လ (ကမ္ဘာရံဂြိုဟ်)
ကမ္ဘာ့မြောက်ဘက်မှမြင်ရသော လပြည့်ဝန်း | |||||||||||||
| ပါဝင်အရာဝတ္ထုများ | |||||||||||||
|---|---|---|---|---|---|---|---|---|---|---|---|---|---|
| ပတ်လမ်း ဂုဏ်အင်များ | |||||||||||||
| Perigee | 362600 km (356400–370400 km) | ||||||||||||
| Apogee | 405400 km (404000–406700 km) | ||||||||||||
ဆီမီး မေဂျာ ဝင်ရိုး | 384399 km (0.00257 AU)[၁] | ||||||||||||
| ပတ်လမ်း ဗဟိုကျမှု | 0.0549 [၁] | ||||||||||||
ပတ်လမ်း ကာလ | |||||||||||||
ပတ်လမ်း ကာလ | 29.530589 d (29 d 12 h 44 min 2.9 s) | ||||||||||||
ပျမ်းမျှ ပတ်နှုန်း | 1.022 km/s | ||||||||||||
| ပတ်လမ်း တိမ်းစောင်းမှု | 5.145° to the ecliptic[၂][မှတ်စု ၁] | ||||||||||||
Longitude of ascending node | regressing by one revolution in 18.6 years | ||||||||||||
Argument of perigee | progressing by one revolution in 8.85 years | ||||||||||||
| ဂြိုဟ်ရံလများ | ကမ္ဘာ][မှတ်စု ၂][၃] | ||||||||||||
| ရုပ်ပိုင်းဆိုင်ရာ ဂုဏ်အင်များ | |||||||||||||
ပျမ်းမျှ အချင်းဝက် | 1737.1 km (0.273 Earths)[၁][၄][၅] | ||||||||||||
အီကွေတာ အချင်းဝက် | 1738.1 km (0.273 Earths)[၄] | ||||||||||||
ဝင်ရိုးစွန်း အချင်းဝက် | 1736.0 km (0.273 Earths)[၄] | ||||||||||||
| ပြားချပ်မှု | 0.0012[၄] | ||||||||||||
| စက်ဝန်းမျဉ်း | 10921 km (equatorial) | ||||||||||||
မျက်နှာပြင် ဧရိယာ | 3.793×107 km2 (0.074 Earths) | ||||||||||||
| ထုထည် | 2.1958×1010 km3 (0.020 Earths)[၄] | ||||||||||||
| ဒြပ်ထု | 7.342×1022 kg (0.012300 Earths)[၁][၄] | ||||||||||||
ပျမ်းမျှ သိပ်သည်းဆ | 3.344 g/cm3[၁][၄] 0.606 × Earth | ||||||||||||
မျက်နှာပြင် ဒြပ်ဆွဲအား | 1.62 m/s2 (0.1654 g)[၄] | ||||||||||||
အင်နားရှားကိန်း | 0.3929±0.0009[၆] | ||||||||||||
လွတ်မြောက်အလျင် | 2.38 km/s | ||||||||||||
ဘေးဘက် လှည့်ပတ်ကာလ | 27.321661 d (synchronous) | ||||||||||||
အီကွေတာ လည်ပတ်မှု အလျင် | 4.627 m/s | ||||||||||||
ဝင်ရိုးတိမ်းစောင်းမှု |
| ||||||||||||
| Albedo | 0.136[၇] | ||||||||||||
| |||||||||||||
မြင်သာသော ပမာဏ |
| ||||||||||||
ထောင့်ဖြတ်အချင်း | 29.3 to 34.1 arcminutes[၄][မှတ်စု ၄] | ||||||||||||
| လေထု[၉] | |||||||||||||
မျက်နှာပြင် လေထုဖိအား |
| ||||||||||||
| လေထု၌ ဓာတုပါဝင်နှုန်း | |||||||||||||
ကမ္ဘာ၏တစ်ခုတည်းသောအရံဂြိုဟ်မှာလဖြစ်သည်။ နက္ခတ္တဗေဒတွင် ဂြိုဟ်များကို ရံသော လပေါင်း ၃၁ စင်းရှိသည်ဟု သတ်မှတ်ထားလေသည်။ ကမ္ဘာ၌ ထွန်းလင်းသော လသည် ကမ္ဘာကို ရံသောလ ဖြစ်သည်။ ကမ္ဘာကြီးအကြောင်းပြောလျှင် လ(ကမ္ဘာရံဂြိုဟ်)၏အကြောင်း မပါလျှင် မပြီးချေ။ လကို ကမ္ဘာမြေပေါ်မှ ကြည့်ရှုနိုင်သည်။ အမှန်တကယ်အားဖြင့် လသည် အလွန်ကြီးမားသည်။ ကမ္ဘာကြီး၏ လေးပုံတစ်ပုံခန့် ကြီးမားသော်လည်း ကျွန်ုပ်တို့သည် အဝေးမှ ကြည့်မြင်ကြရသဖြင့် သေးငယ်သည်ဟု ထင်ရသည်။ လသည် ကမ္ဘာနှင့် နီးလွန်းရကား အလွန်အားကောင်း သော မှန်ပြောင်းနှင့်ကြည့်လျှင် လကို ကမ္ဘာနှင့် မိုင် ၅ဝ အကွာလောက်အထိ နီးလာအောင် မြင်ရသည်။ ထို့ပြင် လ၏ဆွဲအားသည် ကမ္ဘာမြေကြီး၏ ဆွဲအားထက် ၆ဆမျှ နည်းပါးသောကြောင့် ကျွန်ုပ်တို့ လပေါ်တွင် နေထိုင်လျှင် ကမ္ဘာပေါ်တွင် နေထိုင်သည်ထက် ၆ ဆမျှ ပိုမို ပေါ့ပါးနေမည် ဖြစ်သည်။ လ၏ မျက်နှာပြင်တစ်ခုလုံးသည် ဖုန်မှုန့်များ၊ ကျောက်တုံးကျောက်ဆောင်များဖြင့် ပြည့်နှက်နေသည်။ ကမ္ဘာနှင့် လ၏ အကွာအဝေးသည် ပျမ်းမျှ ၃၈၄,၄၀၂ km (၂၃၈,၈၅၆ mi) ရှိသည်။[၁၀][၁၁]
အရွယ်အစား
[ပြင်ဆင်ရန်]ကျွန်ုပ်တို့ တွေ့မြင်နေကျဖြစ်သော မိုးပေါ်က လသည် ကမ္ဘာမြေ၏ အရံဂြိုဟ်ဖြစ်သည်။ နက္ခတ္တဗေဒတွင် ဂြိုဟ်များကို ရံနေသော လပေါင်း ၃၁ စင်း ရှိသည်ဟု မှတ်သားထားသည်။ အင်္ဂါဂြိုဟ်၌ လ ၂ စင်း၊ ဂျူပီတာဂြိုဟ်၌ လ ၉၅ စင်း၊ စနေဂြိုဟ်၌ လ ၈၃ စင်း၊ ယူရေးနပ်စ်ဂြိုဟ်၌ လ ၂၇ စင်း၊ နက်ပကျွန်းဂြိုဟ်၌ လ ၁၄ စင်း အသီးအသီး ရံလျက်ရှိ၏၊ ကျွန်ုပ်တို့ မသိရှိသေးသော လများလည်း ရှိကောင်းရှိပေဦးမည်။ ထို ၂၁၉ စင်းသော လတို့သည် တစ်ခုနှင့်တစ်ခု အရွယ်ထုချင်း မတူကြပေ။ စနေဂြိုဟ်ကို ရံထားသော လတစ်လုံး၏ အချင်းသည် ၃၅၅ဝ မိုင်ရှိ၍ ကျွန်ုပ်တို့ကမ္ဘာကို ရံထားသော လ၏အချင်းမှာ ၂၁၆ဝ မိုင် ရှိလေသည်။ အမြင်အားဖြင့် လသည် ကြယ်များ ဂြိုဟ်များထက်ကြီး၍ နေလုံးနီးနီးခန့် ရှိသည်ဟု ထင်မှတ်ရပေသည်။ သို့ရာတွင် အမှန်စင်စစ် လသည် နေအဖွဲ့အစည်းတွင်ရှိသော ဂြိုဟ်တို့ထက် သေး၏။ ကမ္ဘာနှင့် နီးလွန်းသဖြင့် ကြီးသည်ဟု ထင်ရခြင်းသာဖြစ်သည်။ လသည် ကမ္ဘာမှ ပျမ်းမျှခြင်းအားဖြင့် မိုင်ပေါင်း ၂၄ဝဝဝဝ ခန့် ဝေးကွာသည်။ နေမှာ ထိုအကွာအဝေးထက် အဆပေါင်း ၄ဝဝ ပို၍ ကမ္ဘာမှ ဝေးကွာသည်။ ကြယ်တို့သည်ကား နေ၏ အကွာအဝေးထက် အဆပေါင်း မြောက်မြားစွာပို၍ပင် ဝေးကွာပေသေးသည်။ အလွန်အားကောင်းသော မှန်ပြောင်းများနှင့် ကြည့်လျှင် လကို ကမ္ဘာမှ မိုင် ၅ဝ အကွာလောက်အထိ နီးလာအောင် မြင်ရသည်။ ထိုမှန်ပြောင်းမျိုးနှင့် ကြည့်ခြင်းဖြင့် နက္ခတ်ဆရာတို့သည် လ၏မျက်နှာပြင်အကြောင်းနှင့် ဆိုင်သော ဗဟုသုတများကို အတော်စုံစုံလင်လင် သိရှိခဲ့ကြလေသည်။
မြင်ရပုံ
[ပြင်ဆင်ရန်]ကမ္ဘာကြီးသည် နေအား သူ၏ နေပတ်လမ်းကြောင်းအတိုင်း လှည့်ပတ်နေသကဲ့သို့ လသည်လည်း ကမ္ဘာကြီးအား လပတ်လမ်းကြောင်းအတိုင်း လှည့်ပတ်နေသည်။ ဆိုလိုသည်မှာ တစ်ခါတစ်ရံတွင် ကျွန်ုပ်တို့သည် လပြည့်သည်ကို မြင်တွေ့ရပြီး အခြားအချိန်များတွင် လအား သေးငယ်စွာ သို့မဟုတ် လုံးဝ မြင်တွေ့ရခြင်း မရှိချေ။ အဘယ့်ကြောင့်ဆိုသော် လသည် ကိုယ်ပိုင်အလင်းရောင်မရှိခြင်းကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့ မြင်တွေ့နိုင်သော လသည် နေ၏အလင်းရောင် ပြန်နေသော လ၏အခြမ်းတစ်ခုသာလျှင် ဖြစ်လေသည်။ ထိုအချိန်၌ လ၏အခြားဖက်အခြမ်းမှာ မဲမှောင်နေပြီး ၎င်းကို လ၏ပြောင်းလဲခြင်းအဆင့်ဟု ခေါ်သည်။ ထိုသို့ ကြီးမားပြီး တောက်ပမှုမှ သေးငယ်ပြီး မဲမှောင်မှုအထိ အဆင့်ဆင့်ဖြစ်ပေါ်ရန်အတွက် ၂၉.၅၃ ရက်(၂၉ ရက်၊ ၁၂ နာရီ၊ ၄၄ မိနစ်) ကြာမြင့်ပြီး၊ ပြီးမှသာလျှင် အလွန်ကျယ်ဝန်းသော စက်ဝိုင်းပုံသဏ္ဌာန် လအား မြင်တွေ့ရလေသည်။ ထိုကဲ့သို့ ကမ္ဘာနှင့် နေအကြား လ၏ ဖြတ်သန်းမှုကို နေကြတ်ခြင်းဟု ခေါ်သည်။ နေနှင့်လအကြား ကမ္ဘာဖြတ်သန်းခြင်းကို လကြတ်ခြင်းဟုခေါ်ပါသည်။ ထို့နောက် လ၏ ပထမ လေးပုံတစ်ပုံအား မြင်ရလျှင် လမျက်ခုံး၊ ထို့နောက် လ၏တစ်ဝက်၊ ပြီးမှသာလျှင် လပြည့်ကို မြင်တွေ့ရလေသည်။ လပြည့်ချိန်သည် နေနှင့် ဝေးကွာပြီး ကမ္ဘာ၏ ဆန့်ကျင်ဘက်အခြမ်း၌ လရှိမှသာလျှင် ဖြစ်ပွားသည်။ လသည် ၎င်း၏ပတ်ကြောင်းအတိုင်း ဆက်လက် ရွေ့လျားသွားရာမှ တတိယ လေးပုံတစ်ပုံကို မြင်တွေ့ရမည်ဖြစ်ပြီး နောက်ဆုံးတွင် လဆန်းသို့ ပြန်လည် ရောက်ရှိသွားမည်ဖြစ်သည်။ လ၏မျက်နှာပြင် သည် ကမ္ဘာမြေပြင်သက်သို့ လှည့်ပြီး တစ်နေရာထဲတွင်သာ တည်ငြိမ်နေပြီး(မျက်နှာပြင်သည် တစ်နေရာတွင်သာအမြဲရှိ) အခြား ဘက်ခြမ်းကိုမူကား ကျွန်ုပ်တို့ မည်သို့မျှ မမြင်ရချေ။ ထို့ကြောင့် နေ၏ အလင်းရောင်သည် ထိုအခြမ်းပေါ်သို့ကျရောက်သော်လည်း လ၏ မဲမှောင်သော အခြမ်းဟုသာလျှင် ခေါ်ကြသည်။ လူတို့သည် အချိန်တိုင်းတာရန်အတွက် လအား အသုံးပြုခဲ့ကြပြီး နေ့ရက်များ အစားထိုးကာ လပြောင်းလဲမှုဖြစ်စဉ် စက်ဝန်းနှင့် ညီမျှမှုရှိစေရန်အသုံးပြုခဲ့ကြသည်။ လူတို့သည် လအား မြင်တွေ့ပြီးနောက် စွဲလမ်းနှစ်ခြိုက်ကြသည်။ လူအချို့သည် လပေါ်တွင် မတ်တပ်ရပ်ပြီး ကမ္ဘာကြီးအား ကြည့်ရှုရန်အတွက်ထိပင် အိပ်မက်မက်၊ စိတ်ကူးယဉ်ကြသေးသည်။

လဆန်းလကွယ်နှင့် ကိုယ်တိုင်စမ်းသပ်ခြင်း
[ပြင်ဆင်ရန်]ရှေးက လ၌ နေကဲ့သို့ ကိုယ်ပိုင်အလင်းရောင်ရှိသည်ဟု လူတို့ ထင်မှတ်ခဲ့ကြသည်။ နက္ခတ်ပညာ ထွန်းကားလာသောအခါမှ လသည် နေမှအလင်းရောင် ရရှိ၍သာ လင်းရကြောင်းကို သိလာကြသည်။ နေမှ လပေါ်သို့ အလင်းရောင် အစဉ်အမြဲ ထိုးလျက်နေခြင်းကြောင့်ပင် ဖြစ်သည်။ လသည် ကမ္ဘာကို အနောက်မှ အရှေ့သို့ လှည့်ပတ်ရာတွင် ၂၇ ၁/၃ ရက်ခန့်ဖြင့် တစ်ပတ်ပတ်မိ၏။ သို့ရာတွင် ကမ္ဘာကိုယ်တိုင်က အနောက်မှ အရှေ့သို့ လည်နေသည့်အတွက် ကမ္ဘာမှ အမြင်အားဖြင့် ကမ္ဘာကို တပတ်ပတ်မိအောင် ရက် ပေါင်း ၂၉ ၁/၂ ရက်မျှ ကြာသွားလေသည်။ ထိုအချိန်အတွင်း၌ လသည် မိမိ၏ ဝင်ရိုးပေါ်တွင် လည်ပတ်နေသဖြင့် ကျွန်ုပ်တို့သည် မြင်နေကျဖြစ်သော လ၏ မျက်နှာကိုသာ အမြဲမြင်တွေ့နေကြရလေသည် လ၌ ဝိုင်းစက်သော ပုံသဏ္ဌာန်ရှိ၏။ သို့သော် ကျွန်ုပ်တို့သည် လပြည့်နေ့၌သာလျှင် လ၏ ဝိုင်းစက်နေသော လဝန်းပြည့် ပုံသဏ္ဌာန်ကို မြင်ရ၍ လဆန်း လဆုတ်ရက်များတွင် လ၏ တစ်စိတ်တစ်ဒေသဖြစ်သော လခြမ်းပုံများကိုသာ မြင်ရသည်။ အဘယ်ကြောင့် ထိုသို့ မြင်ရသည်ကို အောက်ပါလက်တွေ့စမ်းသပ်မှုဖြင့် စမ်းသပ်ဆင်ခြင်ကြည့်ပါ။
အခန်းတစ်ခန်းတွင် ပတ်လည် လှည့်နိုင်သော ဆုံလည်ကုလားထိုင် တစ်လုံးကို ထားပါ။ မှန်အိမ်၊ သို့မဟုတ် လျှပ်စစ်ဓာတ်မီးလုံးတစ်ခုကို အခန်း၏ တစ်နေရာတွင် ချိတ်ဆွဲထားပါ။ သင်သည် ရှေးဦးစွာ ကုလားထိုင်ပေါ်တွင် မီးလုံးကို ကျောပေးထိုင်၍ လက်တစ်ဖက်ကို ရှေ့တည့်တည့်သို့ ဆန့်တန်းထား ပြီးလျှင် ထိုလက်တွင် ဘောလုံးအဖြူတစ်လုံးကို ကိုင်ထားပါ။ မီးကို နေအဖြစ်၎င်း၊ဦးခေါင်းကို ကမ္ဘာလုံးအဖြစ်၎င်း၊ ဘောလုံးကို လအဖြစ်၎င်း သဘောထားပါ။ ကုလားထိုင်ကို မလှည့်မီ မီးလုံးသည် သင်၏ကျောဘက်တွင် ရှိပါစေ။ ဘောလုံးပေါ်သို့ ဦးခေါင်း၏ အရိပ် မထိုးရအောင် ဘောလုံးကို ခပ်မြှောက်မြှောက်ကိုင်ထားပါ။ မီးလုံးမှ အလင်းရောင်သည် ထိုအချိန်၌ ဘောလုံးပေါ်သို့ တိုက်ရိုက်ကျနေသဖြင့် သင့်ဘက်ကို လှည့်နေသော ဘောလုံး၏မျက်နှာသည်အပြည့်လင်းနေလိမ့်မည်။ ထိုသို့ အပြည့်လင်းနေသောဘောလုံးမျက်နှာ၏ ပုံသဏ္ဌာန်သည် လပြည့်ဝန်းပုံသဏ္ဌာန်ပင် ဖြစ်၏။ ထိုနောက် ကုလားထိုင်ကို လှည့်ပေးသောအခါ ဘောလုံးပေါ်၌ အရိပ်ကျ နေသော အမှောင်ပိုင်းသည် အလင်းပိုင်းထက် တဖြည်းဖြည်း ပို၍များလာလိမ့်မည်။ ကုလားထိုင်ကို လေးပုံတစ်ပုံ လှည့်ပေးမိသောအခါ ဘောလုံး၏မျက်နှာပြင်၌ တစ်ခြမ်းလင်း၍ တစ်ခြမ်း မှာ မှောင်နေသည်ကို တွေ့ရလိမ့်မည်။ ထိုသို့လင်းသော ဘောလုံးမျက်နှာတစ်ခြမ်း၏ ပုံသဏ္ဌာန်သည် လဆုတ် ၇ ရက် ၈ ရက်၌ ရှိသော လခြမ်း၏ ပုံသဏ္ဌာန်မျိုးပင် ဖြစ်သည်။ ထို့နောက် ကုလားထိုင်ကို လေးပုံ တစ်ပုံ ထပ်မံလှည့် ပေးလိုက်၍ သင် သည် မီးလုံးနှင့် မျက်နှာချင်းဆိုင် ဖြစ်နေသောအခါ ဘောလုံးပေါ်မှာရှိသော လင်းနေသောအပိုင်းသည် လုံးဝ ပျောက်ကွယ်သွားပြီး မှောင်ရိပ်ကျနေသော အပိုင်းကိုသာ မြင်ရလိမ့်မည်။ ထိုအနေအထားမျိုးကို လကွယ်သည်ဟု ဆိုကြသည်။ ထို့နောက် ကုလားထိုင်ကို လေးပုံတစ်ပုံ လှည့်ပေးလိုက်ပြန်သောအခါ ဘောလုံး၏ မျက်နှာတခြမ်း ပြန်လင်းလာ၍ တခြမ်းမှာ မှောင်နေလိမ့်မည်။ ထိုသို့ လင်းသောဘောလုံး မျက်နှာတစ်ခြမ်း၏ ပုံသဏ္ဌာန်သည် လဆန်း ၇ ရက် ၈ ရက်၌ ဖြစ်သော လ၏ ပုံသဏ္ဌာန်မျိုးပင် ဖြစ်ပေသည်။ ထိုနောက် ကုလားထိုင်ကို မူလနေရာရောက်အောင် တစ်ပတ်အပြည့် လှည့်ပေးလိုက်သောအခါ ဘောလုံး၌ မျက်နှာပြင်အပြည့် ပြန်လည်လင်းလာပုံကို သင်တွေ့ရလိမ့်မည်။ လသည် ပြည့်ရာမှ ဆုတ်၊ ဆုတ်ရာမှ ကွယ်၊ ကွယ်ရာမှ ဆန်း၍ ဆန်းရာမှ ပြန်ပြည့်ပုံတို့မှာ ဤအတိုင်းပင် ဖြစ်လေသည်။
အရွယ်အစားနှင့် ဆွဲအား
[ပြင်ဆင်ရန်]အရွယ်အစားတွင် သေးငယ်သောကြောင့် လ၏အနည်းဆုံး ဆွဲအားသည် ကမ္ဘာဆွဲအားထက် ၆ ဆ လျော့နည်းသည်။ ထိုကြောင့် အကယ်၍ သင်၏ အလေးချိန်သည် ကမ္ဘာပေါ်တွင် ပေါင် ၆၀ ရှိပါက လကမ္ဘာပေါ်တွင် ၁၀ပေါင်မျှသာ လေးလံတော့မည်ဖြစ်သည်။ လ၏ ဒြပ်ဆွဲအားသည် ကမ္ဘာမြေထက် ပေါ့သည်မှန်သော်လည်း ထိုဆွဲအားသည် ထိုနေရာတွင်ပင် တည်ရှိနေနိုင်သည်။ အကယ်၍ ကမ္ဘာမြေပေါ်တွင် သင်သည် ဘောလုံးတစ်လုံးကို လေထဲတွင် ပစ်မြှောက်လိုက်မည်ဆိုပါက ထိုဘောလုံးသည် သင်ထံသို့ ပြန်လည်ရောက်ရှိလာမည် ဖြစ်သည်။ မည်သို့ပင်ဆိုစေ၊ လကမ္ဘာပေါ်တွင် ထိုဘောလုံးအား ပစ်မြှောက်လိုက်မည်ဆိုပါက ဘောလုံးသည် သင့်ထံသို့ ပြန်လာမည်ဖြစ်သော်လည်း အလွန် နှေးကွေးစွာပင် ကျလာမည်ဖြစ်သည်။ သင်သည် ကမ္ဘာပေါ်၌ အစွမ်းကုန် ခုန်နိုင်သလောက် ခုန်ပါက မြေပြင်သို့ပင် ပြန်လည်ကျရောက်မည်ဖြစ်သည်။ လပေါ်တွင်မူကား သင်သည် လေထဲတွင်ခုန်၍ သင့်၏ အလုပ်များကို ပြုလုပ်နိုင်သေးသည်။ အဘယ်ကြောင့်ဆိုသော် လ၏ ဆွဲအားသည် ကမ္ဘာ့ဆွဲအားလောက် ပြင်းထန်ခြင်း မရှိသောကြောင့် ဖြစ်သည်။
ယခင်ဆိုထားသည့်အတိုင်း လပေါ်တွင် လေမရှိ၊ ရေမရှိချေ။ ထို့ကြောင့် ခြေရာသည်လည်း သဘာဝအားဖြင့် ပျောက်ပျက်ရန် မလွယ်ကူချေ။ လပေါ်၌ လေထုမရှိသောကြောင့် သင်သည် အေးခြင်း၊ ပူခြင်းကိုလည်း ကာကွယ်နိုင်မည်မဟုတ်ချေ။ ထို့ကြောင့် အာကာသယာဉ်မှူးများသည် မိမိတို့အသက်အန္တရာယ်ကာကွယ်ရန်အတွက် အလွန်လေးလံသော အာကာသဝတ်စုံနှင့် အသက်ရှူရန်အတွက် အောက်ဆီဂျင်ဘူးများကိုသယ်ဆောင်သွားကြရလေသည်။ လကမ္ဘာသည် မြေကမ္ဘာကဲ့သို့ ဆွဲအား ပြင်းထန်မှု မရှိခြင်းကြောင့် ထိုဝတ်စုံများသည်လည်း မြေကမ္ဘာပေါ်တွင်ကဲ့သို့ လေးလံခြင်း မရှိတော့ချေ။

သွင်ပြင်လက္ခဏာများ
[ပြင်ဆင်ရန်]လပေါ်တွင် မြစ်ချောင်းများနှင့် သဏ္ဌာန်တူသော အစင်းကြောင်းများကိုလည်း တွေ့ရသည်။ အကယ်၍ ထိုအစင်းကြောင်းများသည် မြစ်များ ဖြစ်လျှင် ရေမရှိသော မြစ်များသာ ဖြစ်ကြပေမည်။ လွန်ခဲ့သောနှစ်သန်းပေါင်းများစွာက မီးတောင်များလှုပ်ခတ်၍ ချော်ရည်မြစ်များဖြစ်ပြီး ယခုအခါတွင် မြစ်ရိုးများသာလျှင် ကျန်နေခြင်း ဖြစ်သည်ဟု နက္ခတ်ဆရာတို့ ယူဆကြလေသည်။ ဤကဲ့သို့ ရှေးအခါက စ၍ နက္ခတ်ဆရာများသည် လ၏ အကြောင်းကို မှန်ဘီလူး၊ မှန်ပြောင်း စသည်တို့ မပါဘဲနှင့်လည်းကောင်း၊ မှန်ဘီလူး၊ မှန်ပြောင်း စသည်တို့၏အကူအညီဖြင့်လည်းကောင်း၊ ဓာတ်ပုံများ ရိုက်ကူး၍လည်းကောင်း လေ့လာခဲ့၏။ လ၏မျက်နှာပြင်အကြောင်းကိုလည်း အတော်အတန် သိရှိလာခဲ့ကြ၏။ လမျက်နှာပြင်မှ နေရာ အများအပြားကိုလည်း အမည်အမျိုးမျိုး ပေးခဲ့၏။ ထို့နောက် ၂၀ ရာစုနှစ် ဒုတိယပိုင်းအစလောက်မှ စ၍ လမျက်နှာပြင် စူးစမ်းရေး အာကာသယာဉ်များ တင်လွှတ်၍ စုံစမ်းလေ့လာခဲ့ကြ၏။
လ၌ အရောင်ဖြူနေရခြင်းမှာ နေမှအလင်းရောင်ကြောင့်ဖြစ်၏။ အကယ်၍ နေမှအလင်းကို မရရှိပါက လသည် မည်းမှောင်၍ နေလိမ့်မည်။ လသည် တစ်လကြာမှ တစ်ပတ်လည်သဖြင့် လပေါ်က တစ်ရက်သည် ကမ္ဘာပေါ်က တစ်လနှင့်ညီမျှသည်။ သို့အတွက် လပေါ်က တစ်နေ့တာအချိန်သည် ရက်သတ္တပတ် နှစ်ပတ်ခန့် ကြာ၍ တစ်ညဉ့်တာအချိန်သည်လည်း ရက်သတ္တနှစ်ပတ်ခန့်ပင် ကြာသည်။ လပေါ်တွင် ညဉ့်အချိန် ကျရောက်သောအခါ နေမှ အပူနှင့် အလင်းတို့ကို မရရှိသဖြင့် လသည် မည်းမှောင်၍ အလွန်အေးလျက် ရှိမည်။ သုည ဒီဂရီ အောက် ဒီဂရီ ၂ဝဝ၊ သို့မဟုတ် ဒီဂရီ ၄ဝဝ ရောက်အောင်ပင် အေးပေမည်။ နေ့အချိန် ကျရောက် သောအခါတွင်မူ ရေဆူလောက်အောင်ပင် ပူလိမ့်မည်ဟု ခန့်မှန်းရလေသည်။ လပေါ်တွင် ရေ၊ လေနှင့် သက်ရှိအရာများ မရှိကြချေ။ အသံလည်း မဖြစ်ပေါ်နိုင်ပေ။ အကယ်၍ ကမ္ဘာမှ လွှတ်လိုက်သော ဒုံးပျံသည် အရှိန်ပြင်းစွာဖြင့် ကျရောက်ထိမှန်သည့် တိုင်အောင် ထိုထိမှန်သည့် အသံကြီးသည် ပေါ်ပေါက်မည် မဟုတ်ပေ။ အကြောင်းမှာ လ၏ပတ်လည်တွင် လေထုမရှိဘဲ လေဟာနယ် ဖြစ်နေသောကြောင့် ဖြစ်၏။
ကောင်းကင်ပြင်ကြီးအား ကမ္ဘာမှကြည့်လျှင် အပြာရောင်ကိုသာမြင်ရပြီး ထိုအခြင်းအရာမှာ နေမှလာသော ခရမ်းလွန်ရောင်ခြည်များသည် ဓာတ်ငွေ့များဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသော လေထုအား ဖြတ်သန်းရသောကြောင့် ဖြစ်သည်။ ထိုလေထုသည် ကောင်းကင်မှ အပြာရောင်အလင်းများ လာသကဲ့သို့ ဖြစ်အောင် ပြုလုပ်ထားသည်။ သို့သော် လကမ္ဘာပေါ်တွင် လေထုမရှိသောကြောင့် ကောင်းကင်သည် နေ့ဘက်တွင်ပင် အမည်းရောင် ဖြစ်နေသည်။ ထိုသို့ လေထု၏ ကာကွယ်ထားမှု မရှိခြင်းကြောင့် အာကာသအပြင်မှ လာသော ကျောက်စိုင်၊ ကျောက်တုံးများသည် လကမ္ဘာပေါ်သို့ တိုက်ရိုက် ကျရောက်ကာ မီးလောင်ပေါက်ကွဲမှုများ ဖြစ်ပေါ်ကြပြီး ကြီးမားသော ကျင်းကြီးများကို ဖြစ်ပေါ်စေသည်။ လကမ္ဘာပေါ်တွင် ထိုကျောက်တုံးများ၏ တိုက်ခတ်မှုကြောင့် ဖြစ်ပေါ်နေသော ကျင်းကြီးများ အမြောက်အမြား ရှိလေသည်။ ထိုတွင်းကြီးများသည် ဥက္ကာခဲများ လပေါ်သို့ ကျရောက်ရာမှ ဖြစ်ပေါ်သည်ဟု အချို့ နက္ခတ်ဆရာတို့က ဆိုသည်။ အချို့နက္ခတ်ဆရာများကလည်း ထိုတွင်းကြီးများသည် မီးတောင်သေများ၏ ထိပ်ဝများဟု ဆိုကြသည်။ အချို့တွင်းကြီးများ၏ ထိပ်ဝသည် မိုင် ၁ဝဝ ခန့်ပင် ကျယ်၍ မိုင် ၅ဝ ခန့် နက်သည်ဟု ခန့်မှန်းကြလေသည်။
ရှာဖွေခြင်း၏ သမိုင်း
[ပြင်ဆင်ရန်]လူသားတို့ လကမ္ဘာပေါ်တွင် ခြေမချသေးမီ ကမ္ဘာ့အကြီးဆုံးနိုင်ငံနှစ်ခုဖြစ်သော အမေရိကန်ပြည်ထောင်စုနှင့် ရုရှားနိုင်ငံ (ထိုချိန်က ဆိုဗီယက်ရုရှားနိုင်ငံ USSR) တို့သည် စက်ရုပ်များစေလွှတ်ပြီး လအား လေ့လာခဲ့ကြသည်။ ထိုစက်ရုပ်များသည် လကမ္ဘာအား အနီးကပ်လေ့လာခဲ့ကြပြီး၊ လ ပတ်ပတ်လည် ပျံသန်းခဲ့ကြသည်။ ထို့ကြောင့်လည်း လူန ၂ ဟုခေါ်သော လကမ္ဘာလေ့လာရေးယဉ်သည် ထိုအပေါ်တွင်ပင် ပျက်ကျခဲ့လေသည်။ ထိုစက်ရုပ်များသည် လူသားတို့ပြုလုပ်ထားသည့် ပထမဆုံးသော လပေါ်ခြေချခဲ့သည့် ယာဉ်များပင်ဖြစ်သည်။
ဤသို့ လမျက်နှာပြင် စူးစမ်းရေး အာကာသယာဉ်များ တင်လွှတ်ရေးကိစ္စတွင် ဆိုဗီယက်ယူနီယံနှင့် အမေရိကန်ပြည်ထောင်စုနိုင်ငံတို့သည် ငွေအမြောက်အမြား အကုန် အကျခံကာ ဆောင်ရွက်လျက်ရှိရာ ကမ္ဘာမြေမှ မမြင်ရသည့် လ၏အစိတ်အပိုင်းများကို ဓာတ်ပုံများ ရိုက်ကူး ယူနိုင်ခဲ့သည်။ လမျက်နှာပြင်အကြောင်း ပိုမိုသိရှိလာပြန်သည်။ ၁၉၅၉ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့တွင် ရုရှားတို့ သည် လဆီသို့ အရောက် ပစ်လွှတ်လိုက်သော ဒုံးပျံအထက်ပိုင်း (လမျက်နှာပြင် လေ့လာရေးယာဉ်)သည် ကြံရွယ်ထားသည့် ပစ်ကွင်းနှင့် မိုင် ၁၆ဝ အကွာ (မာရီစီရီနီတာတစ်ဒေသ)တွင် လနှင့် ထိတွေ့ခဲ့သည်။ ၁၉၆၄ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့တွင် အမေရိကန်တို့ ပစ်လွှတ်လိုက်သော အက်တလတ် အေဂျီနာဒုံးပျံက တင်ဆောင်သွားသည့် ရိမ်းဂျား ၇ အာကာသ ယာဉ်သည် (ဂအာရစ်ကီချိုင့်ဝှမ်းအနီးတွင်) လမျက်နှာပြင်နှင့် ထိတွေ့ခဲ့သည်။ ပါသွားသည့် ကင်မရာများက ဓာတ်ပုံရိုက်ကူး နိုင်ခဲ့၍ အလုံးစုံ အောင်မြင်သည်။ လမျက်နှာပြင်အကြောင်းလည်း ယခင်ကထက် ပိုမိုသိရှိလာခဲ့ရပြန်လေသည်။
ထို့နောက် လူသားတို့သည် လကမ္ဘာပေါ်သို့ ဆင်းသက်ရန်ကြိုးစားခဲ့ကြပြီး ဇူလိုင်လ ၂၁ ရက်နေ့၊ အောက်တိုဘာလ၊ ၁၉၆၉ခုနှစ်တွင် ခြေချနိုင်ခဲ့သည်။ အမေရိကန်လူမျိုး အာကာသယာဉ်မှူးများဖြစ်သည့် နီးလ်အမ်းစထောင်းရ်၊ ဘက်ဇ် အယ်ဒရင်းတို့သည် လ၏မျက်နှာပြင်ပေါ်သို့ ၎င်းတို့၏ သိန်းငှက်အမည်ရှိ လဆင်းယာဉ်ဖြင့် ဆင်းသက်ခဲ့ကြသည်။ ထို့နောက် ကမ္ဘာပေါ်ရှိ ထက်ဝက်ခန့်သော လူတို့သည် ၎င်းအား ရုပ်မြင်သံကြားမှတဆင့် ကြည့်ရှုနေခဲ့ကြသည်။ အမ်းစထရောင်းသည် သိန်းငှက်အမည်ရှိ လဆင်းယာဉ်၏ လှေကားမှတဆင့် အောက်သို့ဆင်းလာပြီး လ၏ မြေမျက်နှာပြင်နှင့် ပထမဆုံး ထိတွေ့ခဲ့လေသည်။ ထို့နောက် သူက “ ဒီဟာက လူတစ်ဦးတွက် သေးငယ်တဲ့ အဆင့်ဖြစ်ပြီး လူသားမျိုးနွယ်စုအတွက် ကြီးမားတဲ့ ခုန်ပေါက်မှုတစ်ခုပါ” ဟုပြောလေသည်။ များမကြာမီ ဘက်ဇ်အယ်ဒရင်း သည်လည်း လိုက်ဆင်းလာခဲ့သည်။ ထို့နောက် သူတို့နှစ်ဦးသည် အမေရိကန်ပြည်ထောင်စုအလံအား ၎င်းတို့ယဉ်ဆင်းသက်သည့် နေရာနှင့် မနီးမဝေးတွင် စိုက်ထူရန်ကြိုးပမ်းကြသည်။ သူတို့နှစ်ဦး၏ ခြေရာများသည် လပေါ်တွင် ထင်ကျန်ရစ်ခဲ့ပြီး အလွန်ကြာညောင်းသော်လည်း ထိုနေရာတွင်ပင် ရှိနေလေသည်။ အကယ်၍ သင်သည် ကမ္ဘာမြေပေါ်တွင် သင်၏ခြေရာအား ချန်ခဲ့မည်ဆိုပါက ထိုခြေရာသည် လေ၊ ရေ၊နှင့် မိုးတို့ကြောင့် ပျက်စီးသွားမည် ဖြစ်သည်။ သို့သော် လတွင်မူကား လေမရှိ၊ ရေမရှိ၊ နှင့် ဖြစ်လေသည်။ ထို့ကြောင့် ၎င်းတို့၏ ခြေရာများသည် ပျောက်ကွယ်သွားခြင်း၊ ပျက်စီးသွားခြင်းမရှိခဲ့ချေ။ လူအချို့က သူတို့သည် လကမ္ဘာပေါ်သို့ အမှန်တကယ် မရောက်ခဲ့ချေဟု ပြောဆိုကြသည်။ ထို့နောက် လပေါ်ရှိ လူတို့ ဓာတ်ပုံများမှာလည်း အတုများသာလျှင်ဖြစ်ပြီး လပေါ်မှ ယူဆောင်လာသော ကျောက်တုံးကျောက်ခဲများမှလည်း အတုအယောင်များသာလျှင် ဖြစ်သည်ဟု ပြောဆိုကြသည်။ သို့သော် ထိုသို့ပြောဆိုသူများ မှားနေသည်ဟု သက်သေပြရန်အတွက်ကား အလွန်ပင် ရှုပ်ထွေးလှသော အငြင်းအခုံများပင် ဖြစ်ပေလိမ့်မည်။
၁၉၆၉ ခုနှစ်နှင့် ၁၉၇၂ ခုနှစ်အကြား အာကာသယာဉ်တစ်ခုဖြစ်သော အပိုလို ၁၇ သည် လကမ္ဘာပေါ်သို့ နောက်ဆုံးလည်ပတ်ခဲ့သည်။ အပိုလိုအစီအစဉ်ဖြင့် လူပေါင်း ၁၂ယောက်သည် လပေါ်သို့ ခြေချနိုင်ခဲ့သည်။ ဦးဂျန်းနီ ဆာမန်းသည် အပိုလို ၁၇ တွင် ပါဝင်သော သူတစ်ဦးဖြစ်ပြီး သူသည် လကမ္ဘာပေါ်သို့ နောက်ဆုံးဆင်းသက်ခဲ့သော လူသားပင်ဖြစ်လေသည်။
၂၀၂၆ခုနှစ် ဧပြီလ ၁ရက်နေ့၌ လွှတ်တင်ခဲ့သော အာတေမစ် ၂ အာကာသယာဉ်သည် လကိုဖြတ်သန်းပျံသန်းပြီး ဧပြီ ၁၁၌ ကမ္ဘာသို့ပြန်လည်ဆင်းသက်သည်။ ၎င်းအစီအစဉ်အရ ယာဉ်ပေါ်တွင်လိုက်ပါသွားခဲ့သော အာကာသယာဉ်မှူး Reid Wiseman, Victor Glover, Christina Koch, Jeremy Hansen တို့သည် လကို နောက်ဆုံးရောက်ရှိခဲ့သော လူသားများဖြစ်သည်။
လပေါ်ရှိရေ
[ပြင်ဆင်ရန်]၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့က အမေရိကန်ပြည်ထောင်စု အာကာသစူးစမ်းလေ့လာရေးအဖွဲ့(NASA)နာဆာက လကမ္ဘာပေါ်တွင် ရေအမြောက်အမြား တွေ့ရှိရသည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့လေသည်။[၁၂]
မြန်မာအယူအဆနှင့် အခေါ်အဝေါ်
[ပြင်ဆင်ရန်]မြန်မာကျမ်းဂန်များတွင် လနှင့် စပ်လျဉ်း၍ ဤသို့ ဖော်ပြ ပါရှိ၏။ ကမ္ဘာဦးအခါ၌ ဗြဟ္မာပြည်မှ ဗြဟ္မာတို့သည် အသက်ကုန်သဖြင့်လည်းကောင်း၊ကံကုန်သဖြင့်လည်းကောင်း စုတေ၍ လူ့ပြည်သို့ ဥပပါတ် ကိုယ်ထင် ဖြစ်လာကုန်၏။ ထိုသူတို့သည် ကိုယ်ရောင်ဖြင့်သာ ထွန်းပကုန်လျက် ဗြဟ္မာ့ပြည်မှာကဲ့သို့ ပီတိသာလျှင် အာဟာရ ကိစ္စကို ပြီးစေကုန်လျက် ကောင်းကင်၌ ငှက်ကဲ့သို့ ပျံဝဲ၍မွေ့လျော်ကုန်၏။ ယောက်ျား မိန်းမ ဟူ၍ အသွင် မရှိကုန်။ သတ္တဝါဟူ၍သာ ခေါ်ဝေါ်ကုန်၏။ ထိုသတ္တဝါတို့သည် ရသ ပထဝီကို စားအံ့သောငှာ အားထုတ်ကုန်သည် ရှိသော် မိမိတို့ကိုယ်ရောင်သည် ကွယ်ခဲ့၍ အမိုက်အတိ ဖြစ်ရကား ကြောက်ခြင်း ပြင်းစွာ ဖြစ်ကုန်၏။
ထိုသူတို့၏ ဘုန်းကြောင့်၎င်း၊ ဖြစ်မြဲသော ဓမ္မာတာအားဖြင့်၎င်း ဘာနုရာဇာမည်သော ရောင်ခြည်တစ်ထောင် ဆောင်သော နေမင်းသည် တပေါင်းလပြည့် တနင်္ဂနွေနေ့ ပုဗ္ဗဝိဒေဟကျွန်း၏ အလယ်၌ ဥဒည် ထောင်ထိပ်မှ ထွက်လာ၍ အလင်းကို ဖြစ်စေ၏။ ကမ္ဘာဦးသူတို့သည် ကြောက်ခြင်းမှ ကင်းကုန်၍ ရဲရင့်ခြင်း ဖြစ်ကုန်သောကြောင့် 'သူရိယ'ဟူသောအမည်ကို ခေါ်ဝေါ်ကုန်၏။ ထိုသို့ ပေါ်လာသော နေမင်းသည် နာရီ ၃ဝ လှည့်၍ ယုဂန္ဓိုရ်တောင် ကွယ်သည်ရှိသော် အတွင်းကား ပတ္တမြား၊အပကား ငွေအတိပြီသော အချင်း ၄၉ ယူဇနာရှိသော ငြိမ်းသောအရောင်ကိုဆောင်သော လမင်းသည် ၂၇ လုံးသော နက္ခတ်မှစ၍ တာရာကြယ်အပေါင်း ခြံရံလျက် ကန်ရာသီ ၁၃ လုံး ဖြစ်သော ဟဿတနက္ခတ်ကို စီးလျက် အရှေ့မျက်နှာမှ ထွက်လာသည်ရှိသော် ကမ္ဘာဦးသူတို့သည် ဝမ်းမြောက်ဝမ်းသာ ရွှင်မြူးစွာ ဖြစ်ကုန်လျက် ငါတို့အလိုဆန္ဒ အတိုင်း ရပေမည်ဟူ၍ 'စန္ဒ'ဟူသော အမည်ဖြင့် ခေါ်ဝေါ်ကုန်၏။ မြန်မာဘာသာ လခေါ်သည်မှာ အမရကောသ အဘိဓာန်ကျမ်းလာ ဂေါ်လဟူသော မူလဘာသာတွင် ဂေါ်သဒ္ဒါကျေ၍ လ အက္ခရာတစ်လုံးကို မြန်မာဘာသာမှာ 'လမင်း'ဟု ခေါ်ဝေါ် ထင်ရှားရေးသားကြသည်ဟု ယူရန်ရှိ၏။ တစ်ကြောင်းမှာလည်း လလိတသဒ္ဒါ၊ လလသဒ္ဒါနှစ်ပါးသည် တင့်တယ်ခြင်း စံပယ်ခြင်း အနက်ကို ဟော၏။ လဗိမာန်မှာ နက္ခတ်ကြယ်အပေါင်းတို့ဖြင့် ခြံရံသည် ဖြစ်၍ တင့်တယ်ထွန်းလင်းသော အရောင်အဝါ ရှိသည်ကို အစွဲပြု၍ လလိတသဒ္ဒါ၊ လလသဒ္ဒါများတွင် လအက္ခရာတစ်လုံးကို မြန်မာဘာသာမှာ 'လ'ဟူ၍ ခေါ်ဝေါ် ထင်ရှားသည် ဆိုရန်ရှိ၏။ ထိုလမင်းကို တနင်္လာဂြိုဟ်ဟု ခေါ်ဝေါ်ရေးသားကြသည့် မြန်မာဘာသာ စကားမှာ ကမ္ဘာ့တန်းဆာ ရာဇမတ္တဏ်ကျမ်းလာ သသလနံ လက္ခဏံ ဟဿာတိ သသလနောဟု ပြုလုပ်ရာ၏။ ယဿ၊ အကြင် လမင်းအား။ သသလနံ၊ ယုန်ရေးတံဆိပ်ဟူသော။ လက္ခဏံ၊ အမှတ်သည်။ အတ္ထိ၊ ရှိ၏။ဣတိ၊ ထိုကြောင့်။ သသလနော၊ တနင်းလာဂြိုဟ်တည်း။ ကမ္ဘာ့တန်ဆာ ရာဇမတ္တဏ်၊ ယောဂယာတြာ နှစ်ကျမ်းတွင် တနင်္လာကား ယဝနတိုင်း ခိရောဒဓိ နို့ရည်သမုဒ္ဒရာမှ တနင်္လာ ဂြိုဟ်ဖြစ်ကြောင်းကို ဆိုသည်။[၁၃]
ကိုးကား
[ပြင်ဆင်ရန်]- 1 2 3 4 5 6 ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs named "W06". - 1 2 ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs named "Lang2011". - ↑ ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs named "Morais2002". - 1 2 3 4 5 6 7 8 9 10 ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs named "NSSDC". - ↑ "Topography of the Moon from the Clementine lidar" (1 January 1997). Journal of Geophysical Research 102 (E1): 1601. doi:. Bibcode: 1997JGR...102.1591S.
- ↑ ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs named "Williams1996". - ↑ ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs named "Saari". - ↑ ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs named "Vasavada1999". - ↑ ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs named "L06". - ↑ How far away is the moon? :: NASA Space Place။ 6 October 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ Scott, Elaine. Our Moon: New Discoveries About Earth's Closest Companion. Houghton Mifflin Harcourt (2016) ISBN 9780544750586. page 7.
- ↑ Moon - Simple English Wikipedia, the free encyclopedia
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)
- ↑ ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs named "inclination". - ↑ ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs named "near-Earth asteroids". - ↑ ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs named "maxval". - ↑ ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs named "angular size". - ↑ ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs named "pressure explanation".
မှတ်စုများ
[ပြင်ဆင်ရန်]စစ်ဆေးခြင်း
[ပြင်ဆင်ရန်]- "The constitution and structure of the lunar interior" (2006). Reviews in Mineralogy and Geochemistry 60 (1): 221–364. doi:.
- "Lunar moments, tides, orientation, and coordinate frames" (1996). Planetary and Space Science 44 (10): 1077–1080. doi:. ISSN 00320633. Bibcode: 1996P&SS...44.1077W.
- Lang, Kenneth R. (2011), The Cambridge Guide to the Solar System, 2nd ed., Cambridge University Press.
- Williams၊ Dr. David R. (2 February 2006)။ Moon Fact Sheet။ NASA (National Space Science Data Center)။ 23 March 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 31 December 2008 တွင် ပြန်စစ်ပြီး။
- "Celestial body irradiance determination from an underfilled satellite radiometer: application to albedo and thermal emission measurements of the Moon using CERES" (2008). Applied Optics 47 (27): 4981–93. doi:. PMID 18806861. Bibcode: 2008ApOpt..47.4981M.
- A.R. Vasavada, D.A. Paige, and S.E. Wood (1999). "Near-Surface Temperatures on Mercury and the Moon and the Stability of Polar Ice Deposits". Icarus 141 (2): 179–193. doi:. Bibcode: 1999Icar..141..179V.
- "Understanding the lunar surface and space-Moon interactions" (2006). Reviews in Mineralogy and Geochemistry 60 (1): 83–219. doi:.
- Morais, M.H.M. (2002). "The Population of Near-Earth Asteroids in Coorbital Motion with the Earth". Icarus 160 (1): 1–9. doi:. Bibcode: 2002Icar..160....1M.
<ref> tag with name "W06" defined in <references> is not used in prior text.ကိုးကား အမှား - <ref> tag with name "Williams1996" defined in <references> is not used in prior text.ကိုးကား အမှား - <ref> tag with name "Lang2011" defined in <references> is not used in prior text.ကိုးကား အမှား - <ref> tag with name "NSSDC" defined in <references> is not used in prior text.ကိုးကား အမှား - <ref> tag with name "Saari" defined in <references> is not used in prior text.ကိုးကား အမှား - <ref> tag with name "Vasavada1999" defined in <references> is not used in prior text.ကိုးကား အမှား - <ref> tag with name "L06" defined in <references> is not used in prior text.ကိုးကား အမှား - <ref> tag with name "Morais2002" defined in <references> is not used in prior text.
