အသုံးပြုသူ:Researcher

    ဝီကီပီးဒီးယား မှ
    ကိုယ်ရေးအကျဉ်း
    Crystal Clear app date.png ယနေ့သည်၇ ဇွန် ၂၀၂၃
    my ဤအသုံးပြုသူ၏ မိခင်ဘာသာစကားမှာ မြန်မာစကား ဖြစ်သည်။
    en-2 This user is able to contribute with a intermediate level of English.
    zh-2 这个用户会听,说,读,写 中等汉语。母语是 缅甸语。
    ဤအသုံးပြုသူသည် တရုတ်ဘာသာစကားကို အတော် အသင့် နားလည်၊ ရေး၊ ဖတ်၊ ပြော နိုင်သည်။ မိခင် ဘာသာ စကားမှာ မြန်မာဘာသာစကားဖြစ်သည်။
    EcE ဤအသုံးပြုသူသည် မြန်မာနိုင်ငံသား အီလက်ထရွန်းနစ် အင်ဂျင်နီယာ တစ်ယောက် ဖြစ်သည်။
    Dharma Wheel.gif ဤအသုံးပြုသူသည်
    ဗုဒ္ဓဘာသာဝင် ဖြစ်ပါသည်။

    သင်သေသွားသော်[ပြင်ဆင်ရန်]

    • သြော် . .. .
    • လူ့ပြည်လောက၊ လူ့ဘဝကား၊
    • အိုရနာရ၊ သေရဦးမည်၊
    • မှန်ပေသည်တည့်။
    • သို့တပြီးကား၊ သင်သေသွားသော်၊
    • သင်ဖွားသောမြေ၊ သင်တို့မြေသည်၊
    • အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။
    • သင်၏မျိုးသား၊ စာစကားလည်း၊
    • ကြီးပွားတက်မြင့်၊ ကျန်ကောင်းသင့်၏။
    • သင်ဦးချ၍၊ အမျှေဝေရာစေတီသာနှင့်၊ သစ္စာအရောင်ဉာဏ်တန်ဆောင်လည်း၊
    • ပြောင်လျက်ဝင်းလျက်ကျန်စေသတည်း။

    ဆရာကြီး ဇော်ဂျီ

    မြန်မာဝီကီပီဒီးယားအပေါ်ခံယူချက်[ပြင်ဆင်ရန်]

    • ကျွန်တော်တို့ မြန်မာတွေ အချင်းချင်း အသိပညာ ဗဟုသုတတွေ ဖလှယ်ရာ ပညာ့ဗိမ္မာန် ဗဟုသုတဘဏ်တိုက်ကြီး၊ စာကြည့်တိုက်ကြီး တစ်ခုလို့ မြင်တယ်။
    • အင်္ဂလိပ်ဝီကီမှာလိုမျိုး ဖတ်စရာ ဆောင်းပါးတွေ သန်းချီပြီး ရှိစေချင်တယ်။
    • အဲလိုရှိနိုင်ဖို့ကတော့ မြန်မာတွေအားလုံး တစ်ယောက်ကို တစ်ပါတ်မှာ ဆောင်းပါး တစ်ပုဒ် စီ လာတင်ပေးနိုင်ရင်တောင် ဖြစ်လာမှာပါ။
    • အခမဲ့ ပညာဆည်းပူးနိုင်တဲ့ မြန်မာဝီကီမှာ အခြားနိုင်ငံတွေနဲ့ နှိုင်းစာရင် ဆောင်းပါးအရေအတွက် နည်းနေတာရယ်၊ အသုံးပြုသူ၊ ပါဝင်ရေးသားသူ နည်းနေသေးတာတွေရယ်ဟာ မြန်မာနိုင်ငံရဲ့ ပညာရေးဖွံ့ဖြိုးမှုအခြေအနေနဲ့ အနာဂတ် ပညာရေးအလားအလာတွေကို ရောင်ပြန်ဟပ်နေတယ် လို့ မြင်တယ်။
    • ဒါကြောင့် ကိုယ်တတ်နိုင်သလောက် နိုင်ရာနိုင်ရာ ကဏ္ဍလေးကနေ အုတ်တစ်ချပ်၊ သဲတစ်ပွင့် ပါဝင်ကူညီရေးသားရင်း၊ မြန်မာ့ပညာရေးကို မြင့်မားတိုးတက်စေလိုတဲ့ စိတ်အရင်းခံပြီး မြန်မာဝီကီကို နေ့ချင်းညချင်း အလျင်အမြန် ကြီးထွားလာစေချင်တဲ့စိတ်ဆန္ဒ ပြင်းပြစွာရှိနေတယ်။
    • ပါဝင်ရေးသားနေကြတဲ့ ဝီကီအဖွဲ့သား အားလုံးကို ကျေးဇူးတင်ပါတယ်။
    • ကျွန်တော်တို့အခုလုပ်နေတာသည် တကယ်လို့များ ကျွန်တော်တို့ သိပ်မခံစားရတော့ဘူး ဆိုခဲ့ရင်တောင်မှ ကျွန်တော်တို့ရဲ့ နောင်လာနောက်သားတွေအတွက် တကယ် အကျိုးများမယ့် ပရဟိတ လုပ်ငန်းတစ်ခုလို့ အလေးအနက် ခံယူထားပါတယ်။
    • ကျွန်တော်လည်း အားလပ်ချိန်ရရင် ရသလို အမြဲတမ်း ရေရှည် အားဖြည့်သွားမှာပါ။
    • မိတ်ဆွေသစ်များကိုလည်း ဝိုင်းဝန်းအားဖြည့်ကြဖို့ လေးစားစွာဖိတ်ခေါ်အပ်ပါတယ်။

    -- သုတေသီ ၁၀:၀၆၊ ၁၁ နိုဝင်ဘာ ၂၀၁၁ (UTC)