလုပ်ငန်းရှင် Demetrios Vikelas က ပထမဦးဆုံးသော ဥက္ကဋ္ဌအဖြစ် ထမ်းရွက်ခဲ့သည်။ ယနေ့တွင် အဖွဲ့ဝင် အမျိုးသားအဆင့် အိုလံပစ်ကော်မတီ (National Olympic Committee, NOC) ၂၀၅ ဖွဲ့ ရှိပြီဖြစ်သည်။

၄ နှစ်တစ်ကြိမ် ကျင်းပသော နွေရာသီနှင့် ဆောင်းရာသီ အိုလံပစ် အားကစားပွဲတော်များကို IOC မှ ကြီးကြပ်ကွပ်ကဲသည်။ IOC မှ ပထမဦးဆုံးအကြိမ် စီစဉ်ကြီးကြပ်သည့် နွေရာသီ အိုလံပစ်ပွဲတော်ကို ၁၈၉၆ ခုနှစ်တွင် ဂရိနိုင်ငံအေသင်မြို့၌ ကျင်းပခဲ့သည်။ ပထမဦးဆုံးအကြိမ် ဆောင်းရာသီ အိုလံပစ်ပွဲတော်ကိုမူ ၁၉၂၄ ခုနှစ်တွင် ပြင်သစ်နိုင်ငံ Chamonix ၌ ကျင်းပခဲ့သည်။ နွေရာသီနှင့် ဆောင်းရာသီ အိုလံပစ်ကို တစ်နှစ်တည်းတွင် ကျင်းပခဲ့သည်မှာ ၁၉၉၂ ခုနှစ်အထိ ဖြစ်သည်။ ထို့နောက် IOC က စီစဉ်ပြင်ဆင်ရန် အချိန် လုံလောက်စွာ ရရှိနိုင်ရေးအတွက် ဆောင်းရာသီ အိုလံပစ်အား နွေရာသီအိုလံပစ်နှင့် ၂ နှစ်ခြား ကျင်းပရန် ဆုံးဖြတ်ခဲ့သည်။

[ပြင်​ဆင်​ရန်​] ကိုးကား

ကိုယ်ပိုင် ကိရိယာများ

အမျိုးမျိုးအပြားပြား
ဆောင်ရွက်ချက်များ
Navigation
လက်စွဲ ကိရိယာများ
တခြား ဘာသာဖြင့်