ဂြိုဟ်ငယ်

ဝီကီပီးဒီးယား မှ
ဂြိုဟ်ပု နှင့် မရောထွေးပါနှင့်။
Euler diagram showing the types of bodies in the Solar System

ဂြိုဟ်ငယ် ဆိုသည်မှာ နေ (သို့မဟုတ် မည်သည့်ကြယ်ကိုမဆို) တိုက်ရိုက် လည်ပတ်နေသည့် နက္ခတ္တဆိုင်ရာ အရာဝတ္ထုတစ်ခုဖြစ်သည်။ ယင်းသည် ဂြိုဟ်စနစ်တစ်ခုတွင် ဂြိုဟ် သို့မဟုတ် ကြယ်တံခွန်များ မဖြစ်ရပေ။ ၂၀၀၆ ခုနှစ်မတိုင်ခင်က နိုင်ငံတကာ နက္ခတ္တဆိုင်ရာ အဖွဲ့အစည်းက ဂြိုဟ်ငယ်ဟု တရားဝင် သုံးစွဲခဲ့သော်လည်း ဂြိုဟ်တစ်ခု၏ သတ်မှတ်ချက်များ ထွက်ပေါ်လာပြီးနောက် ဂြိုဟ်ငယ်နှင့် ကြယ်တံခွန်များမှ ဂြိုဟ်ပုနှင့် သေးငယ်သော နေအဖွဲ့အစည်းကိုယ်ထည်များဟု ပြန်လည်သတ်မှတ်ခဲ့သည်။[၁]

ဂြိုဟ်ငယ်များသည် ဂြိုဟ်ပုများ၊ ဥက္ကာခဲများ၊ ကိုင်းပါး ခါးပတ် အရာဝတ္ထုများနှင့် အခြားသော ထရန်-နက်ပကျူနီယမ် အရာဝတ္ထုများ ဖြစ်နိုင်သည်။[၂] ပထမဆုံး တွေ့ရှိသော ဂြိုဟ်ငယ်မှာ စီးရီ ဖြစ်ပြီး ၁၈၀၁ ခုနှစ်တွင် ဖြစ်သည်။ ယင်းအရာဝတ္ထုများကို ဖော်ပြရန် ဂြိုဟ်ငယ်ဟူသော အခေါ်ဝေါ်အား ၁၉ ရာစုကတည်းက သုံးနှုန်းခဲ့သည်။[၃]


ကိုးကား[ပြင်ဆင်ရန်]

  1. Press release, IAU 2006 General Assembly: Result of the IAU Resolution votes, International Astronomical Union, August 24, 2006. Accessed May 5, 2008.
  2. Unusual Minor Planets။ Minor Planet Center။ 23 December 2011 တွင် ပြန်စစ်ပြီး။
  3. When did the asteroids become minor planets? Archived 12 June 2016 at the Wayback Machine., James L. Hilton, Astronomical Information Center, United States Naval Observatory. Accessed May 5, 2008.