တောင်တွင်းကြီးမြို့: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.7.1) (ရိုဘော့က ပေါင်းထည့်နေသည် - en:Taungdwingyi, fr:Taungdwingyi
စာကြောင်း ၇၄ - စာကြောင်း ၇၄ -
<br />
<br />
[[Category:မကွေးခရိုင်]]
[[Category:မကွေးခရိုင်]]

[[en:Taungdwingyi]]
[[fr:Taungdwingyi]]

၀၃:၅၆၊ ၁၇ ဇန်နဝါရီ ၂၀၁၂ ရက်နေ့က မူ

တောင်တွင်းကြီးမြို့
မြန်မာနိုင်ငံရှိ မြို့များ
တောင်တွင်းကြီးမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
တောင်တွင်းကြီးမြို့
တောင်တွင်းကြီးမြို့
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ
ကိုဩဒိနိတ်: 20°0′N 95°32′E / 20.000°N 95.533°E / 20.000; 95.533
နိုင်ငံအမည် မြန်မာ
တိုင်းဒေသကြီးမကွေး
ခရိုင်မကွေး
လတ္တီကျု(၂၀)ဒီဂရီ၊ (၀)မိနစ်
လောင်ဂျီကျု(၉၅)ဒီဂရီ၊ (၃၂)မိနစ်
မြို့နယ်ရုံးစိုက်ရာမြို့တောင်တွင်းကြီးမြို့
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်)


တောင်တွင်းကြီးမြို့

မ‌ကွေးခရိုင် ‌တောင်တွင်းကြီးနယ်ရုံးစိုက်ရာမြို့ဖြစ်သည်။ ‌တောင်တွင်းကြီးနယ်တွင် ‌တောင်တွင်းကြီးမြို့နယ်၊ မြို့သစ် မြို့နယ်နှင့် နတ်‌မောက်မြို့နယ်တို့ ပါဝင်ကြသည်။ ‌တောင်တွင်းကြီးမြို့သည် မ‌ကွေးမြို့မှ အ‌ရှေ့ဘက် ၅၁ မိုင် ကွာ‌ဝေးသည်။ ‌ပေ‌လေးပင်၊ ရှင်‌လေးပါး ‌ပေါ်ထွန်း‌သောမြို့ဟု မြန်မာစာ‌ပေ‌လောကတွင် ထင်ရှား‌ကျော်‌စောသည်။ ‌တောင်တွင်း ကြီးမြို့နယ်သည် တြိဂံပုံသဏ္ဌာန်ရှိ၍ ‌မြေဩဇာထက်သန်‌ကောင်း မွန်‌သော လွင်ပြင်‌ဒေသများရှိ‌သော‌ကြောင့် မ‌ကွေးခရိုင်တွင် စပါးအများဆုံး ထွက်‌သောမြို့နယ်ဖြစ်သည်။ လယ်ယာစိုက်ပျိုး ခြင်းအတွက် ဆည်‌မြောင်းများ တူး‌ဖော်လုပ်ကိုင်ကြရသည်။ ‌ရှေး‌ခေတ်က ဆည်‌မြောင်းအ‌ဟောင်းများကိုလည်း ယခုတိုင် ‌တွေ့ရှိနိုင်သည်။

‌တောင်တွင်းကြီးမြို့ မြူနီစပယ်အဖွဲ့ကို ၁၈၈ရ ခုနှစ်မှစ၍ တည်‌ထောင်ခဲ့သည်။ ‌တောင်တွင်းကြီးမြို့သည် မ‌ကွေးမြို့နှင့် ကတ္တရာ‌စေးခင်း‌ကျောက်လမ်းဖြင့် ဆက်သွယ်ထား ရှိသည်။ ထိုပြင် ပျဉ်းမနား-ကျောက်ပန်း‌တောင်း မီးရထားလမ်း သည် ‌တောင်တွင်းကြီးမြို့ကို ဖြတ်၍သွား‌လေသည်။ မီးရထား လမ်းအားဖြင့် ပျဉ်းမနားမြို့နှင့် ၆ရ မိုင်ကွာ‌ဝေးသည်။ မြို့၏ လူဦး‌ရေမှာ ၁၉၅၃ ခုနှစ် သန်း‌ခေါင်စာရင်းအရ ၁၆ ၂၃၃ ‌ယောက်ခန့်ရှိသည်။

ကိုးကား

မြန်မာ့စွယ်စုံကျမ်း အတွဲ(၅)