ပဲခူးတိုင်း
| ပဲခူးတိုင်း | |
| မြို့တော် | ပဲခူးမြို့ |
| ဧရိယာ | ၃၉,၄၀၄ km² |
| လူဦးရေ | ၅,၀၁၄,၀၀၀ |
| လူမျိုးများ | ဗမာ၊ ကရင်၊ ရှမ်း၊ တရုတ်၊ ကုလား၊ မွန်၊ ဂေါ်ရခါး |
| ဘာသာတရားများ | ဗုဒ္ဓ၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ |
ပဲခူးတိုင်းသည် မြန်မာနိုင်ငံ၏ တိုင်းကြီးခုနှစ်တိုင်းတွင် တစ်ခုအပါအဝင် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ထင်ရှားသည့် ဘုရင့်နန်းတော်ကြီးများ ရှိခဲ့သည့် မြို့ဆိုလျှင်လည်း မမှားပေ။ အထူးသဖြင့် ကမ္ဘောဇသာဒီနန်းတော်သည် ယနေ့တိုင် နိုင်ငံခြားသားများကို စွဲဆောင်ပေးနေသည့် ရှေးဟောင်းနန်းတော်တစ်ခု အဖြစ် ထင်ရှားလျက်ရှိသည်။ ထို့အပြင် တူးဖော်ခြင်းမရှိသေးသည့် ရှေးမွန်ခေတ် နန်းတော်ရာများရှိဦးမည်ဟု ခန့်မှန်းရပါသည်။
မာတိကာ |
တည်နေရာ [ပြင်ဆင်ရန်]
ပဲခူးတိုင်း သည် ရန်ကုန်တိုင်း၏မြောက်ဘက် မြန်မာနိုင်ငံ၏ တောင်ဘက်အလယ်ပိုင်းတွင်တည်ရှိသည်။ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်းတို့နှင့် နယ်နိမိတ်ချင်းထိစပ်လျှက်ရှိသည်။ မြောက်လတ္တီတွဒ် ၄၆ ဒီဂရီ ၄၅မိနစ် နှင့် ၁၉ ဒီဂရီ ၂၀မိနစ်ကြား၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၃၅မိနစ် နှင့် ၉၇ ဒီဂရီ ၁၀မိနစ်ကြားတွင်တည်ရှိသည်။ ဧရိယာ စုစုပေါင်း ၁၅,၂၁၄ စတုရန်းမိုင်ကျယ်ဝန်းသည်။
ရာသီဥတု [ပြင်ဆင်ရန်]
ပဲခူးတိုင်းတောင်ပိုင်းဒေသများသည် အကြမ်းအားဖြင့် စိုစွတ်သော မုတ်သုံရာသီဥတုရရှိကာ မြောက်ပိုင်းဒေသများမှာမူ ခြောက်သွေ့သည့် ရာသီဥတုရှိပါသည်။ ပဲခူး၊ တောင်ငူနှင့် ပြည်မြို့များတွင် နွေဥတု အပူဆုံးကာလများတွင် အပူချိန် ၈၈ ဒီဂရီ မှ ၉၀ ဒီဂရီ ဖာရင်ဟိုက် ထိရှိတတ်သည်။ ပျှမ်းမျှအားဖြင့် တိုင်းတစ်တိုင်းလုံး၏ အပူချိန်မှာ ၇၅ ဒီဂရီ ဖာရင်ဟိုက်ဖြစ်သည်။ မိုးရေချိန်မှာ အမြင့်ဆုံးအားဖြင့် မြစ်သားမြို့တွင် ၁၃၂.၃၆ လက်မထိ စံချိန်တင်ရောက်ရှိခဲ့ဖူးသကဲ့သို့ အနိမ့်ဆုံးအားဖြင့် ပြည်မြို့တွင် ၄၅.၄၉ လက်မသာရရှိခဲ့ဖူးသည်။
တွင်းထွက်များ [ပြင်ဆင်ရန်]
မြို့တော် [ပြင်ဆင်ရန်]
ပဲခူးတိုင်း၏ မြို့တော်မှာ ပဲခူးမြို့ဖြစ်သည်။
ပါဝင်သောမြို့နယ်များ [ပြင်ဆင်ရန်]
( ၂၈ မြို့နယ်)
- ကြို့ပင်ကောက်
- ကျောက်တံခါး
- ဇီးကုန်း
- ညောင်လေးပင်
- တောင်ငူ
- နတ်တလင်း
- ပဲခူး
- ကဝ
- ပြည်
- ပေါင်းတည်
- ဖြူး
- မင်းလှ
- ရေတာရှည်
- လက်ပံတန်း
- ဝေါ
- သာယာဝတီ
- သုံးဆယ်
- သဲကုန်း
- အုတ်ဖို
- မိုးညို
- ပေါက်ခေါင်း
- ဒိုက်ဦး
- သနပ်ပင်
- ထန်းတပင်
- အုတ်တွင်း
- ကျောက်ကြီး
- ရွှေကျင်
- ပဲနွယ်ကုန်း
ရည်ညွှန်းကိုးကား [ပြင်ဆင်ရန်]
- မြန်မာပြည်ဖွား ဂေါ်ရခါး၊ ရေး-မေမြို့ချစ်ဆွေ၊၂၀၀၀ ခုနစ်ထုတ်
![]() |
မကွေးတိုင်းဒေသကြီး | မန္တလေးတိုင်းဒေသကြီး | ![]() |
|
| ရခိုင်ပြည်နယ် | ကရင်ပြည်နယ် | |||
| ဧရာဝတီတိုင်းဒေသကြီး | ရန်ကုန်တိုင်းဒေသကြီး | မွန်ပြည်နယ် မြန်မာ့ပင်လယ် |
|
|||||||||||||||||||||||||||||

